သစၥာမ်ားစြာျဖင့္(သစ္စာများစွာဖြင့်)

856 106 1
                                    

ႏွစ္ေတြလေတြၾကာေညာင္းသြားေပ့မဲ့
ဒီလူသားကိုအခ်ိန္တိုင္းေစာင့္ေနတယ္
ၪီးရန္ထိုက္အိမ္ကိုေရာက္လာခ်ိန္
အၾကည္ကလ်ာကိုတအားေတြ့ခ်င္မိတယ္

ရင္ႏွင့္တမ်ွခ်စ္ရပါေသာကလ်ာ
ကလ်ာကိုျပန္လည္ေမတၲာသက္ဝင္ေနမိသည္ကို
သိလိုက္တဲ့အခ်ိန္ကတည္းက......
ခင္ေမၾကည္ရဲ့ဘဝဟာကလ်ာျဖစ္သြားခဲ့ၿပီးသားပါ

ကလ်ာဆံုးပါးသြားၿပီဆိုတာသိရၿပီႏွစ္လအၾကာမွာ
ကိုယဥ္ေလးေမာင္အၾကည္ဆီေရာက္လာခဲ့တယ္

'အၾကည္ေနေကာင္းတယ္ေနာ္´

'ေကာင္းပါတယ္၊ကိုယဥ္ေလးေမာင္´

'နာမည္ေခၚေနတာရွည္ပါတယ္၊ေမာင္လို႔ပဲေခၚပါ့လားဗ်ာ´

'အၾကည္ဆီကိုယဥ္ေလးေမာင္လာတဲ့အေၾကာင္းအရင္းမွန္ကိုသိတာမို႔ကုန္ကိစၥအေၾကာင္းေျပာဖို႔ဆိုၿပီးလိမ္စရာမလိုပါဘူး၊ကိုယဥ္ေလးေမာင္´

ကိုယဥ္ေလးေမာင္ကသက္ျပင္းခ်ကာ

'အၾကည္နဲ႔သမီးဟာသားအမိႏွစ္ေယာက္တည္းပါ၊
တခုခုဆိုေယာက်ာ္းသားတစ္ေယာက္ရိွကိုရိွသင့္တယ္လို႔ထင္တယ္၊သမီးေလးဟာလည္းမၾကာခင္ႀကီးလာေတာ့မွာမို႔
ကလ်ာခင္ၾကည္မွာမိဘႏွစ္ပါးရိွသင့္တာအမွန္ပါပဲေလ
ဒါေၾကာင့္ကြၽန္ေတာ္အၾကည္နဲ႔သမီးကို
ေစာင့္ေရွာက္ခြင့္ျပဳဖို႔ေတာင္းဆိုပါရေစ၊
ကြၽန္ေတာ္အၾကည္ကိုလက္ထပ္ပါရေစ´

ခင္ေမၾကည္လွည့္ၾကည့္ကာျပတ္သားစြာေျဖလိုက္သည္၊

'ကေလးမွာဖေအေကာမေအေကာရိွၿပီးသားပါ၊
ကေလးရဲ့ဖေအကကလ်ာထိုက္၊မေအကအၾကည္ပါ၊
ကြၽန္မလင္ေယာက်ာ္းေနရာမွာဘယ္သူကိုမွအစားမထိုးခ်င္ဘူး
ကိုယဥ္ေမာင္ေလး၊ကြၽန္မဟာသစၥာရိွတဲ့မိန္းမတစ္ေယာက္၊
ကြၽန္မခ်စ္တဲ့သူအေပၚဘယ္ေတာ့မွသစၥာမေဖာက္ဘူး၊
ဘိလပ္ျပန္တိုင္းကိုအၾကည္မခ်စ္ႏိုင္ဘူး၊
အၾကည္ခ်စ္တဲ့ဘိလပ္ျပန္ဟာတစ္ေယာက္ပဲရိွတယ္၊
အဲ့တာၿဗိတိသ်ွဗမာကျပားမိန္းကေလးကလ်ာထိုက္ပဲ၊´

'သူကေသသြားၿပီေလ´

'အခ်စ္ဆိုတာထာဝရရွင္သန္တာပါ၊
ခဏတာေနေရာင္မရလို႔ႏြမ္းလ်ေနတာကို
ေသသြားၿပီးလို႔မထင္ေလနဲ႔၊
အၾကည္တို႔ဟာျပန္ဆံုၾကၪီးမွာ´

