End

847 59 7
                                    

Unicode

ထယ်ယောင်းကားမောင်းနေတုန်း ဂျီမင်
Noraတို့နှင့် စာပို့နေသည်။စာရိုက်နေတုန်း ဘေးကသူကိုကြည့်နေသည့်ဟုခံစားရတာကြောင့် ဘေးကိုကြည့်လိုက်တော့ ထယ်ယောင်းကသူကိုကြည့်နေသည်။

"ဘာလဲ"
"Hyung ဘယ်သူနဲ့စာရိုက်နေတာလဲ"
"အော် ကျောင်းကသူငယ်ချင်းနဲ့ပါ ဘာဖြစ်လို့လဲ"
"မဟုတ်ပါဘူး စာရိုက်နေတာတချိန်လုံးမို့ မေးကြည့်တာ"

အိမ်ကိုရောက်တဲ့အထိ ဂျီမင်စာရိုက်နေတာမရပ်သေး။
"Hyung အိမ်ရောက်ပြီ"
"အော် အေးအေး အဲဆိုတာ့တာ"

ဖုန်းကိုကြည့်ရင်ထယ်ယောင်းဘက်တောင်မလှည့်ဘဲနဲ့ အိမ်ကိုတန်းဝင်သွားသည်။ထယ်ယောင်းလည်း ကားရပ်ပြီအိမ်ထဲဝင်လာသည်။အခန်းထဲရောက်တော့ ဂျီမင်ကုတင်ပေါ်မှာထိုင်ပြီးစာရိုက်နေတယ် ရိုးရိုးတောင်မဟုတ်ဘူး ပြုံးပြီးတောင် စာရိုက်နေတာ။

"Hyung ဒေါ်လေးရော"
"...."
"Hyung!"
"ဟင်ဟင် မင်းဘယ်လိုလုပ်ဒီထဲရောက်နေတာလဲ ပြန်သွားပြီလား"
"Hyungသာ ဖုန်းနဲ့ တီတီတွတ်တွတ်နေတာ ကျွန်တော်ပြောတာအရေးမလုပ်နဲ့"

အခန်းထဲကထွက်သွားသည့်ထယ်ယောင်းကြောင့် ရုတ်တရက်ကြောင်သွားပြီး စာပို့နေသည့် noraတို့ကိုမေးလိုက်သည်။
[ထယ်ယောင်းပြောတာငါမကြားမိလိုက်လို့ အခုသူစိတ်ဆိုးပြီးအခန်းထဲကနေထွက်သွားတယ် ဘယ်လိုလုပ်မလဲ]
[စိတ်ဆိုးတာမဟုတ်ဘူး စိတ်ကောက်တာ]+1,+2
______________

ထယ်ယောင်း ဧည့်ခန်းထိုင်ခုံမှာထိုင်နေလိုက်သည်။hyungကတော့မလိုက်လာ။သူစိတ်ဆိုးတာကိုမသိတာလား
မချော့တာလား ဒါမှမဟုတ် ဖုန်းနဲ့စာရိုက်နေတုန်းလား။ မဟုတ်မှ Hyungရည်းစားရနေတာများလား။ခဏအကြာ ဂျီမင်အခန်းထဲကနေထွက်လာပြီး ထယ်ယောင်းဆီလျှောက်လာသည်။

"ထယ်ယောင်း....စိတ်ဆိုးသွားတာလား"
"....."
"ငါ ငါ့အသိနဲ့စကားပြောနေလို့ပါ စိတ်မဆိုးနဲ့နော်"
"စိတ်မကောင်းဖြစ်တာ"
"တောင်းပန်တယ်နော် နော်လို့~"
အသံကိုစွဲပြော၊လက်ကိုလှုပ်ရမ်းပြီးချော့လာတာကြောင့် နောက်ဆုံးတော့ သူလည်း စိတ်‌ေပျာ့လိုက်သည်။
"Hyungကိုစိတ်မဆိုးတတ်တာသိရဲ့သားနဲ့"
"ဟီး"

မိတ်ဖက်မဟုတ်သောချစ်ရသူ [VMIN]Where stories live. Discover now