Part5

3.1K 321 1
                                    

ခင္ေမၾကည္ယေန႔ေတာ့မိခင္ခင္ခင္ၾကည္ကေ႐ႊလက္စြပ္လုပ္ေပးမည္ဆို၍လိုက္သြားရာ၊ေ႐ႊဆိုင္မ်က္ႏုာခ်င္းဆိုင္အရက္ဆိုင္တြင္မထင္မွတ္ထားသူကိုေတြ႕သြားသည္၊
'မမေလးဟိုမွာကလ်ာထိုက္မလား´
မေခြးမေလးရဲ႕ေျပာေနတာေၾကာင့္ၾကည့္လိုက္ေတာ့ထိုကေလးမကအရက္ဆိုင္ထဲမွာ
'အို...ဟုတ္ပ၊ဘယ္ႏုယ့္ကြယ္၊ဒီေခတ္မိန္းမပ်ိဳေတြအေတာ္ပင္ရဲၾကပါလား၊အရက္ဆိုင္မွာေယာက်ာ္းသားေတြနဲ႔ထိုင္ရတယ္လို႔ကြယ္၊မေခြးမေလး၊ဦးႀကီးကိုသြားေခၚလာေခ်၊´
'ဟုတ္မမ´
ခင္ေမၾကည္အရက္ဆိုင္ထဲခပ္ရွိန္ရွိန္ျဖစ္ေနေသာ္လည္ဝင္သြားရသည္၊သူမရွိရာအရက္ဝိုင္းကိုသြားသည္၊ေဘးမွာလည္းေယာက်ာ္းသားေတြႏုင့္ေသခ်ာၾကည့္ေတာ့လူ႔ေပၚေၾကာ့သူေဌးသားေတြ၊
'ကလ်ာ၊ကလ်ာ´
ကေလးမမူးေနၿပီ၊နီရဲေနေသာပါးမ်ားႏုင့္ရီေဝေနေသာမ်က္လံုးမ်ားကသက္ေသပင္၊ဝီစကီနံ႔ေတြေထာင္းေနေရာပါပဲ၊ဘယ္ႏုယ့္ကြယ္စိတ္ညစ္စရာမ်ားရွိလို႔ေသာက္ေလရသလား
'အၾကည္...အၾကည့္ပါလား၊လာေလထိုင္ထိုင္´
'အၾကည္ထိုင္ဖို႔လာတာမဟုတ္ပါ၊ကလ်ာကိုလာေခၚတာသြားမယ္´
'ေနပါဦး၊နာမည္ေလးကအၾကည္တဲ့လား၊လွတယ္ဗ်ာ´
ေျခဆံုးေခါင္းဆံုးၾကည့္ကာလူကိုေစာ္ကားလာေတာ့ေဒါသကတစ္ဆံုးထြက္သြားသည္၊လက္ကုိပါလာဆြဲလာေတာ့စိတ္တိုတိုျဖင့္
*ျဖန္း*
'ဒီမယ္!ဆန္ကုန္ေျမေလးနင္တို႔ထိကိုင္ရေလာက္တဲ့အထိငါကနိမ့္မက်ဘူး´
နန္းတြင္းေသြးပါတဲ့သူမဟာမာန္ပါပါတခ်က္ေဟာက္ထလိုက္သည္၊
'ဟာ!ဒီမိန္းမ´
'မမေလး´
ၾကားထဲကဝင္ခံလိုက္တဲ့မေခြးမေလးပါးကိုရိုက္မိသြားသည္၊
'မေခြးမေလး!တယ္!ဒီေကာင္ေတာ့´
'သမီးသမီးမလုပ္နဲ႔၊ဦးႀကီးေတာင္းပန္ပါတယ္ကြယ္´
'ကြၽန္မရတယ္မမေလး၊´
မေခြးမေလးကရပါတယ္ေျပာေပ့မယ္ေဒါသမေျပ
'ဒီကေလးမကိုထူပါဦး၊ဦးႀကီးရယ္၊ဘယ္ႏုယ့္ေတာ္´
မိခင္ျဖသ္သူကေနခဲ့မည္ဆို၍
ကလ်ာထိုက္ကိုရထားလံုးေပၚတင္ကာျပန္လာခဲ့ၾကသည္၊
'မာမီတို႔နားမလည္ပါဘူး´
အေၾကာင္းအရင္းမရွိထေျပာလာတဲ့စကားေၾကာင့္ခင္ေမၾကည္
