Extra

2.9K 273 10
                                    

ကလ်ာခင္ၾကည္ဆံုးသြားၿပီျဖစ္ေသာမိခင္အခန္းေလးကိုရွင္းေနသည္၊စာအုပ္စင္ကတရားစာအုပ္မ်ားကိုကတ္ထူစကၠဴပံုးထဲထည့္လိုက္သည္၊အိပ္ရာကိုရွင္းေနရင္းပါအိပ္ရာေအာက္ကစာအုပ္တစ္အုပ္ကိုဆြဲထုတ္လိုက္သည္၊ေဟာငးႏြမ္းေနေသာစာအုပ္ရယ္၊အျဖဴအမည္းခင္ေမၾကည္ပံုႏုစ္ပံုရယ္၊ပထမဆံုးျမင္ဖူးေသာမိသားစုဓာတ္ပံုေလး၊စာအုပ္ထဲကစာတခ်ိဳ႕ဟာမိခင္ေျပာျပဖူးလို႔သိေနသည္၊သို႔ေသာ္တခုတည္းေသာစာကိုေတာ့က်လာခင္ၾကည္မသိပါ၊ဒါေၾကာင့္စာအုပ္ကိုယူထားကာလုပ္စရာရွိတာကိုဆက္လုပ္ေနသည္၊
ညဘက္ကေလးေတြကိုသိပ္ၿပီးမွေယာက်ာ္းျဖစ္သူေဘးကပ္ေနရင္းသတိရလာ၍
'ခင္၊ဘာစာအုက္ႀကီးလဲ'
'ေမေမႀကီးစာအုပ္အကို၊မနက္ကသိမ္းရင္းေတြ႕တာ'
'ခင္၊ၾကာမွာလား'
'မသိေသးဘူး'
'ဒါဆိုအကိုအိပ္ႏုင့္ၿပီ၊ခင္'
'ဟုတ္အကို'
စာ႐ြက္တိုင္းမွာလွပေသာစကားလံုးမွားႏုင့္ကလ်ာထိုက္ဟူေသာနာမည္ပါေနတတ္သည္၊
*သမီးေလးရယ္၊ကလ်ာရယ္၊အၾကည္ရယ္မႏၲေလးၿမိဳ႕ကိုပတ္ရန္ထြက္လာသည္၊
ကလ်ာဟာသမီးငယ္ငယ္ကိုပိုက္ကာအေဝးကိုၾကည့္ေနသည္၊တခစ္ခစ္ရယ္ေနတဲ့ကေလးငယ္ကိုသူမသေဘာက်စြာၿပံဳးေနသည္၊ကလ်ာကေျပာတယ္
'Sundayသြားမယ္လို႔ေျပာတာကိုအၾကည္ကလည္း၊Mondayႀကီးမုန္းလိုက္တာ'
'ဘာလို႔တနလၤာေန႔ကိုမုန္းတာလဲ'
'Mondayကဝမ္းနည္းစရာႀကီး'
ထူးဆန္းတဲ့ခံစားခ်က္ရတတ္တဲ့တနလၤာကိုကလ်ာမုန္းလွသည္၊
'ၾကည့္ပါလား၊အၾကည္ေကာင္းကင္ႀကီးကပါMondayကိုမုန္းေၾကာင္းျပေနတယ္'
ေကာင္းကင္ႀကီးကအုပ္ဆိုင္းကာဝမ္းနည္းစရာေကာင္းေနသည္၊ကလ်ာဟာအရင္ကထက္ပိန္သြားသလို၊အရင္ကထက္မ႐ြင္မလန္းပိုျဖစ္ေနသည္၊ကလ်ာေနမေကာင္းမွန္းအၾကည္သိပါတယ္ေလ၊
မလိမ္တတ္ပဲလိမ္ေနတဲ့ကေလးငယ္
မပင္ပန္းေပဘူးလား၊
အၾကည္စိတ္ခ်မ္းသာဖို႔ေနမေကာင္းျဖစ္ေနတာကို
ဘာေၾကာင့္မေျပာရတာလဲ
အၾကည္ကိုလိမ္ေနတာမပီသလိုက္တာကြယ္၊
ေစ်းကမုန္႔လင္မယားဟာအၾကည္အႀကိဳက္ပါ၊
ေဘးကၾကည့္ကာၿပံဳးေပးေနတဲ့ကလ်ာရွိေတာ့မုန္႔ကအရင္ကထက္ပိုအရသာရွိသည္၊
