သူဇာသာလျှင်....(သူဇာသာလျှင်....)

1.5K 151 2
                                    


'သူဇာ....'
'သူဇာ...'
'သီ...သီပေးပါ'
'မသူဇာ...'
'မယ်မယ်၊နာတယ်'
'လာကြပြီလား၊လာလာ၊'
'ဟုတ်ပြီ၊'
'ဖေဖေ၊'
'မင်းဘယ်လို'
'လှေကားနဲ့ပါရှင်၊စကားဝါပန်းခူးမလို့၊ယူဉီးမလား'
'ထဘီကျွတ်ကျမယ်ရှင့်!'
ခင်ခင်ကြည်ရယ်သည်၊
'ခင်ခင်ကြည်လှလား၊သူဇာ'
'သမီး၊'
'ဖေဖေ....'
'ဟုတ်ကဲ့ပါဖေဖေ'
'သဘောကျလို့လေ´
'ဘာလို့ပေးတာလဲမသူဇာ´
'မသူဇာ၊တွေးတတ်ပါပေ့´
'ခင်ခင်ကြည်အတွက်ပါ၊´
'မသူဇာ´
'မသူဇာ´
'မသူဇာ၊ဒါဘာလဲ´
'....´
'ခင်ခင်ကြည်မေးဖူးလား´
တစ်နေ့တော့
'ဉီးကိုမောင်နိုင်!´
'ခင်ခင်?´
'မယ်မယ်ကြီး´
'ခင်ခင်!´
'ကလေးတွေမျက်နုာကြောင့်ရှင်ကိုညှာလိုက်မယ်၊နောက်နေ့ကစပြီးလုပ်ငန်းမှန်းသမျှကျွန်မစီမံမဟ်၊၊ရှင့်နာမည်တော့ပါစေရမယ်၊ရှင်ကြိုအိမ်ကလူပိုတစ်ယောက်လိုကျွန်မထားမယ်၊ဉီးကြီး!မနက်ဖြန်ပုပ္ပါးသွားမယ်၊!ရှင်အပြစ်ကိုသေသည်အထိမမေ့စမ်းနဲ့!ဉီးကိုမောင်နိုင်!´
'မသူဇာဘယ်မှာလဲအဘ´
'ဘယ်လိုဖြစ်တာလဲ´
'မသူဇာ...´
မသူဇာအပြုံးတွေ၊အသံတွေကိုစကားဝါတြွေမင်တိုင်းပြန်မြင်ယောင်တယ်၊မသူဇာ
Unicode
ခင်မေကြည်အသက်ထွက်ခါနီးမိခင်ကိုကြည့်နေတော့
မျက်လုံးထောင်ကစိုစွတ်နေတာကိုအတိုင်းသားတွေ့ရသည်၊
'သူဇာ....'
'မယ်မယ်ကြီး၊ဘာကိုပြောတာလဲ'
'သူဇာ...'
အရေတွန့်နေသောလက်ချောင်းလေးကအံဆွဲကိုထိုးပြသည်၊
မှန်တင်ခုံအံဆွဲထဲကပုတီးစေ့လေးတွေလိမ့်ကာထွက်လာသည်၊
'အကြည်ဘာလုပ်ပေးရမလဲမေမေ'
'သီ...သီပေးပါ'
ခင်မေကြည်တစ်ထိုင်တည်းပြန်သီလိုက်ပြီးမိခင်လက်ထဲထည့်ပေးလိုက်တော့ဆုပ်ကာကိုင်ထားသည်၊
ခင်ခင်ကြည်ပြန်မြင်ယောင်လာသည်၊ပုတီးစေ့လေးတွေကြောင့်
'မသူဇာ...'
