Part8

2.8K 295 0
                                    

၁၉၁၁မွစၿပီးသူရိယသတင္းစာကိုစတင္ထုတ္ေဝခဲ့သည္၊ထိုသတင္းစာထဲမွာဝိုင္အမ္ဘီေအကိုေထာက္ခံသည့္ေဆာင္းပါးေတြသတင္းေတြေၾကာင့္လူသိမ်ားၾကသည္၊အမ်ိဳးသားစိတ္ဓာတ္ျပန္လည္နိုးႂကြေစတာေၾကာင့္လူတိုင္းနီးပါးဖတ္ၾကသည္၊
၁၉၁၈မွာငလ်င္ဒဏ္ေၾကာင့္ေ႐ႊေမာ္ေဓာဘုရားေစတီေတာ္ႀကီးၿပိဳက်ကာစိတ္ဖူးေတာ္ေျမခခဲ့ရသည္၊ဒုတိယဘုရင္ခံ ဆာရယ္ဂ်ီနယ္ကရက္ေဒါက္ကဘုရားရင္ျပင္ေပၚကိုဖိနပ္မခြၽတ္ပဲတတ္ေရာက္ၾကည့္ရူမႈေၾကာင့္ျမန္မာတစ္နိုင္ငံလံုးအုံႂကြကုန္သည္၊
ဗမာလူမ်ိဳးေတြအဖို႔ဘုရားဟာအထြဍ္အျမတ္ထားရာေနရာျဖစ္တာေၾကာင့္လူထုကမေက်နပ္ျဖစ္ၾကသည္၊
ဝိုင္အမ္ဘီေအဦးေဆာင္ၿပီးရန္ကုန္ရွိဂ်ဳဗလီေဟာမွာအစည္းအေဝးလုပ္သည္ကိုသူရိယသတင္းစာမွာေဖာ္ျပထားသည္၊
မင္းေနာင္တစ္ေယာက္သူရိယသတင္းစာဖတ္ၿပီးအားရသလိုၿပံဳးေနသည္၊
'ကိုကုိႀကီး၊ဘာေတြၿပံဳးေနတာတုန္း၊´
'ဒီမယ္ေလ၊ရန္ကုန္ၿမိဳ႕ရွိဂ်ဳဗလီေဟာအစည္းအေဝးက်င္းပၿပီးတြင္ဘုရားဝန္းအတြင္းဖိနပ္မစီးအဆိုတင္သြင္းခဲ့ရာေအာင္ျမင္တဲ့´
'ေၾသာ္အဲ့တာသေဘာက်တာလား၊´
'ဟုတ္တယ္၊ဒီလိုေအာင္ျမင္တာကအမ်ိဳးသားေရးစိတ္ဓာတ္ျပန္လည္နိုးၾကားေစတာပဲေလ၊လူထုဘယ္ေလာက္စည္းလံုးသလဲဆိုတာဒင္းတို႔သိသြားတာေပါ့´
'ကိုကုိႀကီးရယ္၊နိုင္ငံေရးထဲဝင္မပါပါနဲ႔´
'ဘာလဲကြာ၊မင္းကမယ္မယ္ႀကီးအတိုင္းပဲ´
'နိုင္ငံေရးကအမွားအယြင္းမခံဘူးေနာ္ကိုကိုႀကီး၊တခုခုသာမွားယြင္းသြားရင္ကြၽန္ေတာ္တို႔ေဝးသြားနိုင္တယ္´
ေဝးသြားမည္စိုး၍ဆိုေသာစကားသည္ျပႆနာတို႔ကိုစေစသည္၊
'ဒါကကံၾကမၼာပါ၊မင္းနဲ႔ငါကယူလို႔ရတာလဲမဟုတ္ပဲနဲ႔´
'ကိုကုိႀကီးစကားကဘာလဲ၊ကြဲသြားရင္ေတာင္ဝမ္းမနည္းဘူးဆိုတာလား´