သမီးေလးကလ်ာခင္ၾကည္ကလက္ကေလးျဖန္႔ကာေတာင္းေတာ့အၾကည္တို႔ရယ္မိၾကတာေပါ့၊
အၾကည္ဘဝဟာျပည္စံုေနပါၿပီ
ခ်စ္တဲ့သူရင္ခြင္ထဲမွာအၾကည္ေနရသည္၊
ခ်စ္စရာေကာင္းတဲ့သမီးေလးကိုခ်ီပိုးေနတဲ့ကလ်ာရဲ႕မိခင္ပံုရိပ္ကိုအၾကည္တဝႀကီးၾကည့္ရသည္၊
ထူးဆန္းေသာအခ်စ္လို႔လူတိုင္းကသတ္မွတ္ၾကတဲ့အၾကည့္တို႔ဟာဘဝကိုအလွပဆံုးအရိုးရွင္းဆံုးေက်ာ္ျဖတ္ေနၾကပါသည္၊
ျမက္ခင္းျပင္က်ယ္မွာဖ်ာကေလးခင္းကာဓာတ္ျပားေလးဖြင့္ထားပါသည္၊
'ကလ်ာအိမ္မက္ေတြပဲ၊အၾကည္၊ကလ်ာဒီလိုေနခ်င္ခဲ့တာ'
သူမမ်က္လံုးေတြမွာအေပ်ာ္ေတြရွိပါသည္၊အလွအပဆံုးဆိုတဲ့အရာေတြထက္သူမမ်က္လံုးထဲကအေပ်ာ္ေတြကပို၍လွပါသည္၊
'Roses are shining in picardy in the hush of the sliver dew
Roses are flowering in picardy
But the never a roses like u
And the roses will die with the summertime and our roads may be
Far aparts
But there's one rose that dies not in
Picardy
This the rose that i keep in my heart'
တဂ်စ္ဂ်စ္ျမည္ေနတဲ့ဓာတ္ျပားထဲကသီခ်င္းကိုသူမလိုက္ညည္းဆိုသည္၊Frederic Edward Weatherlyေရးစပ္ထားတဲ့Roses of Picardyသီခ်င္းဟာသူမအႀကိဳက္ပါ၊
ဟန္ပါပါဆိုေနရင္းအိပ္ေပၚေနတဲ့သမီးေလးဖင္ကိုပုတ္ေပးေနသည္၊
အၾကည္နမ္းပါရေစ၊ကလ်ာ၊
အၾကည္ရင္ထဲကလ်ာဟာထြက္သြားေတာာသူအလားျဖစ္ေနသည္၊
အၾကည္ဟာၾကည္ႏူးစရာျမင္ကြင္းကိုေတြ႕ေနရပါေသာ္လည္း
အၾကည္မေပ်ာ္နိုင္ပါ၊အၾကည္ရင္ထဲလစ္ဟာေနပါသည္၊
အၾကည္ကလ်ာနဖူးေလးကိုနမ္းလိုက္ပါသည္၊စူးစူးရွရွၾကည့္တတ္လြန္းတဲ့သူမဟာနႈတ္ခမ္းတို႔ကိုစုပ္ကာနမ္းေလသည္၊
အၾကည္ရွက္ပါသည္၊သူမဟာလွပစြာၾကည့္တတ္လြန္းေတာ့
ကလ်ာဟာရယ္ရွာသည္၊
'အၾကည္ဟာေလ၊ကလ်ာနမ္းတိုင္းမနမ္းဖူးတဲ့အပ်ိဳေလးလိုလုပ္ေနေတာ့တာပါပဲ၊တကယ္ကိုခ်စ္စရာပါ၊အၾကည္ဟာခ်သ္ဖို႔ေကာင္းတဲ့မိန္းမပ်ိဳေလးပါ၊ကလ်ာရင္ကိုစမ္းၾကည့္ပါဦး'
သူမလက္ေတြကအၾကည္လက္ေတြကိုစုပ္ကိုင္ကာသူမရင္ဘတ္ေပၚတင္ေပးသည္၊တဒုတ္ဒုတ္ႏုင့္အတိုင္းသားၾကားေနရပါေသာရင္ခုန္သံ၊