'ခင်ခင်ကြည်အတွက်သူဇာပုတီးလေလုပ်ပေးထားတယ်၊ခင်ခင်ကြည်ဆိုတော့တနင်္လာ၊တနလာင်္နံပါတဲ့ခရေသားနဲ့လုပ်ထားတဲ့ပုတီးလေး၊ရော့၊ပုတီးလုံးလေးတစ်လုံးကျတိုင်းစိတ်ကအရဟံ...ကိလေသာကင်းစင်းတော်မူသောမြတ်စွာဘုရားဆိုပြီးကြည်ညိုပူဇော်တိုင်းခင်ခင်ကြည်လည်းကုသိုလ်ရသလို၊သူဇာလည်းကုသိုလ်ရပါတယ်'
မျက်လုံးမှိတ်ကာပြန်မြင်မိသည်၊အတိတ်ဟောင်းတွေဟာအသက်ဝင်ပြန်သည်၊
နွားလှည်းပေါ်မှာခင်ခင်ကြည်ဆူပုတ်ကာလိုက်လာသည်၊
'မယ်မယ်ကလည်းရှုပ်လိုက်တာ၊အိမ်ထောင်မပြုချင်ပါဘူးဆို၊ပုပ္ပါးထိလာပြီးဗေဒင်လာမေးရတယ်လို့'
ခွက်ခနဲမြည်အောင်အခေါက်ခံရတဲ့ခင်ခင်ကြည်
'မယ်မယ်၊နာတယ်'
'ညည်းအိမ်ထောင်ရက်သားကျမှပေါ့အေ၊လျှာမရှည်နဲ့'
ပုပ္ပါးတောင်ကလပ်အခြေမှာတည်ဆောက်ထားသည်ခြံဝိုင်းထဲဝင်ချလာသည်၊
'လာကြပြီလား၊လာလာ၊'
အိမ်ပေါ်ထပ်ကိုရောက်တော့
'အမကြီးတောင်လာပြီးပဲ၊ကဲ၊အဝင်းဘာမေးပေးရမှာလဲပြော'
'ဒီကလေးရဲ့အိမ်ထောင်ရေးပါကွယ်'
'ဟုတ်ပြီ၊'
နတ်ရုပ်ထုတွေကိုဘုရားစင်အောက်တွင်ထားထားသည်၊အတွင်း၃၇မင်း၊အပြင်၃၇မင်းကိုတိုင်တည်ရန်ဘုရားရှိခိုးလေသည်၊
'ဖေဖေ၊'
ပန်းပေါင်းစုံကိုဗန်းထဲထည့်ကာသယ်လာသောမိန်းကလေးဆံရစ်ဝိုင်းလေးဖြင့်ဆံထုံးတွင်ခရေပန်းလေးပန်ထားသည်၊အပြုံးချိုချိုဖြင့်ပြုံးပြကာခင်ခင်ကြည်ဘေးဝင်ထိုင်လိုက်သည်၊
'သြော်၊သမီးသူဇာ၊လာ၊အမကြီးဒါကျုပ်သမီးသူဇာတဲ့၊သူအမေဆုံးသွားပြီးကတည်းကသူမကိုစောင့်ရှောက်လာတာ'
နတ်ဝင်ပူးလေသည်တဲ့၊ထိုနတ်ကတော်ကိုခင်ခင်ကြည်အယုံအကြည်မရှိစွာကြည့်နေသည်၊
'တနင်္လာသမီးဘယ်မလဲဟေ့၊ငါ့ကိုမယုံတဲ့ကလေးမပဲ၊ဒီကလေးမအိမ်ထောင်ရေးလှတယ်ဟေ့၊အချစ်ရေးမပါဘူးဟေ့၊ချမ်းချမ်းသာသာသိုက်သိုက်ဝန်းဝန်းနေရမယ်ဟေ့!အချစ်ရေး....အချစ်ရေးသတိထား၊သမီးတော်'
ထိုလူကြီးမေ့လဲသွားသည်၊သူဇာကရေများဖြင့်ပက်လိုက်တော့မှနိုးလာသည်၊
သတိထားမိသည်၊ယောကျာ်းမကျမိန်းမကျလူဆီမှာဒီမိန်းကလေးဘယ်လိုများနေပါသလဲနော်
ခြံဝိုင်းထဲခင်ခင်ကြည်ဆောင့်ကြောင်ထိုင်ကာ
'မယ်မယ်တို့ကလည်းခင်ခင်ကြည်စကားဆိုအလေးမထားဘူး၊တခါလာလည်းဒီကိုပဲ၊ဒီအိမ်ထောင်ရေးပဲ၊အားနေယောကျာ်းပဲယူခိုင်းနေတယ်'
ထိုအခါစကားဝါပင်ပေါ်ကရယ်သံကြားလိုက်၍ကြည့်မိသည်၊
'ခင်ခင်ကြည်တဲ့လား၊ချစ်စရာလေး'
'မင်းဘယ်လို'
'လှေကားနဲ့ပါရှင်၊စကားဝါပန်းခူးမလို့၊ယူဦးမလား'
'ထဘီကျွတ်ကျမယ်ရှင့်!'