မေခြးမေလးေဘးအိပ္ေနတဲ့ကလ်ာကိုၾကည့္မိသည္၊
အိမ္ျပန္ေရာက္သည္ႏုင့္ခင္ေမၾကည္မိမိအခန္းထဲပဲကလ်ာကိုေနရာခ်ေပးၿပီးေရပတ္တိုက္ရန္ကိုယ္ခႏၶာကအဝတ္အစားေတြခြၽတ္ေတာ့
'မမေလး၊ဒါေတြက....´
'ရိုက္ထားခံရတာပဲ၊´
သက္္ျပင္းတခ်က္ခ်ကာေရပတ္တိုက္ေပးၿပီး
'မေခြးမေလး၊အက်ီ ၤေပး´
အက်ီ ၤဝတ္ေပးၿပီးေတာ့မေခြးမေလးလည္းသြားအိပ္ခ်ိန္မွာေအးေဆးစာဖတ္ေနခ်ိန္
'မရိုက္ပါနဲ႔၊ေၾကာက္ပါၿပီ´
'ကလ်ာ၊´
'မလုပ္ပါနဲ႔ေတာ့´
'ကလ်ာ´
ခင္ေမၾကည္လႈပ္နိုးလိုက္ေတာ့မွမ်က္လံုးေလးဖြင့္ကာၾကည့္ၿပီးခင္ေမၾကည္ကိုအတင္းဖက္ထားသည္၊
'ဟမ္!အၾကည္´
'အင္း၊အိမ္မက္ဆိုးေတြမက္ေနတာလား´
'အင္း´
'အို..ေအး..အို၊အိပ္ပါကြယ္၊အို...´
ဘာစဥ္းစားရမွန္းမသိလို႔သီခ်င္းေလးညည္းသလိုလိုညည္းျပကာသိပ္ေတာ့ခ်က္ခ်င္းအိပ္ေပ်ာ္သြားရွာတယ္၊ဘာေတြမ်ားႀကံဳခဲ့လိုလဲမသိေပ့မဲ့မ်က္ရည္ေလးေတြစို႔ေနတာကေတာ့အဆိုးေတြအမ်ားႀကီးႀကံဳခဲ့ေၾကာင္းျပေနသည္၊ခင္ေမၾကည္သနားစြာပဲမ်က္ရည္ေတြကိုသုတ္ေပးၿပီးမီးမွိတ္ကာေဘးေတြင္ဝင္အိပ္လိုက္သည္၊
မနက္မိုးလင္းေတာ့ေခါင္းမေထာင္နိုင္ေတာ့ဘူး၊ေသခ်ာၾကည့္ေတာ့မိမိအခန္းမဟုတ္၊
'ဟမ္၊ဒီျပတင္းေပါက္´
'နိုးၿပီးလား၊ကေလးမ´
ခါးေထာက္ကာစိတ္ဆိုးသလိုၾကည့္ေနသည္ခင္ေမၾကည္ကိုအားနာစြာျပန္ၾကည့္လိုက္သည္၊
'အၾကည္ကိုဒုကၡေပးသလိုျဖစ္သြားၿပီ၊ေတာင္းပန္ပါတယ္ေနာ္´
'ရပါတယ္၊ဒါေပမဲ့အၾကည္ကိုကတိတခုေပးရမယ္´
'ဟုတ္ေပးမယ္´
'ဟိုသူေဌးသားေတြနဲ႔ေနာက္မေပါင္းပါနဲ႔ေနာ္၊အၾကည္ကိုဒီကတိေပးမယ္မလား´
'အင္း၊ဒါေပမဲ့ဘာလို႔လဲ´
'စိတ္ပူလို႔ေပါ့၊ကလ်ာဟာမိန္းမပ်ိဳေလးေလ၊အဲ့လိုဆန္ကုန္ေျမေလးလူယုတ္မာေတြကတခုခုလုပ္သြားရင္ဘယ္ႏုယ့္လုပ္မလဲ´
'အၾကည္ကစိတ္ပူတယ္ေပါ့´
'ေၾသာ္၊အၾကည္ကစိတ္ပူရတာေပါ့´
'ဘာလို႔လဲ၊ခ်စ္လို႔လား´
သူမမ်က္လံုးေတြခင္ေမၾကည္ေသခ်ာၾကည့္ေတာ့လွလိုက္တာ၊ၿဗိတိသ်ွဗမာကျပားမိန္းကေလးမ်က္လံုးကျပာလဲ့လဲအရည္႐ြန္းေနသည္၊မိတ္ကပ္မကူထားေပ့မဲ့ရဲနီနီပါးကေလးဟာကေလးေလးသဖြယ္၊ဖူးဖူးေသးေသးနႈတ္ခမ္းေလးကလည္းလွျပန္ေရာ၊ဘိလပ္မ်က္ႏုာနဲ႔ဗမာမိန္းကေလးပါလား