'ကလ်ာအၾကည္ကိုနမ္းတိုင္းဒီလိုခံစားရတာပါေနာ္၊'
'အိုကြယ္'
'အၾကည္၊တို႔ေတြမိသားစုဓာတ္ပံုေလးရိုက္ရေအာင္'
'အင္းရိုက္ၾကမယ္'
အရင္ကအၾကည္ကိုရိုက္ေပးတဲ့ဓာတ္ပံုဆိုင္မွာဓာတ္ပံုသြားရိုက္ၾကပါသည္၊*
ကလ်ာခင္ၾကည္ၿပံဳးမိပါသည္၊ခ်စ္ဖို႔ေကာင္းၿပီးထူးဆန္းေသာမိသားစုေလးကိုုသူမပိုင္ဆိုင္ခဲ့ရ၍ေပ်ာ္သြားသည္၊
ေနာက္စာ႐ြက္ေတြမွာကလ်ာထိုက္ကိုခင္ေမၾကည္ဘယ္ေလာက္သတိရေၾကာင္းေရးထားပါသည္၊စာ႐ြက္တခုကိုကလ်ာခင္ၾကည္ေသခ်ာျပန္ၾကည့္မိသည္
*ကလ်ာဆံုးသြားပါၿပီ၊တနလၤာေနမုန္းသူေလးကတနလၤာမွာပဲဆံုးသြားခဲ့သည္တဲ့၊သူမဖခင္ဆီကပစၥည္းႏုစ္ခုလက္ခံရရွိသည္၊
အၾကည္ရဲ႕ပံုေလးႏုင့္အၾကည္တို႔မိသားစုဓာတ္ပံုေလးပါပဲ၊
အၾကည္ကိုထားခဲ့တယ္၊မလုပ္ရေသးတဲ့အရာေတြအမ်ားႀကီးရွိေသးတယ္ေျပာၿပီးအရင္ထြက္သြားတယ္၊
မေသခင္အခ်ိန္ထိဒီမိသားစုပံုေလးနဲ႔အၾကည္ပံုေလးကိုေငးၾကည့္ပါတယ္ဆို၊အၾကည္ထိုးတဲ့ဆြယ္တာကအၾကည္ေႏြးေထြးမႈကိုေသသည့္အထိေပးနိုင္ပါရဲ႕လား၊
အၾကည္ကိုဒီလိုပစ္ထားခဲ့လို႔ရရိုးလား၊
အၾကည္စိတ္ေတြေထြျပားေနပါသည္၊ကလ်ာ
အၾကည္တခ်ိဳ႕ညေတြကလ်ာကိုျပန္လည္လိုခ်င္ပါသည္၊
တခ်ိဳ႕ညေတြက်ကလ်ာကိုလက္လြတ္ခ်င္ပါသည္၊
အၾကည္မရင့္က်က္ပါလားေနာ္၊
ကေလးတစ္ေယာက္အေမဆိုေသာ္လည္း
အၾကည္အခ်စ္နဲ႔ေတြ႕ရင္ကေလးဆန္ေနတုန္းပါပဲ၊
ေအာ္ဟစ္ငိုေႂကြးေနမိသလို
လြတ္ေျမာက္သြားတဲ့ကလ်ာကိုေတြးမိကာက်ယ္ေလာင္စြာရယ္မိပါသည္၊
အၾကည္ကိုက်န္းမာေအာင္ေနပါလ့ိုဘာလို႔အမိန္႔ေပးရတာလဲ
အၾကည္ကလ်ာေနာက္လိုက္ခ်င္ပါသည္၊
အၾကည္ကိုအမိန္႔ေပးတာအၾကည္မႀကိဳက္ဘူးကလ်ာ
အၾကည္ဟာမွားယြင္းတဲ့ခံစားခ်က္ေတြေၾကာင့္ပူေလာင္လွပါသည္၊
ေ႐ႊဘိုသနပ္ခါးတံုးေတြေနလွန္းထားရင္အၾကည္ငိုမိသည္၊
ဇီးထန္းလ်က္ေလးငံုထားေတာ့ကလ်ာပံုရိပ္ေတြေတြးမိတဟ္၊
သမီးေလးကိုခ်ီမိရင္အၾကည့္ကလ်ာကိုယ္သင္းနံ႔ေတြရေနတယ္၊
မုန္႔လင္မယားမစားျဖစ္ေတာ့ဘူး၊
အၾကမ္းေရနဲ႔လက္ဖက္လည္းအၾကည္မျပင္ေတာ့ဘူး၊
အၾကည္ဆီျပန္လာပါလို႔ေျပာခ်င္ပါတယ္၊