သူဇာအားရပါးရရယ်ချလိုက်တော့ခေါင်းပေါ်ကခရေကုံးလေးကျသွားသည်၊
ခရေနံ့ဟာမွေးတုန်းပါစကားဝါပန်းတွေဟာလေနဲ့အတူယိမ်းနွယ့်နေသလိုသူဇာရယ်သံဟာလည်းခြံဝန်းထဲပျံ့နုံ့နေသည်၊
အပင်ပေါ်ကဆင်းလည်သည်နုင့်မောပန်းနေပေ့မယ်လည်းလက်ထဲကစကားဝါပန်းများကိုခင်ခင်ကြည်ခေါင်းပေါ်တင်ပေးလိုက်ကာ
'သူဇာသစ်ပင်တက်တတ်ပါတယ်၊ထဘီမကျွတ်ဘူး'
ခင်ခင်ကြည်ရယ်သည်၊
'ခင်ခင်ကြည်လှလား၊သူဇာ'
'လှတာပေါ့၊သူဇာမြင်ဖူးသမျှထဲမှာခင်ခင်ကြည်အလှဆုံးပဲ'
ခင်ခင်ကြည်ငယ်ရွယ်တုန်းမို့လှသည်၊မျက်လုံးဝိုင်းဝိုင်းလေးတွေ၊နုာတံလုံးလုံးလေး၊ခြေချင်းလေးမြည်တိုင်းသူဇာငေးမိတာပါပဲ'
နောက်ရက်များလာစေရန်ပုပ္ပါးမယ်တော်ဆီဆုတောင်းမိသည်၊
'သမီး၊'
'ဖေဖေ....'
'ခင်ခင်ကြည်နဲ့ဝေးဝေးနေပါငါ့သမီး၊ဖေဖေသမီးလေးကိုဂုဏ်မာက်နေတဲ့မင်းမျိုးမင်းနွယ်တွေနဲ့ဆက်ဆံတာသဘောမကျဘူး၊ငါသမီးလေးကိုအဖြူထည်လေးပဲဖြစ်စေချင်တယ်၊'
'ဟုတ်ကဲ့ပါဖေဖေ'
ခင်ခင်ကြည်နုင့်အတူမန္တလေးကိုရောက်ရှိလာသည်၊
ခင်ခင်ကြည်နုင့်သူဇာလိုက်လာကတည်းကပျော်ရပေ့မဲ့လည်း
'ခင်ခင်ကြည်လက်ထပ်တော့မှာသူဇာရဲ့´
သူဇာမပြောလို့တော့ပါလေ
အချစ်မပါတဲ့အိမ်ထောင်ရေးလေးမြဲပါစေလို့ပဲသူဇာဆုတောင်းမိသည်၊
'မသူဇာ၊ခင်ခင်ကြည်မှာကိုမောင်ရဲ့ရင်သွေးလေးရှိနေပြီ´
'ခင်ခင်ကြည်၊သူဇာပုပ္ပါးပြန်ချင်တယ်´
'ဘာကြောင့်လဲ၊ခင်ခင်ကြည်မီးဖွားပြီးသည်အထိစောင့်ပါလေ´
'ခင်ခင်ကြည်၊သူဇာကိုဘာလို့ခေါ်လာတာလဲ´
'သဘောကျလို့လေ´
'အင်းပါ၊ခင်ခင်ကြည်အတွက်´
ပုတီးကုံးလေးကိုကြည့်ကာခင်ခင်ကြည်နားမလည်ပေ
'ဘာလို့ပေးတာလဲမသူဇာ´