'ခင္ေမၾကည္!မင္းနားလည္စမ္းပါ!
ေယာက်ာ္းမရိွပဲဘဝကိုကေလးတစ္ေယာက္နဲ႔ျဖတ္သန္းမတဲ့လား၊ကေလးႀကီးလာတာနဲ႔အမ်ွရလာမယ့္စိတ္ဒဏ္ရာကို
မင္းဘယ္လိုေျဖရွင္းမလဲ´

'အၾကည္ကကေလးတစ္ေယာက္ကို
မထိန္းသိမ္းနဲ႔အညံ့စားမိန္းမဟုတ္ပါဘူး၊
ေယာက်ာ္းတစ္ေယာက္ကိုမွီခိုေနမွဘဝမဟုတ္ဘူးရွင့္၊´

'ကြၽန္ေတာ္ေတာင္းပန္ပါတယ္၊အၾကည္၊´

'အၾကည္အဂၤလန္ကိုသြားေတာ့မယ္´

'အင္းပါအၾကည္၊ ဒါေပ့မဲ့အၾကည္မႏၲေလးမွာယဥ္ေမာင္ေလးဆိုတဲ့ေယာက်ာ္းတစ္ေယာက္ကမင္းကိုအၿမဲခ်စ္ေနမယ္ဆိုတာသိထားပါ၊
မင္းမခ်စ္လည္းရၿပီမို႔၊
ကိုယ္မင္းကိုခ်စ္တာေတာ့သိထားေပးပါ၊အၾကည္´

'ဟုတ္ကဲ့ပါ´

အဂၤလန္ကိုအၾကည္လိုက္ေနေတာ့
ကလ်ာမာမီနဲ႔ဒယ္ဒီေခၚလို႔
သမီးေလးနဲ႔အၾကည္အိမ္တတ္ပြဲတခုကိုေရာက္သြားသည္
အိမ္ပိုင္ရွင္အမ်ိဳးသမီးက
ကလ်ာရဲ့အေဒၚလို႔ကလ်ာမာမီကေျပာျပတယ္၊
အဲ့အမ်ိဳးသမီးကအၾကည္နားလာၿပီ

'Who are you?´

အၾကည္ၿပံဳးကာတခြန္းတည္းေျဖလိုက္တယ္ကလ်ာ

'I'm Julia's wife´

အဲ့အမ်ိဳးသမီးကမ်က္ေမွာင္ႀကံဳကာ
ကလ်ာမိဘေတြနားသြားတယ္၊
ရယ္ခ်င္မိတာအမွန္ပဲ၊
အခုအခ်ိန္မွာတခုပဲတမ္းတတယ္ကလ်ာ
အဲ့အရာဟာကလ်ာပဲ၊
ကလ်ာလက္ကိုဆုပ္ကိုင္ၿပီးေနခ်င္တယ္၊
ကလ်ာရဲ့မ်က္လံုးလွလွေတြေငးၿပီးေနခ်င္တယ္

အၾကည္ကိုဘာေၾကာင့္မ်ားထားခဲ့ရက္သလဲကလ်ာ
ကလ်ာထိုက္၊ဘာသေဘာနဲ႔မ်ားအၾကည္ကိုထားရက္သလဲ
မခ်စ္ခဲ့ေပလို႔လား၊ကလ်ာ၊
အၾကည္နာက်င္ေနရမယ္ဆိုတာမေတြးမိလို႔လား၊ကလ်ာ

ကလ်ာတို႔ေနတဲ့အိမ္ကေန
မိုင္ေပါင္းမ်ားစြာေလာက္မွာရိွတဲ့ကမ္းေျခေလးဆီ
အၾကည္သြားခဲ့တယ္၊
သမီးေလးကိုေလသဲေတြၾကားမွာလိုက္ဆြဲရတာအေမာ
ကလ်ာဒယ္ဒီေျပာတဲ့အိမ္ကေလးသြားၾကည့္ၿပီး
အိမ္ကေလးဝယ္လိုက္တယ္၊
လူမလာတာမို႔ေအးေဆးေနလို႔ရေလသည္၊