'ထင္ခ်င္သလိုထင္၊ထိုက္တန္၊ငါတခုေျပာမယ္၊ပုဂၢိဳလ္ေရးအရေတာ့မင္းဟာငါခ်စ္ရတဲ့လူ၊ငါကိုပိုင္တဲ့လူ၊ဒါေပမယ့္နိုင္ငံေရးအရေတာ့မင္းဟာငါရန္သူ၊ငါတို႔ကိုဖိနိုပ္ေနတဲ့ၿဗိတိသ်ွလက္ေအာက္ခံ၊အရာရာကိုႏုလံုးသားနဲ႔ဆံုးျဖတ္ရေအာင္ဒါပံုျပင္မဟုတ္ဘူးကြ၊ေပ်ာ္႐ြင္စရာေကာင္းတဲ့ဇာတ္သိမ္းဆိုတာလည္းငါတို႔လို႔အခ်စ္မ်ိဳးမွာရွိမေနဘူး၊ခဏတာရူးမိုက္တာကိုတစ္သက္တာအျဖစ္ေျပာင္းလဲပစ္ဖို႔မစဥ္းစားနဲ႔၊တစ္ေန႔က်ရင္မင္းငါ့ကိုမုန္းကိုမုန္းရမွာပဲ´
မင္းေနာင္ဟာအဆိုးဆံုးအေျခအေနေတြကိုေတြးၿပီးထားပါ၊နိဒါန္းမွာနာက်င္သလိုနိဂံုးဟာလည္းရွတတဆိုတာကိုလက္ခံၿပီးသားသို႔ေသာ္ေပ်ာ္ေနတဲ့အခ်ိန္ေတြကိုလွလွပပသိမ္းယူသြားမွာပါ၊ခ်စ္တဲ့လူဆီကခ်စ္စကားေတြ၊ခ်စ္လက္ေဆာင္ေတြ၊အနမ္းေတြအၿပံဳးေတြမ်က္ရည္ေတြအရာအာလံုးကိုၿပံဳးျပကာသိမ္းထားမွာပါ၊ႏုလံုးသားရွိတဲ့လူႏုစ္ေယာက္ပဲခ်စ္ၾကတာေပါ့၊မ်ားမ်ားခ်စ္တဲ့လူဟာမ်ားမ်ားငိုရမယ္၊မ်ားမ်ားခံစားရမယ္၊မ်ားမ်ားၿမိဳသိပ္ရတယ္၊အႀကီးျဖစ္တဲ့ကိုယ္ကိုတိုင္ကေပ်ာ့ညံ့ျပေနလို႔မျဖစ္ေပ၊
သူေရွ႕မွာမငိုခ်င္၊အခန္းထဲက်မွႀကိတ္ငိုပစ္လိုက္သည္၊ေဘးနားမွာအိပ္ေနတဲ့ေခြးကေလးကိုပြတ္သပ္ရင္း
'ငါတို႔အခ်စ္ကိုကမွားယြင္းေနတာပါ၊ထိုက္တန္၊မွားယြင္းေနတာပါ´
ေျခေထာက္သက္သာေနၿပီမို႔၊႐ြာထဲေလ်ွာက္သြားရန္ျပင္ေနသည္၊ထိုက္တန္ကေတာ့မနိုးေသးေပ၊ဒီရက္ပိုင္းထိုက္တန္ကိုစကားမေျပာျဖစ္၊ေရွာင္ေနလိုက္သည္၊ညဘက္အိပ္ရေတာင္သူကိုမေစာင့္ေတာ့ေပ၊အရင္အိပ္ႏုင့္သည္၊တကယ္ေတာ့အိပ္ခ်င္ေယာင္ေဆာင္ေနတာပါ၊တကယ္တမ္းအိပ္မေပ်ာ္၊ေဘးမွာဝင္လွဲေတာ့မွအိပ္ေပ်ာ္သည္၊
မနက္ေတြဆိုလည္းသူမနိုးခင္ထမနက္စာစားကာဘုရားရွိခိုးကာဧည့္ခန္းထဲ၌ထိုင္ေနတတ္သည္၊သူကေတာ့သူအလုပ္ခန္းထဲမွာအလုပ္ရႈပ္ေနတတ္သည္၊ေအးစက္သြားတဲ့ဆက္ဆံေရးတခုဟာေကာင္းေသာအဆံုးသတ္ျဖစ္လိမ့္မည္ဟုမင္းေနာင္ထင္သည္၊ထို႔ေၾကာင့္ေဝးေဝး၌သာေနသည္၊