အဲ့အခါကလ်ာကၿပံဳးၿပီးၾကည့္ေနမလားလို႔ေတြးမိပါသည္၊
အမွတ္တရေတြမ်ားလိုက္တာေနာ္
မႏၲေလးမွာမေနခ်င္လို႔အဂၤလန္ကိုကလ်ာဒယ္ဒီတို႔ႏုင့္လိုက္သြားပါမည္၊
သမီးေလးႏုင့္ပင္လယ္ကိုသြားမယ္၊
ကလ်ာေဆြမ်ိဳးေတြကိုအၾကည္ဟာကလ်ာရဲ႕မေဟသီပါလို႔ေျပာပစ္မယ္၊အဲ့တာဆိုကလ်ာျပန္လာမွာပါလား၊
အၾကည္ငိုမွာပါေနာ္၊
အျပင္ပန္းမွာမငိုဘူးဆိုရင္ေတာင္ရင္ထဲမွာေၾကကြဲဝမ္းနည္းေနဦးမွာ*
ကလ်ာခင္ၾကည္ေနာက္ဆံုးစာ႐ြက္လွန္ကာၾကည့္လိုက္သည္
*အၾကည္တာဝန္ေၾကၿပီ၊ကလ်ာ၊သမီးေလးကိုမဂၤလာပြဲမွာအတူရွိေနေပးခဲ့တယ္၊ကိုယ္ဝန္မေဆာင္ဖူးတဲ့အၾကည္ေလကိုယ္ဝန္ေဆာင္တဲ့သမီးေလးကိုမျပဳစုတတ္ေပ့မဲ့ျပဳစုေပးခဲ့တယ္၊
ေျမးအေခ်ာေလးေတြကိုထိန္းခဲ့တယ္၊ေျမးေတြကဧည့္ခန္းထဲကကလ်ာပံုကိုျမင္ရင္ဘယ္သူလဲတဲ့၊
အၾကည္ကလည္းေျဖရတာေပါ့၊ဘြားဘြားေလးလို႔ေျပာေတာ့
ဘြားဘြားေလးကေခ်ာတယ္တဲ့၊
အၾကည္က်န္းမာေရးခ်ဳျခာေနပါၿပီ၊
ဒူးေတြေခ်ာင္ၿပီးလမ္းမေလ်ွာက္နိုင္ေတာ့လို႔ဘီးတပ္ကုလားထိုင္နဲ႔သြားေနရၿပီ၊
အၾကည္ဟာအရင္လိုမလွေတာ့ဘူး၊ပါးေရတြန္႔ၿပီ၊ဆံပင္ေတြျဖဴၿပီဴပါးကုန္ၿပီ၊သို႔ေသာ္သနပ္ခါးေတာ့လိမ္းတုန္းပါပဲ၊ပန္းပန္တုန္ူပါပဲ၊
အၾကည္ေသရမွာမေၾကာက္ပါ၊အျမန္ဆံုးေသခ်င္ပါသည္၊
ကလ်ာကိုမေတြ႕ရတာႏုစ္ေတြၾကာေနေလၿပီ၊
ကလ်ာကိုေကာင္းကင္ဘံုမွာေတြ႕ခဲ့ရင္တင္းတင္းၾကပ္ၾကပ္ဖက္ထားမည္၊
ကလ်ာပါးကိုနမ္းရႈိက္မယ္၊
အၾကမ္းေရႏုင့္လက္ဖတ္ျပင္ေပးမယ္၊ေကာင္းကင္ဘံုမွာဒါေတြရပါ့မလားေနာ္၊
ေသရမွာရင္ခုန္ေနတဲ့ဒီအဘြားႀကီးကိုကလ်ာေမ်ွာ္ေနလိမ့္မည့္ဟုထင္ပါသည္၊
သမီးေလးကိုစိတ္ခ်ရၿပီမို႔အၾကည့္လိုက္လာပါခဲ့မည္*
ခ်စ္ျခင္းလွပၿပီးဝမ္းနည္းဖို႔ေကာင္းတဲ့ခ်စ္ျခင္း
မိသားစုေလးပိုက္ဆိုင္ခဲ့ရေပ့မဲ့သက္ဆံုးတိုင္အတူရွိခြင့္မရခဲ့ပါ၊
ဇာတ္လမ္းေလးကဟာတာတာနဲ႔တမ်ိဳးေလးပါပဲ၊
ဆန္းၾကယ္တဲ့အခ်စ္ဇာတ္လမ္း
ဒါကိုအၾကည္ႏုင့္ကလ်ာအခ်စ္လို႔ေခၚပါသည္၊
Extraေလးတင္ေပးလိုက္ပါၿပီ၊reviewေလးေတြေရးေပးၾကပါဦးေနာ္၊
Unicode