'ခင်ခင်ကြည်အတွက်သူဇာပုတီလေးလုပ်ထားတယ်၊ခင်ခင်ကြည်ဆိုတော့တနင်္လာ၊တနင်္လာနံပါတဲ့ခရေသားနဲ့လုပ်ထားတဲ့ပုတီးလေး၊ရော့၊ပုတီးတစ်လုံးကျတိုင်းစိတ်က အရဟံ.....ကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားလို့ပူဇော်ကြည်ညိုတိုင်းခင်ခင်ကြည်လည်းကုသိုလ်ရသလို၊သူဇာလည်းကုသိုလ်ရပါတယ်´
'မသူဇာ၊တွေးတတ်ပါပေ့´
'ခင်ခင်ကြည်အတွက်ပါ၊´
အချိန်ကြာလာတော့သူဇာခင်ခင်ကြည်ကိုမုန်းချင်မိသည်၊
လွယ်လွယ်ချစ်ခဲ့တာမှမဟုတ်ပဲခင်ခင်ကြည်ရယ်
သူဇာဘယ်လိုလွယ်လွယ်မုန်းနိုင်မလဲ
'မသူဇာ´
'အို...ကိုမောင်နိုင်၊ရှင်ဘယ်လိုလို့ကျွန်မအခန်းထဲဝင်လာတာလဲ´
'ခင်ခင်မရှိတုန်းလာတာပါ´
'ကိုမောင်နိုင်၊ရှင်ထွက်သွားပါ´
ခေါင်းအုံးအောက်ကဓါးမြောင်ကိုထုတ်လိုက်ကာရွယ်လိုက်သည်၊
'မသူဇာ´
'သူဇာဒီမှာပျော်လို့နေနေတယ်ထင်နေတာလား၊မဟုတ်ဘူ၊ကိုမောင်နိုင်၊ကျွန်မလူတစ်ယောက်ကြောင့်နေနေတာ၊ကျွန်မလူမသတ်မိခင်ထွက်သွားပါ´
ကိုမောင်နိုင်လိုတာမရ၍အကောက်ကြံတော့သည်၊မသူဇာမရှိတဲ့အချိန်ဓားမြှောင်ကိုယူကာခင်ခင်ကြည်ကို​ကုန်းချောတော့သည်၊
'မသူဇာ၊ဒါဘာလဲ´
'သူဇာ...သူဇာအကာအကွယ်အနေနဲ့´
'ဒီမိန်းမခင်ခင်ကိုလုပ်ကြံချင်နေတာ´
'ကိုမောင်နိုင်စကားကိုလူကြီးလူကောင်းတစ်ယောက်လိုပြောပါ၊ကျွန်မအခန်းထဲရှင်ဝင်လာတာကိုကောဘာလို့မပြောရတာလဲ´
'မသူဇာ!ရှင်ကိုမောင်ကိုအဲ့လိုမ​ေုပာပါနဲ့´
'ခင်ခင်ကြည်၊မသူဇာဘာလို့ခင်ခင်ကြည်နဲ့လိုက်ခဲ့လဲသိသလား´
'....´
'ခင်ခင်ကြည်မေးဖူးလား´
'သူဇာခင်ခင်ကြည်နားမှာရှိနေရတာဟာခင်ခင်ကြည်ကိုချစ်လို့ခင်ခင်ကြည်သူဇာဘက်ကိုမကြည့်ဘူးပဲ´
'မသူဇာ၊စကားတွေကိုကြည့်ပြောပါ၊ကိုမောင်လည်းရှိနေတာမို့´