အိမ္မွာအလုပ္သမားထဲကအသက္အႀကီးဆံုးႀကီးႀကီးကဘုန္းႀကီးေက်ာင္းသြားမည္မို႔လိုက္သြားလိုက္သည္၊ဘုန္းႀကီးေက်ာင္းေရာက္ေတာ့ဆြမ္းကပ္ကာမနီးမေဝးကေစတီေလးမွာထိုင္ေနမိသည္၊ထိုအခ်ိန္ရွမ္းသံဝဲဝဲနဲ႔စကားေျပာသံၾကားလိုက္ရသည္၊ၾကည့္လိုက္ေတာ့ရွမ္းမေလးေတြပဲ
'႐ြာစြန္ထိပ္ကအိမ္နီႀကီးသိလား´
'သိပါေအ၊အဲ့အိမ္မွာလူပ်ိဳေလးႏုစ္ေယာက္ေနတယ္ဆို´
'ဟုတ္ပါေအ၊လူခြန္ေတာ္ေကာက္တုန္းက႐ြာထဲဝင္လာတဲ့တစ္ေယာက္ကေခ်ာပါေအ၊´
'အမယ္ေလးဘိလပ္ျပန္ေတြအထင္မႀကီးပါဘူး၊´
'ညည္းကအထင္ဘယ္ႀကီးပါမလဲ၊နန္းခမ္းရယ္၊ေဟာနန္းအႏြယ္ေတြကိုေအ´
'အလိုေတာ္၊ဘိလပ္ျပန္ၿပီကြၽန္ဇာတ္သြင္းတဲ့လူေတြရဲ႕လက္ေအာက္ခံကိုက်ဳပ္ကအထင္ကိုမႀကီးတာ´
စကားဝိုင္းစိတ္ဝင္စားလို႔မသိမသာသြားေခ်ာင္းလိုက္သည္၊ရွမ္းထဘီအက်ီ ၤနဲ႔ဘုရားရင္ျပင္ေတာ္ေပၚမွာတံျမတ္စီးလွဲကာကုသို႔လ္ယူေနၾကသည္၊
'နန္းခမ္းရယ္၊နင္လည္းမငယ္ေတာ့ဘူး၊ဘာလို႔နင့္အဖေပးစားတဲ့လူနဲ႔မယူရတာလဲ´
'အို...မယူခ်င္ပါဘူး၊နန္းခမ္းကတကယ္ေမတၱာသက္ဝင္မွယူမွာ´
'နင္ေမတၲာကဒီတစ္သက္ေကာအသက္ဝင္ပါ့မလားေအ´
'ၾကည့္လည္းလုပ္ပါဦးေတာ္၊ေတာ္ၾကာငွက္ေပ်ာတံုးဖက္ေသရမယ္ေအ့´
သူငယ္ခ်င္းမ်ားကေျပာေတာ့စိတ္ဆိုးသြားရွာသည္၊
'လူေလးမင္းေနာင္ဘာရပ္ၾကည့္ေနတာလဲ´
ႀကီးႀကီးေျပာလိုက္ေတာ့မွထိုမိန္းကေလးမ်ားကပါမင္းေနာင္ကိုလွည့္ၾကည့္ၾကသည္၊
'ဘာမွမဟုတ္ပါဘူး၊ႀကီးႀကီး´
'ေၾသာ္ဘယ္သူေတြလဲလို႔၊နန္းခမ္းတို႔ပါလား´
'ဟုတ္ႀကီးႀကီး၊ေနေကာင္းရဲ႕လား´
'ေကာင္းပါ့ကြယ္၊အဖေကာ´
'အဖယာထဲေရာက္ေနေလာက္ၿပီ၊ႀကီးႀကီး´
မင္းေနာင္တို႔ျပန္လာသည္၊အိမ္ေပၚကထိုက္တန္ကမၾကည္သလိုၾကည့္ေနသည္၊
ိကလ်ာထိုက္တစ္ေယာက္သြားျပန္ေလၿပီခင္ေမၾကည္တို႔အိမ္ကို
မရိုးနိုင္ေသာအရာလိုပင္ခင္တြယ္ေနသည္၊
ခ်စ္ပါသည္၊
အၾကည္ကိုခ်စ္သည္၊
အရပ္ထဲဘာေတြပဲေျပာေနၾကပါေစ၊
ကလ်ာဂရုမထားေပ၊
အၾကည္မ်က္ႏုာမျမင္ရရင္တစ္ေန႔မွစားမဝင္အိပ္မေပ်ာ္ေပ
