Part 1

1.2K 93 0
                                    

ဆောင်းရာသီ ညတစ်ညမှာ အဖေနဲ့
အမေက ကလေးတစ်ယောက်ကိုခေါ်လာခဲ့တယ်။ထိုကလေး၏မိဘတွေကသေဆုံးသွားပြီး ဦးလေးဖြစ်သူကခေါ်ယူထားပေမဲ့ ဦးလေးဖြစ်သူက သူ၏ဌာနချုပ်မှာ ဦးစီးရသူဖြစ်သူမို့ ငါးနှစ်ရွယ်ကလေးတစ်ယောက်ကိုမစောင့်ရှောက်နိုင်တာမို့ ကျွန်တော်တို့အိမ်ဆီရောက်လာခြင်းဖြစ်သည်။အဖေနှင့် ထိုဦးလေးနဲ့ကသူငယ်ချင်းဖြစ်တာကြောင့်လည်းပါသည်။သူနာမည်က
ကင်မ်ထယ်ယောင်းတဲ့။

ကျွန်တော်အသက် ၈နှစ်အရွယ်မှာ ၅နှစ်ရွယ်ညီလေးတစ်ယောက်ရလာခဲ့တယ်။တစ်ဦးထဲသောသားဖြစ်သူမို့ ထိုကလေးကိုညီအရင်းလို့ချစ်ပြီးဂရုစိုက်ပေးတယ်။ကလေးအိမ်ရောက်ခါစက မည့်သူနဲ့မှစကားမပြောဘဲ နေတတ်တာကြောင့် အမေနဲ့အဖေကိုပြောပြတော့ ကလေးငယ်က မိဘတွေနဲ့ပါရင်းနှီမှုမရှိတာကြောင့် စကားနည်းပြီးတစ်‌ယောက်ထဲနေတတ်တယ်လို့ပြောတယ်။ကျွန်တော်ကတော့ကျောင်းပြန်လာတိုင်းကလေးဆီသွားပြီး ကျောင်းမှာဖြစ်ပျက်တမျှအကုန်ပြောပြတယ်။တခါတလေ စကားနားထောင်သလိုလို‌ရှိတတ်ပြီး တစ်ခါတလေ ကျွန်တော်ရှိတယ်လို့သတ်မှတ်ပုံ‌မပေါ်ဘူး။

အဲနေ့ စာမေးပွဲဖြေပြီး အမှတ်စာရင်းမှာအရင်လထက်နည်းနေတာကြောင့် အဖေကကျွန်တော်အား တစ်လတိတ်ိမုန့်ဖိုးဖြတ်ကာ ဆူခဲ့တယ်။အဲညက အခန်းထဲငိုမိတော့ ထယ်ယောင်းကရောက်လာပြီး ပထမဆုံးသောစကားကို‌ကျွန်တော်ကိုပြောလိုက်တယ်။
"ကိုကို မငိုနဲ့ သားမှာမုန့်ဖိုးရှိတယ် ကိုကိုအတွက်သားပေးမယ်" အိတ်ထဲက ဝမ်တစ်သောင်းတန်သုံးရွက် သူကိုပေးလာတယ်။မျက်ရည်တွေကျလာတယ်ဝမ်းနည်းလို့ငိုတာမဟုတ်ဘဲပျော်လွန်းလို့ငိုမိလိုက်ခြင်းဖြစ်သည်။ ဘာကြောင့်လဲဆို အိမ်ရောက်ပြီးသုံးလအကြာပထမဆုံးကျွန်တော်ကိုစကားပြောလို့ မဟုတ်ဘူး အိမ်ရောက်တဲ့နေ့ကစပြီး ပထမဆုံးပြောခဲ့တဲ့စကားဘဲ။ 'ကိုကို'လို့ခေါ်တဲ့နေကစပြီး ကျွန်တော်တို့အမြဲတပူးပူးတတွဲတွဲရှိလာကြတယ်။
________________________

မနက်ခင်း......
"သား မင်းအစ်ကိုဂျီမင်ကိုသွားနိုးလိုက်အုန်း ကျောင်းမမှီဘဲနေမယ်"
"ဟုတ် ‌ဒေါ်လေး"

မိတ်ဖက်မဟုတ်သောချစ်ရသူ [VMIN]Where stories live. Discover now