'အင္းခ်စ္တယ္´
ခ်စ္တယ္တဲ့၊အၾကည္ကခ်စ္တယ္တဲ့ေနာက္ဆက္တြဲစကားသာမပါရင္သိပ္ၾကည္ႏူးဖို႔ေကာင္းမွာပါ
'ညီမေလးလို....´
မ်က္ႏုာကေလးညိဳးသြားလိုက္တာဘာေၾကာင္မ်ားလဲ၊လွလြန္း
တဲ့မ်က္ႏုာကၿပံဳးျပမွေပါ့ကြယ္
'ညီမေလးတဲ့..ဟြန္း´
ေမးကေလးေထာက္ကာနႈတ္ခမ္းကေလးဆူသတဲ့၊အၾကည္ကိုေသေအာင္မ်ားျပဳစားေလသလား၊အေတြးေတြရယ္ဘာေၾကာင့္မ်ားဒီမိန္းကေလးက်မွမ်ားရသလဲ၊ျပာလဲ့လဲ့မ်က္လံုးပိုင္ရွင္ေလးရယ္ဘာေတြမ်ားေမ်ွာ္လင့္ေနသလဲ၊မျဖစ္နိုင္တာေတြကိုေတာင္းဆိုမလို႔လားကြယ္၊ကေလးေလးလိုျဖဴစင္ပါ့လား၊
ၾကည့္ျပန္ၿပီဒီမ်က္လံုး၊ေတာ္ပါေတာ့လား၊မနက္ခင္းႀကီးမွာလူကိုမေနာမွာအျပစ္ထင္ေအာင္လုပ္ျပေနတာပဲ
'အၾကည္ကညီမေလးလိုမခ်စ္ရင္ဘယ္လိုခ်စ္ရမလဲ´
'တခါတေလတို႔ေယာက်ာ္းသိပ္ျဖစ္ခ်င္တာပဲ´
'ဘာလို႔လဲ´
'အၾကည္ကိုပုိင္ခ်င္လို႔´
အလို..အၾကည္ကိုပိုင္ခ်င္တယ္တဲ့လား၊ဘယ္လိုေတာင္လားကေလးမရယ္၊အၾကည္လည္းဆုေတာင္းေပးပါတယ္၊အၾကည္ကိုပိုင္ပါေစလို႔
'ဒီေကာင္မေလးဘယ္ေတြေျပာေနသလဲ၊ထမ်က္ႏုာသစ္၊မနက္စာစားမယ္´
ေဟာ...ရွက္သြားတာလား၊ေျပးထြက္သြားလိုက္တာ
ကလ်ာထိုက္ကုတင္ေပၚျပန္လွဲခ်ကာၿပံဳးေနရင္းမေန႔ညကဘာေတြျဖစ္ခဲ့သလဲျပန္စဥ္းစားရာ၊ေဘးကေခါင္းအံုးအပိုတစ္လံုး
ကိုေတြ႕ေတာ့ယူကာနမ္းၾကည့္ေတာ့
'သနပ္ခါးနံ႔...ဒါဆိုမေန႔ညက...´
အေပ်ာ္လြန္သြားသည္၊ခ်စ္ရတဲ့ခင္ေမၾကည္ေဘးမွာအိပ္ေနသည္ဆိုတဲ့အသိေလးနဲ႔တင္ရင္ေတြေပါက္ကြဲမထပ္ခုန္ေနသည္
ထိုအခ်ိန္
'နည္းနည္းေလးေသာက္လိုက္ပါေနာ္´
'မေသာက္ဘူး၊ငါအိမ္ျပန္မယ္၊´
'ႀကီးႀကီး၊ထားခဲ့၊ကြၽန္ေတာ္ေကြၽးမယ္´
ၾကက္စြပ္ျပဳတ္ပန္းကန္ကိုယူကာမင္းေနာင္ေဘးဝင္ထိုင္ကာ
'ကိုကုိႀကီးစားလိုက္ပါေနာ္´
'မ...စား.....ဘူး´
'ကိုကိုႀကီး´
'.....´
'ကိုကုိႀကီးလို႔´
'ဘာလဲကြာ၊´
'စားမွာလား၊မစားဘူးလား´
'မစားဘူး´
'မစားဘူးေပါ့၊´
'ေအးဟုတ္တယ္´
'ရတယ္ေလ´