'ေဟာ၊သမီးၾကည့္ရတာဒီအိမ္ကိုသေဘာက်ေနသလိုပဲ´
ကလ်ာထိုက္ေဒၚခင္ခင္ၾကည္ကိုရယ္ျပကာ
'အၾကည္ရွိလားအန္တီ´
'ရွိပါ့ရွင္၊ရွိပါ့၊ခင္ေမၾကည္!ေအာက္မွာကလ်ာေရာက္ေနတယ္ေဟး´
ေဒၚခင္ခင္ၾကည္သူမအခန္းထဲဝင္သြားသည္
လက္ထဲကစာအုပ္ကိုခ်ကာဆံပင္ကိုတပတ္လ်ိဳအျမန္ထံုးကာကလ်ာေပးထားေသာဆံညႇပ္ကိုပန္ကာအျမန္ေျပးဆင္းလာသည္၊
မေတြ႕ခ်င္ရွာပါဘူး၊မ်က္ႏုာေလးျမင္ေတာ့ၿပံဳးသတဲ့၊
အၿပံဳးကေလးနဲ႔လိုက္ပါေပတယ္၊
အၾကည္သာၿပံဳးေနဖို႔ပဲေကာင္းပါေပတယ္
တစ္ေန႔ကမလာပါနဲ႔တားခဲ့တဲ့သူေလးမွဟုတ္ပါရဲ႕လား၊
ဆင္းလာလိုက္တာငါးမိနစ္ေတာင္မၾကာ၊
ၿပံဳးရယ္ကာလက္ကိုအတင္းဆြဲကာၿခံထဲေခၚခ်သြားေလရဲ႕
'ဘာလို႔ခဏခဏလာေနရတာလဲ၊ကလ်ာ၊´
'တို႔ကိုျပဳစားထားတဲ့သူေလးရွိလို႔ေပါ့´
'ဟယ္ဘယ္သူတုန္း´
'ဒီကအၾကည္ေလးေပါ့´
ေမးကေလးကိုလက္ကေလးနဲ႔ကိုင္ေတာ့ရယ္သတဲ့၊
'တို႔ကိုဦးပိန္တံတားလိုက္ပို႔ပါလား´
'ဟုတ္ကဲ့ပါရွင့္၊အက်ီ ၤကေလးလဲဦးမယ္အၾကမ္းေရနဲ႔လက္ဖတ္စားကာေစာင့္´
စားပြဲေပၚကလက္ဖတ္နဲ႔အၾကမ္းေရတို႔ကိုထိုးျပကာေျပာသည္၊
ျမန္မာရင္ဖံုးအက်ီ ၤေလးနဲ႔
ဆံပင္ကိုလည္းပံုမွန္တိုင္းတပတ္လ်ိဳထံုးကာႏုင္းဆီပန္းေလးပန္ထားေတာ့တမ်ိဳးလွျပန္ေရာ
လည္တိုင္မွာဆြဲထားတဲ့ေဒါင္းဘရက္ကလည္းထပ်ံေတာ့မည့္အလားပါပဲ၊
ေ႐ႊဘိုကလက္ေဆာင္ေပးလိုက္တဲ့သနပ္ခါးေလးပါေပါင္းရင္......၊
ေ႐ႊေျခခ်င္းေလးကအသံေလးနဲ႔ေပါင္းေတာ့မႏၱေလးသူဟာအသားညိဳေပ့မယ္လွေနတုန္းပါပဲ၊အၾကာႀကီးေငးေနမိတာ
'ကလ်ာ၊အၾကည္ကိုအဲ့လိုႀကီးမၾကည့္ပါနဲ႔၊အၾကည္မေနတတ္လို႔ပါ´
'ဟုတ္ပါၿပီ၊ေတာင္းပန္ပါတယ္ေနာ္´
'သြားၾကမယ္ေလ၊´
ညေနဘက္ဦးပိန္တံတားမွာလမ္းေလးေလ်ွာက္ရင္းေနဝင္တာၾကည္မိသည္၊ခ်စ္တဲ့လူကိုလည္းတစိမ့္စိမ့္ၾကည့္ခဲ့သည္၊ဘာေၾကာင့္လဲဆိုေတာ့ေနဝင္အလွထက္သူမအလွကိုပိုသေဘာက်လို႔ေပ၊
ရယ္သံသဲ့သဲ့ကေလးကိုခဏခဏၾကားရသည္ကိုသေဘာက်သည္၊
လွလိုက္တာကြယ္....