ကလျာခင်ကြည်ဆုံးသွားပြီဖြစ်သောမိခင်အခန်းလေးကိုရှင်းနေသည်၊စာအုပ်စင်ကတရားစာအုပ်မှားကိုကတ်ထူစက္ကူပုံးထဲထည့်လိုက်သည်၊အိပ်ရာကိုရှင်းနေရင်းပါအိပ်ရာအောက်ကစာအုပ်တစ်အုပ်ကိုဆွဲထုတ်လိုက်သည်၊ဟောငးနွမ်းနေသောစာအုပ်ရယ်၊အဖြူအမည်းခင်မေကြည်ပုံနုစ်ပုံရယ်၊ပထမဆုံးမြင်ဖူးသောမိသားစုဓာတ်ပုံလေး၊စာအုပ်ထဲကစာတချို့ဟာမိခင်ပြောပြဖူးလို့သိနေသည်၊သို့သော်တခုတည်းသောစာကိုတော့ကျလာခင်ကြည်မသိပါ၊ဒါကြောင့်စာအုပ်ကိုယူထားကာလုပ်စရာရှိတာကိုဆက်လုပ်နေသည်၊
ညဘက်ကလေးတွေကိုသိပ်ပြီးမှယောကျာ်းဖြစ်သူဘေးကပ်နေရင်းသတိရလာ၍
'ခင်၊ဘာစာအုက်ကြီးလဲ'
'မေမေကြီးစာအုပ်အကို၊မနက်ကသိမ်းရင်းတွေ့တာ'
'ခင်၊ကြာမှာလား'
'မသိသေးဘူး'
'ဒါဆိုအကိုအိပ်နုင့်ပြီ၊ခင်'
'ဟုတ်အကို'
စာရွက်တိုင်းမှာလှပသောစကားလုံးမှားနုင့်ကလျာထိုက်ဟူသောနာမည်ပါနေတတ်သည်၊
*သမီးလေးရယ်၊ကလျာရယ်၊အကြည်ရယ်မန္တလေးမြို့ကိုပတ်ရန်ထွက်လာသည်၊
ကလျာဟာသမီးငယ်ငယ်ကိုပိုက်ကာအဝေးကိုကြည့်နေသည်၊တခစ်ခစ်ရယ်နေတဲ့ကလေးငယ်ကိုသူမသဘောကျစွာပြုံးနေသည်၊ကလျာကပြောတယ်
'Sundayသွားမယ်လို့ပြောတာကိုအကြည်ကလည်း၊Mondayကြီးမုန်းလိုက်တာ'
'ဘာလို့တနင်္လာနေ့ကိုမုန်းတာလဲ'
'Mondayကဝမ်းနည်းစရာကြီး'
ထူးဆန်းတဲ့ခံစားချက်ရတတ်တဲ့တနင်္လာကိုကလျာမုန်းလှသည်၊
'ကြည့်ပါလား၊အကြည်ကောင်းကင်ကြီးကပါMondayကိုမုန်းကြောင်းပြနေတယ်'
ကောင်းကင်ကြီးကအုပ်ဆိုင်းကာဝမ်းနည်းစရာကောင်းနေသည်၊ကလျာဟာအရင်ကထက်ပိန်သွားသလို၊အရင်ကထက်မရွင်မလန်းပိုဖြစ်နေသည်၊ကလျာနေမကောင်းမှန်းအကြည်သိပါတယ်လေ၊
မလိမ်တတ်ပဲလိမ်နေတဲ့ကလေးငယ်
မပင်ပန်းပေဘူးလား၊
အကြည်စိတ်ချမ်းသာဖို့နေမကောင်းဖြစ်နေတာကို
ဘာကြောင့်မပြောရတာလဲ
အကြည်ကိုလိမ်နေတာမပီသလိုက်တာကွယ်၊
ဈေးကမုန့်လင်မယားဟာအကြည်အကြိုက်ပါ၊
ဘေးကကြည့်ကာပြုံးပေးနေတဲ့ကလျာရှိတော့မုန့်ကအရင်ကထက်ပိုအရသာရှိသည်၊
သမီးလေးကလျာခင်ကြည်ကလက်ကလေးဖြန့်ကာတောင်းတော့အကြည်တို့ရယ်မိကြတာပေါ့၊