မနက္ဆိုသမီးေလးကိုသူအဖိုးအိမ္မွာ
ဆရာမနဲ႔စာသင္ဖို႔လိုက္ပို႔ၿပီး
လမ္းမွာေစ်းဝင္ဝယ္သည္၊
အိမ္စစရာက္ခ်င္းေတာ့ပစၥည္းေတြေသခ်ာေနရာခ်ရတာမို႔
အနည္းနဲ႔အမ်ားအလုပ္မ်ားသည္၊
ေမာေမာပန္းပန္းနဲ႔ပန္းကန္ေတြစင္ေပၚတင္ၿပီး
ဧည့္ခန္းမွာပစၥည္းေတြထားေတာ့
အၾကည္မႏၲေလးမွာေနတုန္းက
ကလ်ာကိုအလြမ္းေျပဆြဲခဲ့တဲ့ကလ်ာပံုတူေလးကို
ပိုက္ကာထားမိသည္
တလြမ္းလြမ္းတေဆြးေဆြးနဲ႔
ဒီလူသားကိုျပန္လာဖို႔ပဲေတာင္းတေနမိသည္

ရက္ကေနလ၊လကေနႏွစ္၊ႏွစ္ကေနရာသီေတြ
အလီလီေျပာင္းလဲလာေလလိုက္တာ
ကလ်ာခင္ၾကည္ဆိုတဲ့ကေလးေသးေသးကေလးကေလ
ေကာလိပ္တတ္ၿပီးခ်စ္သူရည္းစားေတာင္ထားတတ္ေနၿပီ

ေရစက္ပဲေျပာရမလားကလ်ာ၊
ေကာင္ေလးကလည္းျမန္မာႏိုင္ငံကတဲ့
ထိုေကာင္ေလးကဧည့္ခန္းကကလ်ာပံုကိုေတြ့ေတာ့

'ခင္၊ဒါကဘယ္သူလဲ´

'ခင္ေမေမေလး´

မေအႏွစ္ေယာက္ရိွသည္လို႔ေျပာတာဟာအထူးအဆန္းလို႔ျဖစ္ေနပံုပင္
ခဏအၾကာခင္ေမၾကည္ေရာက္လာသည္၊

'ေတြ့ရတာဝမ္းသာပါတယ္၊အန္တီ´

'ေအး၊ထိုင္ထိုင္´

'ေမေမႀကီးဒါကေလကိုေအာင္သူရိန္တဲ့၊
ကိုေအာင္ကေလသမီးနဲ႔ေမဂ်ာတူတူပဲ´

'ေၾသာ္ေအး၊အဲ့ေတာ့သမီးတို႔ကအတည္ေပါ့´

ကလ်ာခင္ၾကည္ဟာေလအၾကည္မ်က္လံုးထဲမွာကေလးေလးလို႔ပဲ
ကလ်ာကိုရိွေစခ်င္လိုက္တာ၊
သမီးေလးကေလသူ႔မိသားစုဘဝကို
မည္သို႔မည္ပံုျဖစ္ခ်င္သည္ဆိုတာကို
ေျပာေနတာေလ၊
အၾကည္တို႔ရဲ့သမီးေလးကအေတာ္ရင့္က်က္လာတာပဲ၊ကလ်ာ၊

'ဒီအခ်ိန္မွာသာေလ၊သမီးေမေမေလးသာရိွရင္သိပ္ေကာင္းမွာပဲ´

ခင္ေမၾကည္မ်က္ဝန္းထက္က
မ်က္ရည္လဲ့လဲ့ကေလးမ်ားၿပိဳဆင္းလာေတာ့
ကလ်ာခင္ၾကည္ကလက္ကေလးနဲ႔သုတ္ေပးသည္၊

'ေမေမေလးကသမီးတို႔နဲ႔အၿမဲရိွေနတာေလေမေမႀကီးရဲ့´

ဟုတ္တယ္၊သမီးေျပာတာဟုတ္တယ္၊
ကလ်ာကအၾကည္နဲ႔အၿမဲရိွေနခဲ့တာပဲေလ

ကလ်ာရယ္၊အၾကည္ေလအသက္ႀကီးလာလို႔လားမသိဘူး
ဒူးေတြခါးေတြနာလာတယ္
သမီးေလးဘြဲယူခ်ိန္
မဂၤလာေဆာင္ခ်ိန္
ကိုယ္ဝန္ေဆာင္ခ်ိန္
သမီးေလးရဲ့အေရးအႀကီးဆံုးအခ်ိန္တိုင္း
အၾကည္ရိွေနေပးတယ္