Unicode
၁၉၁၁မှစပြီးသူရိယသတင်းစာကိုစတင်ထုတ်ဝေခဲ့သည်၊ထိုသတင်းစာထဲမှာဝိုင်အမ်ဘီအေကိုထောက်ခံသည့်ဆောင်းပါးတွေသတင်းတွေကြောင့်လူသိများကြသည်၊အမျိုးသားစိတ်ဓာတ်ပြန်လည်နိုးကြွစေတာကြောင့်လူတိုင်းနီးပါးဖတ်ကြသည်၊
၁၉၁၈မှာငလျင်ဒဏ်ကြောင့်ရွှေမော်ဓောဘုရားစေတီတော်ကြီးပြိုကျကာစိတ်ဖူးတော်မြေခခဲ့ရသည်၊ဒုတိယဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက်ကဘုရားရင်ပြင်ပေါ်ကိုဖိနပ်မချွတ်ပဲတတ်ရောက်ကြည့်ရူမှုကြောင့်မြန်မာတစ်နိုင်ငံလုံးအုံကြွကုန်သည်၊
ဗမာလူမျိုးတွေအဖို့ဘုရားဟာအထွဍ်အမြတ်ထားရာနေရာဖြစ်တာကြောင့်လူထုကမကျေနပ်ဖြစ်ကြသည်၊
ဝိုင်အမ်ဘီအေဦးဆောင်ပြီးရန်ကုန်ရှိဂျုဗလီဟောမှာအစည်းအဝေးလုပ်သည်ကိုသူရိယသတင်းစာမှာဖော်ပြထားသည်၊
မင်းနောင်တစ်ယောက်သူရိယသတင်းစာဖတ်ပြီးအားရသလိုပြုံးနေသည်၊
'ကိုကိုကြီး၊ဘာတွေပြုံးနေတာတုန်း၊´
'ဒီမယ်လေ၊ရန်ကုန်မြို့ရှိဂျုဗလီဟောအစည်းအဝေးကျင်းပပြီးတွင်ဘုရားဝန်းအတွင်းဖိနပ်မစီးအဆိုတင်သွင်းခဲ့ရာအောင်မြင်တဲ့´
'သြော်အဲ့တာသဘောကျတာလား၊´
'ဟုတ်တယ်၊ဒီလိုအောင်မြင်တာကအမျိုးသားရေးစိတ်ဓာတ်ပြန်လည်နိုးကြားစေတာပဲလေ၊လူထုဘယ်လောက်စည်းလုံးသလဲဆိုတာဒင်းတို့သိသွားတာပေါ့´
'ကိုကိုကြီးရယ်၊နိုင်ငံရေးထဲဝင်မပါပါနဲ့´
'ဘာလဲကွာ၊မင်းကမယ်မယ်ကြီးအတိုင်းပဲ´
'နိုင်ငံရေးကအမှားအယွင်းမခံဘူးနော်ကိုကိုကြီး၊တခုခုသာမှားယွင်းသွားရင်ကျွန်တော်တို့ဝေးသွားနိုင်တယ်´
ဝေးသွားမည်စိုး၍ဆိုသောစကားသည်ပြဿနာတို့ကိုစစေသည်၊
'ဒါကကံကြမ္မာပါ၊မင်းနဲ့ငါကယူလို့ရတာလဲမဟုတ်ပဲနဲ့´
'ကိုကိုကြီးစကားကဘာလဲ၊ကွဲသွားရင်တောင်ဝမ်းမနည်းဘူးဆိုတာလား´
