ပြန်လာချိန်ထက်ကြာနေတာကြောင့် လမ်းထိပ်မှာအမေကသူတို့ကိုစောင့်နေသည်။
"သား ယောင်းငယ်လေးရော အတူတူပြန်လာတာမဟုတ်ဘူးလား"
"နောက်မှာ"
"ဘာဖြစ်လာကြတာလဲ ရန်ဖြစ်ထားကြတာလား"
"မဟုတ်ပါဘူး သားအိမ်ထဲဝင်တော့မယ်"
"သားမျက်နှာကဘာဖြစ်လာတာလဲ ဒဏ်ရာတွေနဲ့ ချော်လဲလာတာလား နေအုန်း အိမ်ရောက်ရင်ဆေးထည့်ပေးမယ်"
"ရတယ်အမေ ကိုယ်ဘာသာလုပ်လိုက်မယ်"
"ဒီနေ့ဆေးစစ်တာဘာတဲ့လဲ"
"မသိခဲ့ရဘူး နောက်နှစ်ထပ်စစ်ရမယ်ထင်တယ်"
"အော် ကောင်းပြီနောက်နှစ်ဆိုလည်းနောက်နှစ်ပေါ့ဘာမှမဖြစ်ဘူး တစ်ချို့လူတွေလည်းအဲလိုဘဲနောက်ကျတတ်တယ်ဟိုမှာေယာင်းငယ်လေး လာပြီ ......ဟယ်!!ယောင်းငယ်မျက်နှာလေးဘာဖြစ်လာတာလဲ ဒဏ်ရာတွေနဲ့ သားကြည့်အုန်း မင်းညီလေးကို" စကားပြောနေတုန်းအမေက ထယ်ယောင်းဒဏ်ရာတွေမြင်လိုက်တာကြောင့် အလန့်တကြားပြောလိုက်သည်။"ဒီနေ့ကလေးတွေဒဏ်ရာတွေနဲ့ပါလား"
"လာလာ အိမ်ထဲဝင်ကြ ဆေးထည့်ရမယ် မဟုတ်ဘူးဆေးခန်းပြရမယ်ထင်တယ် သားတို့အိမ်ထဲဝင်နှင့် အမေ
ဖေကြီးဆီဖုန်းဆက်လိုက်အုန်းမယ်"
"ဟုတ်"ဂျီမင်အပေါ်ထပ်ဖို့ပြင်တော့ နောက်ကနေအသံသေးသေးလေးထွက်လာသည်။
"ကိုကို"
"ဘာလဲ"
"ဆေးထည့်ရမယ်လေ"
"ငါဒဏ်ရာလေးနဲ့ ကိုယ်မှသာထည့်လို့ရတယ် မင်းသာအမေနဲ့အတူဆေးခန်းသွား"
"ဒါပေမဲ့ ဆရာဝန်ထည့်ပေးတာကပိုကောင်းတာပေါ့...."
"ဒီနေ့တစ်နေ့လုံး တော်တော်အရစ်ရှည်နေပါလား ထယ်ယောင်း ခုနကကိစ္စကျေတာမဟုတ်ဘူးနော်"
"သား တောင်းပန်ပါတယ် ကိုကိုမကျေနပ်ရင် သားကိုရိုက်လို့ရပါတယ် ""သားတို့နှစ်ယောက်ဘာဖြစ်လာတာလဲ ပြောစမ်းပါအုန်း"
"မသိဘူးအမေရာ"
"ဟဲ့ ပြန်ဆင်းလာခဲ့ ဂျီမင်"
"အဝတ်လဲမလို့အမေရေ"
"ဒီကလေးကတော့ ကြီးလာလေဆိုးလာလေဘဲ"
"ယောင်းငယ်လေး မင်းအစ်ကိုနဲ့ဘာဖြစ်လာတာလဲ"
"ဟို...ဟို ဘာမှမဖြစ်ပါဘူး ဒေါ်လေး"
"မျက်နှာတစ်ခုလုံး ရစရာမရှိဖြစ်နေတာ ဘာကိုမဖြစ်တာလဲ"
"ချော်လဲတာ သားချော်လဲသွားတာ ဒေါ်လေး အဲဒါကို ကိုကိုက ဆွဲလိုက်ရင် ကိုကိုပါထိသွားတာပါ"
"ဒါကချော်လဲလို့ဖြစ်တဲ့ ဒဏ်ရာလား
ဘတ်ဂျီမင် နင်အခုထိမဆင်းလာသေးဘူးလား"
ထယ်ယောင်းကအမှန်မပြောဘဲ နေနေတာကြောင့် အပေါ်ထပ်ကသားဖြစ်သူကို အော်ခေါ်လိုက်သည်။
" လာပြီ လာပြီ"
"လာလာ မင်းတို့ဘာဖြစ်လာကြတာလဲ"
"ရန်ဖြစ်လာတာ"
"ဘာ!!!"
"အမေဖြည်းဖြည်းအော်ပါ နီးနီးလေးကို"
"ဘာကြောင့်လဲ ထယ်ယောင်းကငြိမ်ငြိမ်နေတတ်တဲ့ကလေးပါ နင်ဘာသွားရှုပ်ပြန်တာလဲ"
"ကိုကိုဘာမှမရှုပ်ပါဘူး သားကြောင့်ဖြစ်တာ သားရန်ဖြစ်တာ ကိုကိုကဝင်ဆွဲလို့ ကိုကိုပါထိသွားတာ"
"ဟုတ်လား ဂျီမင်"
"အတန်းထဲက လူမိုက်က သားကိုအရင်ရန်လာစတာ အဲဒါကိုသူကမသည်းခံနိုင်ဘဲ ဝင်လုံးတာ"
"ဟူး...နင်ကအကြီးဖြစ်ပြီးအငယ်ကိုမကာဘူး အငယ်ကပြန်ကာကွယ်ပေးနေရတယ်"
"ထယ်ယောင်း သားလေးအဝတ်သွားလဲ ပြီးရင် ဆေးခန်းသွားမယ်"
"ဟုတ် ဒေါ်လေး"
_________________________
![](https://img.wattpad.com/cover/292943347-288-k734847.jpg)
YOU ARE READING
မိတ်ဖက်မဟုတ်သောချစ်ရသူ [VMIN]
Fanfiction"ထပ်မေးမယ် ကံကြမ္မာနဲ့ငါဆိုရင်ရော" "ကျွန်တော်က ကံကြမ္မာကပေးတဲ့အရာ ထက် ခင်ဗျားကိုပိုချစ်တယ်" __________________ •|VMIN|• Completed✓