ဘဝကိုအၾကာႀကီးျဖတ္သန္းလာရတာမို႔
ေမာပန္းခ်ိန္ကိုေရာက္လာၿပီ
လမ္းေလ်ွာက္ဖို႔ေတာက္မျဖစ္ႏိုင္ေတာ့တဲ့အထိခ်ူခ်ာလာသည္၊
ကလ်ာလက္ကိုတမ္းတမိျပန္တယ္
ဒီအမယ္အိုႀကီးကိုကလ်ာခ်စ္ပါ့ၪီးမလားေတြးမိသည္၊

အၾကည္အသက္ဆံုးသြားၿပီဆိုတာနဲ႔
ကလ်ာဆီအရင္ေျပးလာမွာမို႔
ေစာင့္ေနေပးပါရန္ေတာင္းဆိုပါသည္၊

အခ်ိန္ေတြၾကာေတာ့အၾကည္ျပန္ဝင္စားလာသည္၊
မႏၲေလးကမိသားစုတခုထဲအၾကည္ျပန္ဝင္စားေတာ့
ကလ်ာကိုမေမ့ခဲ့ဘူး
အခ်ိန္တိုင္းဘယ္ေတာ့မွမေမ့ခဲ့ဘူး
ေလာကနႏၵဘုရားမွာဘုရားရိွခိုးေနတဲ့ကလ်ာကို
ျမင္ေတာ့ေျပးဖက္ခ်င္မိတာပါပဲ
သို႔ေသာ္အၾကည္ကိုကလ်ာလံုးဝမမွတ္မိေသးတာပါပဲ

'အဆင္ေျပရဲ့လား´

'ဟုတ္၊ေတာင္းပန္ပါတယ္´

ပုဂံေျမကဘုရားအဆူဆူကိုစိတ္ထဲကၪီးခ်ကန္႔ေတာ့လိုက္သည္၊
ျပန္ဆံုရဖို႔ႏွစ္ေတြအၾကာႀကီးေစာင့္ခဲ့ရတာပါေလ

'အၾကည္ကလ်ာလို႔ေခၚေပးပါလား´

ရင္ထဲဝယ္တဒိန္းဒိန္းတဒိုင္းဒိုင္းႏွင့္
မ်က္ရည္ဝဲလာမိသည္

တရက္ကေလးမွဒီနာမည္နဲ႔မ်က္ႏွာကိုမေမ့ခဲ့ေပ
သစၥာတရားကိုလက္ကိုင္ထားကာအၾကည္ကလ်ာကိုေစာင့္ခဲ့သည္၊

ခ်စ္ျခင္းေမတၲာမ်ားစြာျဖင့္ခင္ေမၾကည္ဟာ
ဘဝတခုကိုကူးေျပာင္းသြားကာနာမည္ေျပာင္းအရပ္ေျပာင္းသြားေပ့မဲ့
ဒီလူသားကိုသာတမ္းတမ္းတတျဖစ္ေနခဲ့သည္မွာႏွစ္ေတြမ်ားစြာ

အၾကည္ဓာတ္ပဲျဖစ္ျဖစ္ခင္ေမၾကည္ပဲျဖစ္ျဖစ္
အၾကည္ခ်စ္ခဲ့တာကလ်ာကလြဲၿပီးမည္သူမွမျဖစ္ႏိုင္ခဲ့
ဘယ္သူေတြဘယ္လိုပဲလာေရာက္ခ်စ္ခြင့္ပန္ေနပါေစ
ခင္ေမၾကည္ဟာကလ်ာထိုက္အတြက္ကလြဲၿပီး
မည္သူ႔အတြက္မွရင္မခုန္ခဲ့