'ထင်ချင်သလိုထင်၊ထိုက်တန်၊ငါတခုပြောမယ်၊ပုဂ္ဂိုလ်ရေးအရတော့မင်းဟာငါချစ်ရတဲ့လူ၊ငါကိုပိုင်တဲ့လူ၊ဒါပေမယ့်နိုင်ငံရေးအရတော့မင်းဟာငါရန်သူ၊ငါတို့ကိုဖိနိုပ်နေတဲ့ဗြိတိသျှလက်အောက်ခံ၊အရာရာကိုနုလုံးသားနဲ့ဆုံးဖြတ်ရအောင်ဒါပုံပြင်မဟုတ်ဘူးကွ၊ပျော်ရွင်စရာကောင်းတဲ့ဇာတ်သိမ်းဆိုတာလည်းငါတို့လို့အချစ်မျိုးမှာရှိမနေဘူး၊ခဏတာရူးမိုက်တာကိုတစ်သက်တာအဖြစ်ပြောင်းလဲပစ်ဖို့မစဉ်းစားနဲ့၊တစ်နေ့ကျရင်မင်းငါ့ကိုမုန်းကိုမုန်းရမှာပဲ´
မင်းနောင်ဟာအဆိုးဆုံးအခြေအနေတွေကိုတွေးပြီးထားပါ၊နိဒါန်းမှာနာကျင်သလိုနိဂုံးဟာလည်းရှတတဆိုတာကိုလက်ခံပြီးသားသို့သော်ပျော်နေတဲ့အချိန်တွေကိုလှလှပပသိမ်းယူသွားမှာပါ၊ချစ်တဲ့လူဆီကချစ်စကားတွေ၊ချစ်လက်ဆောင်တွေ၊အနမ်းတွေအပြုံးတွေမျက်ရည်တွေအရာအာလုံးကိုပြုံးပြကာသိမ်းထားမှာပါ၊နုလုံးသားရှိတဲ့လူနုစ်ယောက်ပဲချစ်ကြတာပေါ့၊များများချစ်တဲ့လူဟာများများငိုရမယ်၊များများခံစားရမယ်၊များများမြိုသိပ်ရတယ်၊အကြီးဖြစ်တဲ့ကိုယ်ကိုတိုင်ကပျော့ညံ့ပြနေလို့မဖြစ်ပေ၊
သူရှေ့မှာမငိုချင်၊အခန်းထဲကျမှကြိတ်ငိုပစ်လိုက်သည်၊ဘေးနားမှာအိပ်နေတဲ့ခွေးကလေးကိုပွတ်သပ်ရင်း
'ငါတို့အချစ်ကိုကမှားယွင်းနေတာပါ၊ထိုက်တန်၊မှားယွင်းနေတာပါ´
ခြေထောက်သက်သာနေပြီမို့၊ရွာထဲလျှောက်သွားရန်ပြင်နေသည်၊ထိုက်တန်ကတော့မနိုးသေးပေ၊ဒီရက်ပိုင်းထိုက်တန်ကိုစကားမပြောဖြစ်၊ရှောင်နေလိုက်သည်၊ညဘက်အိပ်ရတောင်သူကိုမစောင့်တော့ပေ၊အရင်အိပ်နုင့်သည်၊တကယ်တော့အိပ်ချင်ယောင်ဆောင်နေတာပါ၊တကယ်တမ်းအိပ်မပျော်၊ဘေးမှာဝင်လှဲတော့မှအိပ်ပျော်သည်၊
မနက်တွေဆိုလည်းသူမနိုးခင်ထမနက်စာစားကာဘုရားရှိခိုးကာဧည့်ခန်းထဲ၌ထိုင်နေတတ်သည်၊သူကတော့သူအလုပ်ခန်းထဲမှာအလုပ်ရှုပ်နေတတ်သည်၊အေးစက်သွားတဲ့ဆက်ဆံရေးတခုဟာကောင်းသောအဆုံးသတ်ဖြစ်လိမ့်မည်ဟုမင်းနောင်ထင်သည်၊ထို့ကြောင့်ဝေးဝေး၌သာနေသည်၊