မ်က္ႏုာနားအတင္းကပ္လာေတာ့မင္းေနာင္လန္႔သြားသည္
'မင္း...မင္းဘာလုပ္တာလဲ´
'နမ္းမွာ၊မစားဘူးေျပာတဲ့နႈတ္ခမ္းကိုေသြးထြက္ေအာင္ကိုက္ပစ္မွာ၊စားမွာလားေျပာ´
'စား..စားမယ္၊ဖယ္´
'ဒီလိုမွေပါ့၊ေရာ႕၊ပူတယ္ေနာ္မႈတ္ေသာက္´
တဇြန္းႏုစ္ဇြန္းစားၿပီးသည္ႏုင့္ျပန္ခ်လိုက္သည္၊
'စားပါဦး၊အသားေလးနည္းနည္းကိုက္လိုက္ပါ´
'မစားဘူးကြာ၊ေတာ္ၿပီ´
'ကြၽန္ေတာ္နမ္းရမွာလား´
ခ်က္ခ်င္းဆိုသလိုအသားတံုးကိုကိုက္စားလိုက္သည္၊မ်က္ေစာင့္ထိုးကာဆူပုတ္ၿပီးၾကည့္ေနလိုက္တာ၊ကိုကိုႀကီးကတကယ္ခ်စ္စရာေကာင္းသည္၊
'ကြၽန္ေတာ္ကိုကိုႀကီးကိုခ်စ္တယ္၊ဒီစကားကိုမနက္ျဖန္လဲေျပာဦးမွာ၊ေနာက္ရက္ေတြေကာေပါ့၊ႏုစ္ေတြၾကာတဲ့အထိကိုကိုႀကီးကိုခ်စ္ေနဦးမွာ´
ကိုယ္ခ်ီပိုးခဲ့တဲ့ကေလးငယ္ငယ္ဟာအခုေတာ့ကိုယ့္ကိုခ်စ္စကားဆိုေနသတဲ့၊ေလာကႀကီးမွာထူးဆန္းတာေတြဒီေလာက္ေတာင္မ်ားျပားသလား၊ဒီကေလးကဘာေၾကာင့္မ်ားက်ဳပ္ကိုဒီလိုေတြၾကည့္ေနသလဲ
Unicode
ခင်မေကြည်ယနေ့တော့မိခင်ခင်ခင်ကြည်ကရွှေလက်စွပ်လုပ်ပေးမည်ဆို၍လိုက်သွားရာ၊ရွှေဆိုင်မျက်နုာချင်းဆိုင်အရက်ဆိုင်တွင်မထင်မှတ်ထားသူကိုတွေ့သွားသည်၊
'မမလေးဟိုမှာကလျာထိုက်မလား´
မခွေးမလေးရဲ့ပြောနေတာကြောင့်ကြည့်လိုက်တော့ထိုကလေးမကအရက်ဆိုင်ထဲမှာ
'အို...ဟုတ်ပ၊ဘယ်နုယ့်ကွယ်၊ဒီခေတ်မိန်းမပျိုတွေအတော်ပင်ရဲကြပါလား၊အရက်ဆိုင်မှာယောကျာ်းသားတွေနဲ့ထိုင်ရတယ်လို့ကွယ်၊မခွေးမလေး၊ဦးကြီးကိုသွားခေါ်လာချေ၊´
'ဟုတ်မမ´
ခင်မေကြည်အရက်ဆိုင်ထဲခပ်ရှိန်ရှိန်ဖြစ်နေသော်လည်ဝင်သွားရသည်၊သူမရှိရာအရက်ဝိုင်းကိုသွားသည်၊ဘေးမှာလည်းယောကျာ်းသားတွေနုင့်သေချာကြည့်တော့လူ့ပေါ်ကြော့သူဌေးသားတွေ၊
'ကလျာ၊ကလျာ´
ကလေးမမူးနေပြီ၊နီရဲနေသောပါးများနုင့်ရီဝေနေသောမျက်လုံးများကသက်သေပင်၊ဝီစကီနံ့တွေထောင်းနေရောပါပဲ၊ဘယ်နုယ့်ကွယ်စိတ်ညစ်စရာများရှိလို့သောက်လေရသလား
'အကြည်...အကြည့်ပါလား၊လာလေထိုင်ထိုင်´