အကြည်ဘဝဟာပြည်စုံနေပါပြီ
ချစ်တဲ့သူရင်ခွင်ထဲမှာအကြည်နေရသည်၊
ချစ်စရာကောင်းတဲ့သမီးလေးကိုချီပိုးနေတဲ့ကလျာရဲ့မိခင်ပုံရိပ်ကိုအကြည်တဝကြီးကြည့်ရသည်၊
ထူးဆန်းသောအချစ်လို့လူတိုင်းကသတ်မှတ်ကြတဲ့အကြည့်တို့ဟာဘဝကိုအလှပဆုံးအရိုးရှင်းဆုံးကျော်ဖြတ်နေကြပါသည်၊
မြက်ခင်းပြင်ကျယ်မှာဖျာကလေးခင်းကာဓာတ်ပြားလေးဖွင့်ထားပါသည်၊
'ကလျာအိမ်မက်တွေပဲ၊အကြည်၊ကလျာဒီလိုနေချင်ခဲ့တာ'
သူမမျက်လုံးတွေမှာအပျော်တွေရှိပါသည်၊အလှအပဆုံးဆိုတဲ့အရာတွေထက်သူမမျက်လုံးထဲကအပျော်တွေကပို၍လှပါသည်၊
'Roses are shining in picardy in the hush of the sliver dew
Roses are flowering in picardy
But the never a roses like u
And the roses will die with the summertime and our roads may be
Far aparts
But there's one rose that dies not in
Picardy
This the rose that i keep in my heart'
တဂျစ်ဂျစ်မြည်နေတဲ့ဓာတ်ပြားထဲကသီချင်းကိုသူမလိုက်ညည်းဆိုသည်၊Frederic Edward Weatherlyရေးစပ်ထားတဲ့Roses of Picardyသီချင်းဟာသူမအကြိုက်ပါ၊
ဟန်ပါပါဆိုနေရင်းအိပ်ပေါ်နေတဲ့သမီးလေးဖင်ကိုပုတ်ပေးနေသည်၊
အကြည်နမ်းပါရစေ၊ကလျာ၊
အကြည်ရင်ထဲကလျာဟာထွက်သွားတောာသူအလားဖြစ်နေသည်၊
အကြည်ဟာကြည်နူးစရာမြင်ကွင်းကိုတွေ့နေရပါသော်လည်း
အကြည်မပျော်နိုင်ပါ၊အကြည်ရင်ထဲလစ်ဟာနေပါသည်၊
အကြည်ကလျာနဖူးလေးကိုနမ်းလိုက်ပါသည်၊စူးစူးရှရှကြည့်တတ်လွန်းတဲ့သူမဟာနှုတ်ခမ်းတို့ကိုစုပ်ကာနမ်းလေသည်၊
အကြည်ရှက်ပါသည်၊သူမဟာလှပစွာကြည့်တတ်လွန်းတော့
ကလျာဟာရယ်ရှာသည်၊
'အကြည်ဟာလေ၊ကလျာနမ်းတိုင်းမနမ်းဖူးတဲ့အပျိုလေးလိုလုပ်နေတော့တာပါပဲ၊တကယ်ကိုချစ်စရာပါ၊အကြည်ဟာချသ်ဖို့ကောင်းတဲ့မိန်းမပျိုလေးပါ၊ကလျာရင်ကိုစမ်းကြည့်ပါဦး'
သူမလက်တွေကအကြည်လက်တွေကိုစုပ်ကိုင်ကာသူမရင်ဘတ်ပေါ်တင်ပေးသည်၊တဒုတ်ဒုတ်နုင့်အတိုင်းသားကြားနေရပါသောရင်ခုန်သံ၊
'ကလျာအကြည်ကိုနမ်းတိုင်းဒီလိုခံစားရတာပါနော်၊'