အိမ်မှာအလုပ်သမားထဲကအသက်အကြီးဆုံးကြီးကြီးကဘုန်းကြီးကျောင်းသွားမည်မို့လိုက်သွားလိုက်သည်၊ဘုန်းကြီးကျောင်းရောက်တော့ဆွမ်းကပ်ကာမနီးမဝေးကစေတီလေးမှာထိုင်နေမိသည်၊ထိုအချိန်ရှမ်းသံဝဲဝဲနဲ့စကားပြောသံကြားလိုက်ရသည်၊ကြည့်လိုက်တော့ရှမ်းမလေးတွေပဲ
'ရွာစွန်ထိပ်ကအိမ်နီကြီးသိလား´
'သိပါအေ၊အဲ့အိမ်မှာလူပျိုလေးနုစ်ယောက်နေတယ်ဆို´
'ဟုတ်ပါအေ၊လူခွန်တော်ကောက်တုန်းကရွာထဲဝင်လာတဲ့တစ်ယောက်ကချောပါအေ၊´
'အမယ်လေးဘိလပ်ပြန်တွေအထင်မကြီးပါဘူး၊´
'ညည်းကအထင်ဘယ်ကြီးပါမလဲ၊နန်းခမ်းရယ်၊ဟောနန်းအနွယ်တွေကိုအေ´
'အလိုတော်၊ဘိလပ်ပြန်ပြီကျွန်ဇာတ်သွင်းတဲ့လူတွေရဲ့လက်အောက်ခံကိုကျုပ်ကအထင်ကိုမကြီးတာ´
စကားဝိုင်းစိတ်ဝင်စားလို့မသိမသာသွားချောင်းလိုက်သည်၊ရှမ်းထဘီအကျီ ၤနဲ့ဘုရားရင်ပြင်တော်ပေါ်မှာတံမြတ်စီးလှဲကာကုသို့လ်ယူနေကြသည်၊
'နန်းခမ်းရယ်၊နင်လည်းမငယ်တော့ဘူး၊ဘာလို့နင့်အဖပေးစားတဲ့လူနဲ့မယူရတာလဲ´
'အို...မယူချင်ပါဘူး၊နန်းခမ်းကတကယ်မေတ္တာသက်ဝင်မှယူမှာ´
'နင်မေတ္တာကဒီတစ်သက်ကောအသက်ဝင်ပါ့မလားအေ´
'ကြည့်လည်းလုပ်ပါဦးတော်၊တော်ကြာငှက်ပျောတုံးဖက်သေရမယ်အေ့´
သူငယ်ချင်းများကပြောတော့စိတ်ဆိုးသွားရှာသည်၊
'လူလေးမင်းနောင်ဘာရပ်ကြည့်နေတာလဲ´
ကြီးကြီးပြောလိုက်တော့မှထိုမိန်းကလေးများကပါမင်းနောင်ကိုလှည့်ကြည့်ကြသည်၊
'ဘာမှမဟုတ်ပါဘူး၊ကြီးကြီး´
'သြော်ဘယ်သူတွေလဲလို့၊နန်းခမ်းတို့ပါလား´
'ဟုတ်ကြီးကြီး၊နေကောင်းရဲ့လား´
'ကောင်းပါ့ကွယ်၊အဖကော´
'အဖယာထဲရောက်နေလောက်ပြီ၊ကြီးကြီး´
မင်းနောင်တို့ပြန်လာသည်၊အိမ်ပေါ်ကထိုက်တန်ကမကြည်သလိုကြည့်နေသည်၊
ိကလျာထိုက်တစ်ယောက်သွားပြန်လေပြီခင်မေကြည်တို့အိမ်ကို
မရိုးနိုင်သောအရာလိုပင်ခင်တွယ်နေသည်၊
ချစ်ပါသည်၊
အကြည်ကိုချစ်သည်၊
အရပ်ထဲဘာတွေပဲပြောနေကြပါစေ၊
ကလျာဂရုမထားပေ၊
အကြည်မျက်နုာမမြင်ရရင်တစ်နေ့မှစားမဝင်အိပ်မပျော်ပေ
'ဟော၊သမီးကြည့်ရတာဒီအိမ်ကိုသဘောကျနေသလိုပဲ´
ကလျာထိုက်ဒေါ်ခင်ခင်ကြည်ကိုရယ်ပြကာ