'အကြည်ထိုင်ဖို့လာတာမဟုတ်ပါ၊ကလျာကိုလာခေါ်တာသွားမယ်´
'နေပါဦး၊နာမည်လေးကအကြည်တဲ့လား၊လှတယ်ဗျာ´
ခြေဆုံးခေါင်းဆုံးကြည့်ကာလူကိုစော်ကားလာတော့ဒေါသကတစ်ဆုံးထွက်သွားသည်၊လက်ကိုပါလာဆွဲလာတော့စိတ်တိုတိုဖြင့်
*ဖြန်း*
'ဒီမယ်!ဆန်ကုန်မြေလေးနင်တို့ထိကိုင်ရလောက်တဲ့အထိငါကနိမ့်မကျဘူး´
နန်းတွင်းသွေးပါတဲ့သူမဟာမာန်ပါပါတချက်ဟောက်ထလိုက်သည်၊
'ဟာ!ဒီမိန်းမ´
'မမလေး´
ကြားထဲကဝင်ခံလိုက်တဲ့မခွေးမလေးပါးကိုရိုက်မိသွားသည်၊
'မခွေးမလေး!တယ်!ဒီကောင်တော့´
'သမီးသမီးမလုပ်နဲ့၊ဦးကြီးတောင်းပန်ပါတယ်ကွယ်´
'ကျွန်မရတယ်မမလေး၊´
မခွေးမလေးကရပါတယ်ပြောပေ့မယ်ဒေါသမပြေ
'ဒီကလေးမကိုထူပါဦး၊ဦးကြီးရယ်၊ဘယ်နုယ့်တော်´
မိခင်ဖြသ်သူကနေခဲ့မည်ဆို၍
ကလျာထိုက်ကိုရထားလုံးပေါ်တင်ကာပြန်လာခဲ့ကြသည်၊
'မာမီတို့နားမလည်ပါဘူး´
အကြောင်းအရင်းမရှိထပြောလာတဲ့စကားကြောင့်ခင်မေကြည်
မခွေးမလေးဘေးအိပ်နေတဲ့ကလျာကိုကြည့်မိသည်၊
အိမ်ပြန်ရောက်သည်နုင့်ခင်မေကြည်မိမိအခန်းထဲပဲကလျာကိုနေရာချပေးပြီးရေပတ်တိုက်ရန်ကိုယ်ခန္ဓာကအဝတ်အစားတွေချွတ်တော့
'မမလေး၊ဒါတွေက....´
'ရိုက်ထားခံရတာပဲ၊´
သက််ပြင်းတချက်ချကာရေပတ်တိုက်ပေးပြီး
'မခွေးမလေး၊အကျီ ၤပေး´
အကျီ ၤဝတ်ပေးပြီးတော့မခွေးမလေးလည်းသွားအိပ်ချိန်မှာအေးဆေးစာဖတ်နေချိန်
'မရိုက်ပါနဲ့၊ကြောက်ပါပြီ´
'ကလျာ၊´
'မလုပ်ပါနဲ့တော့´
'ကလျာ´
ခင်မေကြည်လှုပ်နိုးလိုက်တော့မှမျက်လုံးလေးဖွင့်ကာကြည့်ပြီးခင်မေကြည်ကိုအတင်းဖက်ထားသည်၊
'ဟမ်!အကြည်´
'အင်း၊အိမ်မက်ဆိုးတွေမက်နေတာလား´
'အင်း´
'အို..အေး..အို၊အိပ်ပါကွယ်၊အို...´
ဘာစဉ်းစားရမှန်းမသိလို့သီချင်းလေးညည်းသလိုလိုညည်းပြကာသိပ်တော့ချက်ချင်းအိပ်ပျော်သွားရှာတယ်၊ဘာတွေများကြုံခဲ့လိုလဲမသိပေ့မဲ့မျက်ရည်လေးတွေစို့နေတာကတော့အဆိုးတွေအများကြီးကြုံခဲ့ကြောင်းပြနေသည်၊ခင်မေကြည်သနားစွာပဲမျက်ရည်တွေကိုသုတ်ပေးပြီးမီးမှိတ်ကာဘေးတွေင်ဝင်အိပ်လိုက်သည်၊