'အိုကွယ်'
'အကြည်၊တို့တွေမိသားစုဓာတ်ပုံလေးရိုက်ရအောင်'
'အင်းရိုက်ကြမယ်'
အရင်ကအကြည်ကိုရိုက်ပေးတဲ့ဓာတ်ပုံဆိုင်မှာဓာတ်ပုံသွားရိုက်ကြပါသည်၊*
ကလျာခင်ကြည်ပြုံးမိပါသည်၊ချစ်ဖို့ကောင်းပြီးထူးဆန်းသောမိသားစုလေးကိုသူမပိုင်ဆိုင်ခဲ့ရ၍ပျော်သွားသည်၊
နောက်စာရွက်တွေမှာကလျာထိုက်ကိုခင်မေကြည်ဘယ်လောက်သတိရကြောင်းရေးထားပါသည်၊စာရွက်တခုကိုကလျာခင်ကြည်သေချာပြန်ကြည့်မိသည်
*ကလျာဆုံးသွားပါပြီ၊တနင်္လာနေမုန်းသူလေးကတနင်္လာမှာပဲဆုံးသွားခဲ့သည်တဲ့၊သူမဖခင်ဆီကပစ္စည်းနုစ်ခုလက်ခံရရှိသည်၊
အကြည်ရဲ့ပုံလေးနုင့်အကြည်တို့မိသားစုဓာတ်ပုံလေးပါပဲ၊
အကြည်ကိုထားခဲ့တယ်၊မလုပ်ရသေးတဲ့အရာတွေအများကြီးရှိသေးတယ်ပြောပြီးအရင်ထွက်သွားတယ်၊
မသေခင်အချိန်ထိဒီမိသားစုပုံလေးနဲ့အကြည်ပုံလေးကိုငေးကြည့်ပါတယ်ဆို၊အကြည်ထိုးတဲ့ဆွယ်တာကအကြည်နွေးထွေးမှုကိုသေသည့်အထိပေးနိုင်ပါရဲ့လား၊
အကြည်ကိုဒီလိုပစ်ထားခဲ့လို့ရရိုးလား၊
အကြည်စိတ်တွေထွေပြားနေပါသည်၊ကလျာ
အကြည်တချို့ညတွေကလျာကိုပြန်လည်လိုချင်ပါသည်၊
တချို့ညတွေကျကလျာကိုလက်လွတ်ချင်ပါသည်၊
အကြည်မရင့်ကျက်ပါလားနော်၊
ကလေးတစ်ယောက်အမေဆိုသော်လည်း
အကြည်အချစ်နဲ့တွေ့ရင်ကလေးဆန်နေတုန်းပါပဲ၊
အော်ဟစ်ငိုကြွေးနေမိသလို
လွတ်မြောက်သွားတဲ့ကလျာကိုတွေးမိကာကျယ်လောင်စွာရယ်မိပါသည်၊
အကြည်ကိုကျန်းမာအောင်နေပါလ့ိုဘာလို့အမိန့်ပေးရတာလဲ
အကြည်ကလျာနောက်လိုက်ချင်ပါသည်၊
အကြည်ကိုအမိန့်ပေးတာအကြည်မကြိုက်ဘူးကလျာ
အကြည်ဟာမှားယွင်းတဲ့ခံစားချက်တွေကြောင့်ပူလောင်လှပါသည်၊
ရွှေဘိုသနပ်ခါးတုံးတွေနေလှန်းထားရင်အကြည်ငိုမိသည်၊
ဇီးထန်းလျက်လေးငုံထားတော့ကလျာပုံရိပ်တွေတွေးမိတဟ်၊
သမီးလေးကိုချီမိရင်အကြည့်ကလျာကိုယ်သင်းနံ့တွေရနေတယ်၊
မုန့်လင်မယားမစားဖြစ်တော့ဘူး၊
အကြမ်းရေနဲ့လက်ဖက်လည်းအကြည်မပြင်တော့ဘူး၊
အကြည်ဆီပြန်လာပါလို့ပြောချင်ပါတယ်၊
အဲ့အခါကလျာကပြုံးပြီးကြည့်နေမလားလို့တွေးမိပါသည်၊