'အကြည်ရှိလားအန်တီ´
'ရှိပါ့ရှင်၊ရှိပါ့၊ခင်မေကြည်!အောက်မှာကလျာရောက်နေတယ်ဟေး´
ဒေါ်ခင်ခင်ကြည်သူမအခန်းထဲဝင်သွားသည်
လက်ထဲကစာအုပ်ကိုချကာဆံပင်ကိုတပတ်လျိုအမြန်ထုံးကာကလျာပေးထားသောဆံညှပ်ကိုပန်ကာအမြန်ပြေးဆင်းလာသည်၊
မတွေ့ချင်ရှာပါဘူး၊မျက်နုာလေးမြင်တော့ပြုံးသတဲ့၊
အပြုံးကလေးနဲ့လိုက်ပါပေတယ်၊
အကြည်သာပြုံးနေဖို့ပဲကောင်းပါပေတယ်
တစ်နေ့ကမလာပါနဲ့တားခဲ့တဲ့သူလေးမှဟုတ်ပါရဲ့လား၊
ဆင်းလာလိုက်တာငါးမိနစ်တောင်မကြာ၊
ပြုံးရယ်ကာလက်ကိုအတင်းဆွဲကာခြံထဲခေါ်ချသွားလေရဲ့
'ဘာလို့ခဏခဏလာနေရတာလဲ၊ကလျာ၊´
'တို့ကိုပြုစားထားတဲ့သူလေးရှိလို့ပေါ့´
'ဟယ်ဘယ်သူတုန်း´
'ဒီကအကြည်လေးပေါ့´
မေးကလေးကိုလက်ကလေးနဲ့ကိုင်တော့ရယ်သတဲ့၊
'တို့ကိုဦးပိန်တံတားလိုက်ပို့ပါလား´
'ဟုတ်ကဲ့ပါရှင့်၊အကျီ ၤကလေးလဲဦးမယ်အကြမ်းရေနဲ့လက်ဖတ်စားကာစောင့်´
စားပွဲပေါ်ကလက်ဖတ်နဲ့အကြမ်းရေတို့ကိုထိုးပြကာပြောသည်၊
မြန်မာရင်ဖုံးအကျီ ၤလေးနဲ့
ဆံပင်ကိုလည်းပုံမှန်တိုင်းတပတ်လျိုထုံးကာနုင်းဆီပန်းလေးပန်ထားတော့တမျိုးလှပြန်ရော
လည်တိုင်မှာဆွဲထားတဲ့ဒေါင်းဘရက်ကလည်းထပျံတော့မည့်အလားပါပဲ၊
ရွှေဘိုကလက်ဆောင်ပေးလိုက်တဲ့သနပ်ခါးလေးပါပေါင်းရင်......၊
ရွှေခြေချင်းလေးကအသံလေးနဲ့ပေါင်းတော့မန္တလေးသူဟာအသားညိုပေ့မယ်လှနေတုန်းပါပဲ၊အကြာကြီးငေးနေမိတာ
'ကလျာ၊အကြည်ကိုအဲ့လိုကြီးမကြည့်ပါနဲ့၊အကြည်မနေတတ်လို့ပါ´
'ဟုတ်ပါပြီ၊တောင်းပန်ပါတယ်နော်´
'သွားကြမယ်လေ၊´
ညနေဘက်ဦးပိန်တံတားမှာလမ်းလေးလျှောက်ရင်းနေဝင်တာကြည်မိသည်၊ချစ်တဲ့လူကိုလည်းတစိမ့်စိမ့်ကြည့်ခဲ့သည်၊ဘာကြောင့်လဲဆိုတော့နေဝင်အလှထက်သူမအလှကိုပိုသဘောကျလို့ပေ၊
ရယ်သံသဲ့သဲ့ကလေးကိုခဏခဏကြားရသည်ကိုသဘောကျသည်၊
လှလိုက်တာကွယ်....

ခ်စ္တဲ့အၾကည္(ချစ်တဲ့အကြည်)completed Where stories live. Discover now