အရင္ဘဝမွာတိတ္တဆိတ္ခဏတာအတူရိွခဲ့ၾကေပ့မဲ့
ဒီဘဝမွာေတာ့

'လက္ထပ္ၾကမယ္၊အၾကည္၊ကလ်ာကိုအၾကည္လက္ထပ္ခ်င္တယ္´

'ေလာလိုက္တာအခ်စ္ရယ္၊ေျဖးေျဖးေပါ့၊
အၾကည္တို႔ကထာဝရအတြက္ပဲေလရွင္´

ဒီလက္ကေလးကိုတင္းၾကပ္ေအာင္ကိုင္ထားပါသည္၊
မ်က္ဝန္းေတြကိုတအားလြမ္းေနခဲ့ရတာ
ေနြးေနြးေထြးေထြးရင္ခြင္ေလးထဲျပန္ခိုဝင္ခြင့္ရခ်င္ခဲ့တာ
ယခုအခ်ိန္အခါဟာေလနိဗၺာန္ပမာသုခဘံုအလားပင္
ခ်စ္ရသူကဆံပင္ေလးေတြကိုသပ္တင္ေပးခ်ိန္
ပါးကေလးကိုအနမ္းေပးခ်ိန္
ၾကည္စယ္စကားဆိုခ်ိန္...
အခ်ိန္တိုင္းစကၠန္႔တို႔ကိုမွတ္သားထားတာပါပဲေလ
သစၥာမ်ားစြာျဖင့္အၾကည္ေစာင့္ခဲ့သည္
သစၥာမ်ားစြာျဖင့္အၾကည့္ခ်စ္ခဲ့သည္....
သစၥာမ်ားစြာျဖင့္သာကလ်ာနဲ႔အၾကည္ေရ႔ွဆက္ေပမည္
Unicode
နှစ်တွေလတွေကြာညောင်းသွားပေ့မဲ့
ဒီလူသားကိုအချိန်တိုင်းစောင့်နေတယ်
ဦးရန်ထိုက်အိမ်ကိုရောက်လာချိန်
အကြည်ကလျာကိုတအားတွေ့ချင်မိတယ်

ရင်နှင့်တမျှချစ်ရပါသောကလျာ
ကလျာကိုပြန်လည်မေတ္တာသက်ဝင်နေမိသည်ကို
သိလိုက်တဲ့အချိန်ကတည်းက......
ခင်မေကြည်ရဲ့ဘဝဟာကလျာဖြစ်သွားခဲ့ပြီးသားပါ

ကလျာဆုံးပါးသွားပြီဆိုတာသိရပြီနှစ်လအကြာမှာ
ကိုယဥ်လေးမောင်အကြည်ဆီရောက်လာခဲ့တယ်

'အကြည်နေကောင်းတယ်နော်´

'ကောင်းပါတယ်၊ကိုယဥ်လေးမောင်´

'နာမည်ခေါ်နေတာရှည်ပါတယ်၊မောင်လို့ပဲခေါ်ပါ့လားဗျာ´

'အကြည်ဆီကိုယဥ်လေးမောင်လာတဲ့အကြောင်းအရင်းမှန်ကိုသိတာမို့ကုန်ကိစ္စအကြောင်းပြောဖို့ဆိုပြီးလိမ်စရာမလိုပါဘူး၊ကိုယဥ်လေးမောင်´

ကိုယဥ်လေးမောင်ကသက်ပြင်းချကာ

'အကြည်နဲ့သမီးဟာသားအမိနှစ်ယောက်တည်းပါ၊
တခုခုဆိုယောကျာ်းသားတစ်ယောက်ရှိကိုရှိသင့်တယ်လို့ထင်တယ်၊သမီးလေးဟာလည်းမကြာခင်ကြီးလာတော့မှာမို့
ကလျာခင်ကြည်မှာမိဘနှစ်ပါးရှိသင့်တာအမှန်ပါပဲလေ
ဒါကြောင့်ကျွန်တော်အကြည်နဲ့သမီးကို
စောင့်ရှောက်ခွင့်ပြုဖို့တောင်းဆိုပါရစေ၊
ကျွန်တော်အကြည်ကိုလက်ထပ်ပါရစေ´

ခင်မေကြည်လှည့်ကြည့်ကာပြတ်သားစွာဖြေလိုက်သည်၊

'ကလေးမှာဖအေကောမအေကောရှိပြီးသားပါ၊
ကလေးရဲ့ဖအေကကလျာထိုက်၊မအေကအကြည်ပါ၊
ကျွန်မလင်ယောကျာ်းနေရာမှာဘယ်သူကိုမှအစားမထိုးချင်ဘူး
ကိုယဥ်မောင်လေး၊ကျွန်မဟာသစ္စာရှိတဲ့မိန်းမတစ်ယောက်၊
ကျွန်မချစ်တဲ့သူအပေါ်ဘယ်တော့မှသစ္စာမဖောက်ဘူး၊
ဘိလပ်ပြန်တိုင်းကိုအကြည်မချစ်နိုင်ဘူး၊
အကြည်ချစ်တဲ့ဘိလပ်ပြန်ဟာတစ်ယောက်ပဲရှိတယ်၊
အဲ့တာဗြိတိသျှဗမာကပြားမိန်းကလေးကလျာထိုက်ပဲ၊´