မနက်မိုးလင်းတော့ခေါင်းမထောင်နိုင်တော့ဘူး၊သေချာကြည့်တော့မိမိအခန်းမဟုတ်၊
'ဟမ်၊ဒီပြတင်းပေါက်´
'နိုးပြီးလား၊ကလေးမ´
ခါးထောက်ကာစိတ်ဆိုးသလိုကြည့်နေသည်ခင်မေကြည်ကိုအားနာစွာပြန်ကြည့်လိုက်သည်၊
'အကြည်ကိုဒုက္ခပေးသလိုဖြစ်သွားပြီ၊တောင်းပန်ပါတယ်နော်´
'ရပါတယ်၊ဒါပေမဲ့အကြည်ကိုကတိတခုပေးရမယ်´
'ဟုတ်ပေးမယ်´
'ဟိုသူဌေးသားတွေနဲ့နောက်မပေါင်းပါနဲ့နော်၊အကြည်ကိုဒီကတိပေးမယ်မလား´
'အင်း၊ဒါပေမဲ့ဘာလို့လဲ´
'စိတ်ပူလို့ပေါ့၊ကလျာဟာမိန်းမပျိုလေးလေ၊အဲ့လိုဆန်ကုန်မြေလေးလူယုတ်မာတွေကတခုခုလုပ်သွားရင်ဘယ်နုယ့်လုပ်မလဲ´
'အကြည်ကစိတ်ပူတယ်ပေါ့´
'သြော်၊အကြည်ကစိတ်ပူရတာပေါ့´
'ဘာလို့လဲ၊ချစ်လို့လား´
သူမမျက်လုံးတွေခင်မေကြည်သေချာကြည့်တော့လှလိုက်တာ၊ဗြိတိသျှဗမာကပြားမိန်းကလေးမျက်လုံးကပြာလဲ့လဲအရည်ရွန်းနေသည်၊မိတ်ကပ်မကူထားပေ့မဲ့ရဲနီနီပါးကလေးဟာကလေးလေးသဖွယ်၊ဖူးဖူးသေးသေးနှုတ်ခမ်းလေးကလည်းလှပြန်ရော၊ဘိလပ်မျက်နုာနဲ့ဗမာမိန်းကလေးပါလား
'အင်းချစ်တယ်´
ချစ်တယ်တဲ့၊အကြည်ကချစ်တယ်တဲ့နောက်ဆက်တွဲစကားသာမပါရင်သိပ်ကြည်နူးဖို့ကောင်းမှာပါ
'ညီမလေးလို....´
မျက်နုာကလေးညိုးသွားလိုက်တာဘာကြောင်များလဲ၊လှလွန်း
တဲ့မျက်နုာကပြုံးပြမှပေါ့ကွယ်
'ညီမလေးတဲ့..ဟွန်း´
မေးကလေးထောက်ကာနှုတ်ခမ်းကလေးဆူသတဲ့၊အကြည်ကိုသေအောင်များပြုစားလေသလား၊အတွေးတွေရယ်ဘာကြောင့်များဒီမိန်းကလေးကျမှများရသလဲ၊ပြာလဲ့လဲ့မျက်လုံးပိုင်ရှင်လေးရယ်ဘာတွေများမျှော်လင့်နေသလဲ၊မဖြစ်နိုင်တာတွေကိုတောင်းဆိုမလို့လားကွယ်၊ကလေးလေးလိုဖြူစင်ပါ့လား၊
ကြည့်ပြန်ပြီဒီမျက်လုံး၊တော်ပါတော့လား၊မနက်ခင်းကြီးမှာလူကိုမနောမှာအပြစ်ထင်အောင်လုပ်ပြနေတာပဲ
'အကြည်ကညီမလေးလိုမချစ်ရင်ဘယ်လိုချစ်ရမလဲ´
'တခါတလေတို့ယောကျာ်းသိပ်ဖြစ်ချင်တာပဲ´
'ဘာလို့လဲ´
'အကြည်ကိုပိုင်ချင်လို့´
အလို..အကြည်ကိုပိုင်ချင်တယ်တဲ့လား၊ဘယ်လိုတောင်လားကလေးမရယ်၊အကြည်လည်းဆုတောင်းပေးပါတယ်၊အကြည်ကိုပိုင်ပါစေလို့
