part 5// 🌅 [unicode]

223 20 6
                                    

Unicode

လှိုင်းကိုမစောင့်ပဲ ရှေ့အနေဆူပုတ်ပုတ်နဲ့သွားနေတဲ့လူကြောင့်ကြိတ်ပြုံးမိပါသည်။ဥဥလေးလို့ခေါ်တာအဲ့လောက်တောင်မကြိုက်တာလားမသိဘူး။ လူကြီးတွေခေါ်တော့ဒေါသတွေကိုဘယ်လိုမြိုသိပ်ထားလဲမသိဘူး ဟက်!.။

‌"ဖြည်းဖြည်းလျှောက်ပါ‌ဗျာ"

"သိပါတယ်"

"နေကြာတွေကဘယ်အချိန်စိုက်ရတာလဲ?"

"ဟင်..မိုးရာသီဆို မေ,ဇွန် ၊ဆောင်းရာသီဆို စက်တင်ဘာ,အောက်တိုဘာ"

ပန်းချစ်သူ‌ပီပီသူစိုက်ထားတဲ့ပန်းပင်လေးအကြောင်းမေးတော့ သေချာလေးပြန်ဖြေပေးလို့ ခုနကစူပုတ်နေတာသူမဟုတ်တဲ့အတိုင်းပဲ။ထို့အပြင် နေကြာပင်‌လေးတွေကိုကြည့်နေတဲ့မျက်လုံးကမြတ်နိုးမှုအပြည့်။

"ဪ..."

"မင်းလျှောက်ကြည့်ချင်ကြည့်နော်"

"အိုခေ"

~~~~~~~~~

ပျိူးလုပ်စရာရှိတာလုပ်ပြီးတော့ နာရီကြည့်တော့ ၁၂နာရီရှိနေပါပြီ။အဲ့လိုပဲလူက ပန်းပင်တွေနဲ့ပတ်သက်တာလုပ်ရရင်ထမင်းမေ့ဟင်းမေ့။အယ်! လှိုင်းဗိုက်ဆာနေပလားမသိဘူး?။ခြံထဲဝေ့ကြည့်တော့မတွေ့တာမို့ အလုပ်သမားတစ်ယောက်ကိုမေးကြည့်တော့ နားနေတဲ့အိမ်လေးမှာဆိုလို့ ကိုယ့်လည်းသုတ်ခြေတင်လာရတယ်။

ဟော...တွေ့ပါပြီ အိမ်ရှေ့ကကွပ်ပျစ်ပေါ်မှာလက်နှစ်ဖက်နောက်ပစ်ပြီးထိုင်လို့။မျက်မှောင်ကလည်းကျုံထားသေး ဘာကိုစိတ်နဲ့မတွေ့လို့လည်းမသိဘူး။သူဗိုက်ဆာနေတာ ငါကမေ့ပြီးအလုပ်တွေလုပ်နေလို့များလားမသိဘူး.။

"ဟဲဟဲ ဗိုက်ဆာနေပြီလား?"

"မစာသေးပါဘူး"

"အင်းပါ ၊ ငါကမင်းစာနေပလားလို့"

"စာတော့ ဘာစားရမှာလဲ"

"အဲ......"

ဟုတ်သား ထမင်းချိူင့်မှမပါတာကို ဘယ်လိုစားရမှာလဲ!.။

ရှေ့ကဖြစ်သွားတဲ့ရုပ်ကြည့်ပြီးနှုတ်ခမ်းထောင့်လေးကော့တက်တဲ့အထိပြုံးမိပါသည်။ဒီလူသားကြောင့် ဒီနေ့တစ်နေကုန်ပြုံးမိတာဘယ်နှစ်ကြိမ်မှန်းတောင်မသိတော့။နေကြာခင်း‌ထဲမှာဘာတွေပတ်လုပ်နေမှန်းမသိပေမဲ့ တော်တော်ပင်ပန်းသွားပုံ ချွေးတွေတောင်ထွက်လို့။ဘေးနားကရေဗူးကိုယူပြီးပေးလိုက်သည်။

မောင့်နှလုံးသားရဲ့ ဥယျာဉ်မှူးငယ် Where stories live. Discover now