'သူကသေသွားပြီလေ´

'အချစ်ဆိုတာထာဝရရှင်သန်တာပါ၊
ခဏတာနေရောင်မရလို့နွမ်းလျနေတာကို
သေသွားပြီးလို့မထင်လေနဲ့၊
အကြည်တို့ဟာပြန်ဆုံကြဦးမှာ´

'ခင်မေကြည်!မင်းနားလည်စမ်းပါ!
ယောကျာ်းမရှိပဲဘဝကိုကလေးတစ်ယောက်နဲ့ဖြတ်သန်းမတဲ့လား၊ကလေးကြီးလာတာနဲ့အမျှရလာမယ့်စိတ်ဒဏ်ရာကို
မင်းဘယ်လိုဖြေရှင်းမလဲ´

'အကြည်ကကလေးတစ်ယောက်ကို
မထိန်းသိမ်းနဲ့အညံ့စားမိန်းမဟုတ်ပါဘူး၊
ယောကျာ်းတစ်ယောက်ကိုမှီခိုနေမှဘဝမဟုတ်ဘူးရှင့်၊´

'ကျွန်တော်တောင်းပန်ပါတယ်၊အကြည်၊´

'အကြည်အင်္ဂလန်ကိုသွားတော့မယ်´

'အင်းပါအကြည်၊ ဒါပေ့မဲ့အကြည်မန္တလေးမှာယဥ်မောင်လေးဆိုတဲ့ယောကျာ်းတစ်ယောက်ကမင်းကိုအမြဲချစ်နေမယ်ဆိုတာသိထားပါ၊
မင်းမချစ်လည်းရပြီမို့၊
ကိုယ်မင်းကိုချစ်တာတော့သိထားပေးပါ၊အကြည်´

'ဟုတ်ကဲ့ပါ´

အင်္ဂလန်ကိုအကြည်လိုက်နေတော့
ကလျာမာမီနဲ့ဒယ်ဒီခေါ်လို့
သမီးလေးနဲ့အကြည်အိမ်တတ်ပွဲတခုကိုရောက်သွားသည်
အိမ်ပိုင်ရှင်အမျိုးသမီးက
ကလျာရဲ့အဒေါ်လို့ကလျာမာမီကပြောပြတယ်၊
အဲ့အမျိုးသမီးကအကြည်နားလာပြီ

'Who are you?´

အကြည်ပြုံးကာတခွန်းတည်းဖြေလိုက်တယ်ကလျာ

'I'm Julia's wife´

အဲ့အမျိုးသမီးကမျက်မှောင်ကြုံကာ
ကလျာမိဘတွေနားသွားတယ်၊
ရယ်ချင်မိတာအမှန်ပဲ၊
အခုအချိန်မှာတခုပဲတမ်းတတယ်ကလျာ
အဲ့အရာဟာကလျာပဲ၊
ကလျာလက်ကိုဆုပ်ကိုင်ပြီးနေချင်တယ်၊
ကလျာရဲ့မျက်လုံးလှလှတွေငေးပြီးနေချင်တယ်

အကြည်ကိုဘာကြောင့်များထားခဲ့ရက်သလဲကလျာ
ကလျာထိုက်၊ဘာသဘောနဲ့များအကြည်ကိုထားရက်သလဲ
မချစ်ခဲ့ပေလို့လား၊ကလျာ၊
အကြည်နာကျင်နေရမယ်ဆိုတာမတွေးမိလို့လား၊ကလျာ

ကလျာတို့နေတဲ့အိမ်ကနေ
မိုင်ပေါင်းများစွာလောက်မှာရှိတဲ့ကမ်းခြေလေးဆီ
အကြည်သွားခဲ့တယ်၊
သမီးလေးကိုလေသဲတွေကြားမှာလိုက်ဆွဲရတာအမော
ကလျာဒယ်ဒီပြောတဲ့အိမ်ကလေးသွားကြည့်ပြီး
အိမ်ကလေးဝယ်လိုက်တယ်၊
လူမလာတာမို့အေးဆေးနေလို့ရလေသည်၊