အမှတ်တရတွေများလိုက်တာနော်
မန္တလေးမှာမနေချင်လို့အင်္ဂလန်ကိုကလျာဒယ်ဒီတို့နုင့်လိုက်သွားပါမည်၊
သမီးလေးနုင့်ပင်လယ်ကိုသွားမယ်၊
ကလျာဆွေမျိုးတွေကိုအကြည်ဟာကလျာရဲ့မဟေသီပါလို့ပြောပစ်မယ်၊အဲ့တာဆိုကလျာပြန်လာမှာပါလား၊
အကြည်ငိုမှာပါနော်၊
အပြင်ပန်းမှာမငိုဘူးဆိုရင်တောင်ရင်ထဲမှာကြေကွဲဝမ်းနည်းနေဦးမှာ*
ကလျာခင်ကြည်နောက်ဆုံးစာရွက်လှန်ကာကြည့်လိုက်သည်
*အကြည်တာဝန်ကြေပြီ၊ကလျာ၊သမီးလေးကိုမင်္ဂလာပွဲမှာအတူရှိနေပေးခဲ့တယ်၊ကိုယ်ဝန်မဆောင်ဖူးတဲ့အကြည်လေကိုယ်ဝန်ဆောင်တဲ့သမီးလေးကိုမပြုစုတတ်ပေ့မဲ့ပြုစုပေးခဲ့တယ်၊
မြေးအချောလေးတွေကိုထိန်းခဲ့တယ်၊မြေးတွေကဧည့်ခန်းထဲကကလျာပုံကိုမြင်ရင်ဘယ်သူလဲတဲ့၊
အကြည်ကလည်းဖြေရတာပေါ့၊ဘွားဘွားလေးလို့ပြောတော့
ဘွားဘွားလေးကချောတယ်တဲ့၊
အကြည်ကျန်းမာရေးချုခြာနေပါပြီ၊
ဒူးတွေချောင်ပြီးလမ်းမလျှောက်နိုင်တော့လို့ဘီးတပ်ကုလားထိုင်နဲ့သွားနေရပြီ၊
အကြည်ဟာအရင်လိုမလှတော့ဘူး၊ပါးရေတွန့်ပြီ၊ဆံပင်တွေဖြူပြီူပါးကုန်ပြီ၊သို့သော်သနပ်ခါးတော့လိမ်းတုန်းပါပဲ၊ပန်းပန်တုန်ူပါပဲ၊
အကြည်သေရမှာမကြောက်ပါ၊အမြန်ဆုံးသေချင်ပါသည်၊
ကလျာကိုမတွေ့ရတာနုစ်တွေကြာနေလေပြီ၊
ကလျာကိုကောင်းကင်ဘုံမှာတွေ့ခဲ့ရင်တင်းတင်းကြပ်ကြပ်ဖက်ထားမည်၊
ကလျာပါးကိုနမ်းရှိုက်မယ်၊
အကြမ်းရေနုင့်လက်ဖတ်ပြင်ပေးမယ်၊ကောင်းကင်ဘုံမှာဒါတွေရပါ့မလားနော်၊
သေရမှာရင်ခုန်နေတဲ့ဒီအဘွားကြီးကိုကလျာမျှော်နေလိမ့်မည့်ဟုထင်ပါသည်၊
သမီးလေးကိုစိတ်ချရပြီမို့အကြည့်လိုက်လာပါခဲ့မည်*
ချစ်ခြင်းလှပပြီးဝမ်းနည်းဖို့ကောင်းတဲ့ချစ်ခြင်း
မိသားစုလေးပိုက်ဆိုင်ခဲ့ရပေ့မဲ့သက်ဆုံးတိုင်အတူရှိခွင့်မရခဲ့ပါ၊
ဇာတ်လမ်းလေးကဟာတာတာနဲ့တမျိုးလေးပါပဲ၊
ဆန်းကြယ်တဲ့အချစ်ဇာတ်လမ်း
ဒါကိုအကြည်နုင့်ကလျာအချစ်လို့ခေါ်ပါသည်၊
Extraလေးတင်ပေးလိုက်ပါပြီ၊reviewလေးတွေရေးပေးကြပါဦးနော်၊



ခ်စ္တဲ့အၾကည္(ချစ်တဲ့အကြည်)completed Where stories live. Discover now