'ခင်ခင်ကြည်၊သူဇာဟာငါးပါးသီလကိုငယ်စဥ်ကတည်းကမြဲခဲ့တဲ့မိန်းမပါ၊အခုတော့သူဇာတပါးသောသီလကိုကျူးလွန်မိပြီ၊သူဇာခင်ခင်ကြည်နဲ့မလိုက်ခဲ့သင့်ဘူး၊သူဇာပုပ္ပါးပြန်ပါရစေတော့ခင်ခင်ကြည်ရယ်၊´
'ခင်ခင်ကြည်မတားတော့ဘူ၊မသူဇာ၊မသူဇာဟာမမက်သင့်တဲ့အိမ်မက်ကိုမက်နေတာပဲ၊ပြန်ပေတော့´
သူဇာမျက်ရည်တွေဝဲလာကာတုန်ယင်သောအသံဖြင့်
'ကိုမောင်နိုင်ရှင်ဝဍ်မလည်ပါစေနဲ့´
ခင်ခင်ကြည်ကိုမာင်နိုင်ကိုကြည့်လိုက်သည်၊ခင်ခင်ကြည်မသူဇာထွက်သွားတာကိုကြည့်ပြီးညစဥ်အိပ်မပျော်တော့ပါ
တစ်နေ့တော့
'အဲ့မသူဇာကမလွယ်ဘူးကွ၊ငါသာအဲ့ဓားမြှောင်ခိုးပြီးခင်ခင်ကိုမပြခဲ့ရင်ငါပြသာနာတတ်မှာ
'ဦးကိုမောင်နိုင်!´
'ခင်ခင်?´
'ရှင်ဘာစကားတွေပြောလိုက်တာလဲဟမ်!ယုတ်မာတဲ့ယောကျာ်း´
ကိုမောင်နိုင်ပါးကိုအားပြင်းပြင်းဖြင့်ခင်ခင်ကြည်သုံးချက်ဆင့်ရိုက်လိုက်သည်၊
'ရှင်ကိုကျွန်မအကြွင်းမဲ့ယုံခဲ့တာရှင့်!´
'သခင်မလေးစိတ်လျော့ပါ၊ဗိုက်ထဲကကလေးထိခိုက်ပါမယ်´
'မယ်မယ်ကြီး´
'လူကလေး!မင်းနောင်အိမ်ထဲဝင်!အရီးခေါ်သွား!´
'ခင်ခင်ကိုယ်တောင်းပန်ပါတယ်´
'ရှင်ကိုလေ!ရှင်ကိုကျွန်မသတ်ပစ်ချင်တယ်!´
'ခင်ခင်!´
ရွယ်ထားတဲ့လက်တွေကိုရုတ်သိမ်းကာ
'ကလေးတွေမျက်နုာကြောင့်ရှင်ကိုညှာလိုက်မယ်၊နောက်နေ့ကစပြီးလုပ်ငန်းမှန်းသမျှကျွန်မစီမံမဟ်၊၊ရှင့်နာမည်တော့ပါစေရမယ်၊ရှင်ကြိုအိမ်ကလူပိုတစ်ယောက်လိုကျွန်မထားမယ်၊ဦးကြီး!မနက်ဖြန်ပုပ္ပါးသွားမယ်၊!ရှင်အပြစ်ကိုသေသည်အထိမမေ့စမ်းနဲ့!ဦးကိုမောင်နိုင်!´
ခင်ခင်ကြည်နောက်နေ့ပုပ္ပါးကသူဇာဆီသွားတော့
'ပြန်ပါ၊ခင်ခင်ကြည်၊ပြန်စမ်းပါ၊သမီးလေးလည်းနာကျင်သင့်သလောက်နာကျင်နေပါပြီကွယ်´
'မသူဇာဘယ်မှာလဲအဘ´
'သမီးလေး...သမီးလေးမရှိတော့ဘူးကွယ်´
'ဘယ်လိုဖြစ်တာလဲ´