မနက်ဆိုသမီးလေးကိုသူအဖိုးအိမ်မှာ
ဆရာမနဲ့စာသင်ဖို့လိုက်ပို့ပြီး
လမ်းမှာစျေးဝင်ဝယ်သည်၊
အိမ်စစရာက်ချင်းတော့ပစ္စည်းတွေသေချာနေရာချရတာမို့
အနည်းနဲ့အများအလုပ်များသည်၊
မောမောပန်းပန်းနဲ့ပန်းကန်တွေစင်ပေါ်တင်ပြီး
ဧည့်ခန်းမှာပစ္စည်းတွေထားတော့
အကြည်မန္တလေးမှာနေတုန်းက
ကလျာကိုအလွမ်းပြေဆွဲခဲ့တဲ့ကလျာပုံတူလေးကို
ပိုက်ကာထားမိသည်
တလွမ်းလွမ်းတဆွေးဆွေးနဲ့
ဒီလူသားကိုပြန်လာဖို့ပဲတောင်းတနေမိသည်

ရက်ကနေလ၊လကနေနှစ်၊နှစ်ကနေရာသီတွေ
အလီလီပြောင်းလဲလာလေလိုက်တာ
ကလျာခင်ကြည်ဆိုတဲ့ကလေးသေးသေးကလေးကလေ
ကောလိပ်တတ်ပြီးချစ်သူရည်းစားတောင်ထားတတ်နေပြီ

ရေစက်ပဲပြောရမလားကလျာ၊
ကောင်လေးကလည်းမြန်မာနိုင်ငံကတဲ့
ထိုကောင်လေးကဧည့်ခန်းကကလျာပုံကိုတွေ့တော့

'ခင်၊ဒါကဘယ်သူလဲ´

'ခင်မေမေလေး´

မအေနှစ်ယောက်ရှိသည်လို့ပြောတာဟာအထူးအဆန်းလို့ဖြစ်နေပုံပင်
ခဏအကြာခင်မေကြည်ရောက်လာသည်၊

'တွေ့ရတာဝမ်းသာပါတယ်၊အန်တီ´

'အေး၊ထိုင်ထိုင်´

'မေမေကြီးဒါကလေကိုအောင်သူရိန်တဲ့၊
ကိုအောင်ကလေသမီးနဲ့မေဂျာတူတူပဲ´

'သြော်အေး၊အဲ့တော့သမီးတို့ကအတည်ပေါ့´

ကလျာခင်ကြည်ဟာလေအကြည်မျက်လုံးထဲမှာကလေးလေးလို့ပဲ
ကလျာကိုရှိစေချင်လိုက်တာ၊
သမီးလေးကလေသူ့မိသားစုဘဝကို
မည်သို့မည်ပုံဖြစ်ချင်သည်ဆိုတာကို
ပြောနေတာလေ၊
အကြည်တို့ရဲ့သမီးလေးကအတော်ရင့်ကျက်လာတာပဲ၊ကလျာ၊

'ဒီအချိန်မှာသာလေ၊သမီးမေမေလေးသာရှိရင်သိပ်ကောင်းမှာပဲ´

ခင်မေကြည်မျက်ဝန်းထက်က
မျက်ရည်လဲ့လဲ့ကလေးများပြိုဆင်းလာတော့
ကလျာခင်ကြည်ကလက်ကလေးနဲ့သုတ်ပေးသည်၊

'မေမေလေးကသမီးတို့နဲ့အမြဲရှိနေတာလေမေမေကြီးရဲ့´

ဟုတ်တယ်၊သမီးပြောတာဟုတ်တယ်၊
ကလျာကအကြည်နဲ့အမြဲရှိနေခဲ့တာပဲလေ

ကလျာရယ်၊အကြည်လေအသက်ကြီးလာလို့လားမသိဘူး
ဒူးတွေခါးတွေနာလာတယ်
သမီးလေးဘွဲယူချိန်
မင်္ဂလာဆောင်ချိန်
ကိုယ်ဝန်ဆောင်ချိန်
သမီးလေးရဲ့အရေးအကြီးဆုံးအချိန်တိုင်း
အကြည်ရှိနေပေးတယ်

ဘဝကိုအကြာကြီးဖြတ်သန်းလာရတာမို့
မောပန်းချိန်ကိုရောက်လာပြီ
လမ်းလျှောက်ဖို့တောက်မဖြစ်နိုင်တော့တဲ့အထိချူချာလာသည်၊
ကလျာလက်ကိုတမ်းတမိပြန်တယ်
ဒီအမယ်အိုကြီးကိုကလျာချစ်ပါ့ဦးမလားတွေးမိသည်၊

အကြည်အသက်ဆုံးသွားပြီဆိုတာနဲ့
ကလျာဆီအရင်ပြေးလာမှာမို့
စောင့်နေပေးပါရန်တောင်းဆိုပါသည်၊