'ဒီကောင်မလေးဘယ်တွေပြောနေသလဲ၊ထမျက်နုာသစ်၊မနက်စာစားမယ်´
ဟော...ရှက်သွားတာလား၊ပြေးထွက်သွားလိုက်တာ
ကလျာထိုက်ကုတင်ပေါ်ပြန်လှဲချကာပြုံးနေရင်းမနေ့ညကဘာတွေဖြစ်ခဲ့သလဲပြန်စဉ်းစားရာ၊ဘေးကခေါင်းအုံးအပိုတစ်လုံး
ကိုတွေ့တော့ယူကာနမ်းကြည့်တော့
'သနပ်ခါးနံ့...ဒါဆိုမနေ့ညက...´
အပျော်လွန်သွားသည်၊ချစ်ရတဲ့ခင်မေကြည်ဘေးမှာအိပ်နေသည်ဆိုတဲ့အသိလေးနဲ့တင်ရင်တွေပေါက်ကွဲမထပ်ခုန်နေသည်
ထိုအချိန်
'နည်းနည်းလေးသောက်လိုက်ပါနော်´
'မသောက်ဘူး၊ငါအိမ်ပြန်မယ်၊´
'ကြီးကြီး၊ထားခဲ့၊ကျွန်တော်ကျွေးမယ်´
ကြက်စွပ်ပြုတ်ပန်းကန်ကိုယူကာမင်းနောင်ဘေးဝင်ထိုင်ကာ
'ကိုကိုကြီးစားလိုက်ပါနော်´
'မ...စား.....ဘူး´
'ကိုကိုကြီး´
'.....´
'ကိုကိုကြီးလို့´
'ဘာလဲကွာ၊´
'စားမှာလား၊မစားဘူးလား´
'မစားဘူး´
'မစားဘူးပေါ့၊´
'အေးဟုတ်တယ်´
'ရတယ်လေ´
မျက်နုာနားအတင်းကပ်လာတော့မင်းနောင်လန့်သွားသည်
'မင်း...မင်းဘာလုပ်တာလဲ´
'နမ်းမှာ၊မစားဘူးပြောတဲ့နှုတ်ခမ်းကိုသွေးထွက်အောင်ကိုက်ပစ်မှာ၊စားမှာလားပြော´
'စား..စားမယ်၊ဖယ်´
'ဒီလိုမှပေါ့၊ရော့၊ပူတယ်နော်မှုတ်သောက်´
တဇွန်းနုစ်ဇွန်းစားပြီးသည်နုင့်ပြန်ချလိုက်သည်၊
'စားပါဦး၊အသားလေးနည်းနည်းကိုက်လိုက်ပါ´
'မစားဘူးကွာ၊တော်ပြီ´
'ကျွန်တော်နမ်းရမှာလား´
ချက်ချင်းဆိုသလိုအသားတုံးကိုကိုက်စားလိုက်သည်၊မျက်စောင့်ထိုးကာဆူပုတ်ပြီးကြည့်နေလိုက်တာ၊ကိုကိုကြီးကတကယ်ချစ်စရာကောင်းသည်၊
'ကျွန်တော်ကိုကိုကြီးကိုချစ်တယ်၊ဒီစကားကိုမနက်ဖြန်လဲပြောဦးမှာ၊နောက်ရက်တွေကောပေါ့၊နုစ်တွေကြာတဲ့အထိကိုကိုကြီးကိုချစ်နေဦးမှာ´
ကိုယ်ချီပိုးခဲ့တဲ့ကလေးငယ်ငယ်ဟာအခုတော့ကိုယ့်ကိုချစ်စကားဆိုနေသတဲ့၊လောကကြီးမှာထူးဆန်းတာတွေဒီလောက်တောင်များပြားသလား၊ဒီကလေးကဘာကြောင့်များကျုပ်ကိုဒီလိုတွေကြည့်နေသလဲ

ခ်စ္တဲ့အၾကည္(ချစ်တဲ့အကြည်)completed Where stories live. Discover now