'မင်းတို့အိမ်ကသူဇာလေးပြန်လာတော့ငိုနေခဲ့တာ၊တစ်ရက်မှအငိုမတိတ်ဘူး၊သူပါးစပ်ကနေခင်ခင်ကြည်ကိုမယုံသင့်ဘူးဆိုပြီးပဲပြောနေခဲ့တဟ်၊သုံးရက်ကြာတော့စကားဝါပင်ကြီးကိုထိုင်ကြည့်နေရင်းပုဆိန်ဆွဲပြီး​အပင်ကြီးကိုပြေးခုတ်ပြန်တယ်၊ပုဆိန်ကိုလွဲခုတ်ရင်းခေါင်းကိုပုဆိန်နဲ့ရိုက်မိပြီးသွေးထွက်လွန်ပြီးဆုံးသွားတယ်၊ခင်ခင်ကြည်၊ငါသမီးကအဖြူထည်ပါ၊ငါလိုဟိုမရောက်ဒီမရောက်နဲ့နေနေပေ့မဲ့သူမဟာငါလိုမဟုတ်ခဲ့ဘူး၊မင်းကိုမြင်တော့မှသာပထမဆုံးချစ်ခဲ့တာ၊ငါသမီးလေးကငါ့စကားကိုနားထောင်ခဲ့ရင်အခုလိုအဖြစ်မဆိုးဘူး၊ပြန်ပါ၊ခင်ခင်ကြည်ပြန်လိုက်ပါတော့၊နောက်ဆုံးသူပေးတဲ့ထန်းရွက်ပုတီးကိုယူပြီးပြန်တော့ငါသမီးကိုမမေ့လေနဲ့´
ဖခင်တစ်ယောက်ရင်ကွဲရသလိုယခင်ခင်ကြည်လည်းငိုမိသည်၊
'မသူဇာ...´
သူမပေးတဲ့ပုတီးလေးဟာအချိန်ကြာလာတော့ပျက်သွားလေတယ်၊ပုတီးစေ့လေးတွေကောက်သိမ်းချိန်မှာခင်ခင်ကြည်ငိုမိသည်၊
ခင်မေကြည်နဲ့ကလျာကိုမြင်တော့ခင်ခင်ကြည်သူဇာကိုသတိရသည်၊
ငယ်ရွယ်လှပပြီးသစ်ပင်အတတ်ကျွမ်းတဲ့မသူဇာ
ခင်ခင်ကြည်ကြောင့်အသေဆိုးနဲ့သေခဲ့တယ်
ခင်ခင်ကြည်ကိုခွင့်မလွှတ်လေနဲ့၊မသူဇာ
စကားဝါပန်းတွေခင်ခင်ကြည်ထပ်မပန်တော့ဘူး
မသူဇာမခူးပေနိုင်တော့တဲ့စကားဝါကိုခင်ခင်ကြည်စေ့စေ့ပင်မကြည်ရဲတော့ဘူး
မသူဇာအပြုံးတွေ၊အသံတွေကိုစကားဝါတွေမြင်တိုင်းပြန်မြင်ယောင်တယ်၊မသူဇာ
နောက်မှသိလိုက်ရတာကခင်ခင်ကြည်လည်းသူဇာကိုချစ်တယ်
လက်လွတ်လိုက်ရမှသိလိုက်တဲ့အချစ်ကိုကိလေသာလို့မှတ်ပြီး
မေ့ပျောက်စေရန်ပုတီးတစ်လုံးချသည်
'အရဟံ....ကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရား´

ခ်စ္တဲ့အၾကည္(ချစ်တဲ့အကြည်)completed Where stories live. Discover now