အချိန်တွေကြာတော့အကြည်ပြန်ဝင်စားလာသည်၊
မန္တလေးကမိသားစုတခုထဲအကြည်ပြန်ဝင်စားတော့
ကလျာကိုမမေ့ခဲ့ဘူး
အချိန်တိုင်းဘယ်တော့မှမမေ့ခဲ့ဘူး
လောကနန္ဒဘုရားမှာဘုရားရှိခိုးနေတဲ့ကလျာကို
မြင်တော့ပြေးဖက်ချင်မိတာပါပဲ
သို့သော်အကြည်ကိုကလျာလုံးဝမမှတ်မိသေးတာပါပဲ

'အဆင်ပြေရဲ့လား´

'ဟုတ်၊တောင်းပန်ပါတယ်´

ပုဂံမြေကဘုရားအဆူဆူကိုစိတ်ထဲကဦးချကန့်တော့လိုက်သည်၊
ပြန်ဆုံရဖို့နှစ်တွေအကြာကြီးစောင့်ခဲ့ရတာပါလေ

'အကြည်ကလျာလို့ခေါ်ပေးပါလား´

ရင်ထဲဝယ်တဒိန်းဒိန်းတဒိုင်းဒိုင်းနှင့်
မျက်ရည်ဝဲလာမိသည်

တရက်ကလေးမှဒီနာမည်နဲ့မျက်နှာကိုမမေ့ခဲ့ပေ
သစ္စာတရားကိုလက်ကိုင်ထားကာအကြည်ကလျာကိုစောင့်ခဲ့သည်၊

ချစ်ခြင်းမေတ္တာများစွာဖြင့်ခင်မေကြည်ဟာ
ဘဝတခုကိုကူးပြောင်းသွားကာနာမည်ပြောင်းအရပ်ပြောင်းသွားပေ့မဲ့
ဒီလူသားကိုသာတမ်းတမ်းတတဖြစ်နေခဲ့သည်မှာနှစ်တွေများစွာ

အကြည်ဓာတ်ပဲဖြစ်ဖြစ်ခင်မေကြည်ပဲဖြစ်ဖြစ်
အကြည်ချစ်ခဲ့တာကလျာကလွဲပြီးမည်သူမှမဖြစ်နိုင်ခဲ့
ဘယ်သူတွေဘယ်လိုပဲလာရောက်ချစ်ခွင့်ပန်နေပါစေ
ခင်မေကြည်ဟာကလျာထိုက်အတွက်ကလွဲပြီး
မည်သူ့အတွက်မှရင်မခုန်ခဲ့

အရင်ဘဝမှာတိတ်တဆိတ်ခဏတာအတူရှိခဲ့ကြပေ့မဲ့
ဒီဘဝမှာတော့

'လက်ထပ်ကြမယ်၊အကြည်၊ကလျာကိုအကြည်လက်ထပ်ချင်တယ်´

'လောလိုက်တာအချစ်ရယ်၊ဖြေးဖြေးပေါ့၊
အကြည်တို့ကထာဝရအတွက်ပဲလေရှင်´

ဒီလက်ကလေးကိုတင်းကြပ်အောင်ကိုင်ထားပါသည်၊
မျက်ဝန်းတွေကိုတအားလွမ်းနေခဲ့ရတာ
နွေးနွေးထွေးထွေးရင်ခွင်လေးထဲပြန်ခိုဝင်ခွင့်ရချင်ခဲ့တာ
ယခုအချိန်အခါဟာလေနိဗ္ဗာန်ပမာသုခဘုံအလားပင်
ချစ်ရသူကဆံပင်လေးတွေကိုသပ်တင်ပေးချိန်
ပါးကလေးကိုအနမ်းပေးချိန်
ကြည်စယ်စကားဆိုချိန်...
အချိန်တိုင်းစက္ကန့်တို့ကိုမှတ်သားထားတာပါပဲလေ
သစ္စာများစွာဖြင့်အကြည်စောင့်ခဲ့သည်
သစ္စာများစွာဖြင့်အကြည့်ချစ်ခဲ့သည်....
သစ္စာများစွာဖြင့်သာကလျာနဲ့အကြည်ရှေ့ဆက်ပေမည်

ခ်စ္တဲ့အၾကည္(ချစ်တဲ့အကြည်)completed Where stories live. Discover now