Season 2ရေးမလို့ဘဲ😁အချိန်မရတော့လို့ one shotပြောင်းရေးလိုက်တယ်♥️
____________________ထယ်ယောင်းကနယ်မြေခေါင်းဆောင်အဖြစ်ရွေးချယ်ခံလိုက်ရတယ်။
မင်္ဂလာပွဲကို ထယ်ယောင်းတို့ နယ်မြေခေါင်းဆောင်ရွေးချယ်ပွဲပြီးမှ ကျင်းပခဲ့တယ်။ မိတ်ဆွေတစ်ချို့နဲ့ သူငယ်ချင်းတွေနဲ့သာ မင်္ဂလာပွဲကိုကျင်းပခဲ့ပေမဲ့
တစ်နိုင်ငံလုံးရဲ့သတင်းစာထဲမှာ မျက်နှာဖုံးသတင်းအဖြစ်ပါနေခဲ့သည်။
ထယ်ယောင်းက နယ်မြေချုပ်စခန်းနဲ့နီးတဲ့နေအိမ်ကို ထယ်ယောင်းဦးလေးကသူတို့၏မင်္ဂလာလက်ဖွဲ့အဖြစ်ပေးခဲ့တယ်။ဂျီမင်အမေကတော့ လက်ရှိအိမ်မှာသာနေခဲ့မည်ဟုဆိုသောကြောင့် ထယ်ယောင်းတို့နှစ်ယောက်သာ လက်ဖွဲ့ပေးထားသည့်အိမ်မှာနေကြသည်။သူတို့နှစ်ဦးလက်ထပ်တာ တစ်လကြာသောလည်း သတင်းစာထဲမှာ အမြဲတစေ သူတို့အိမ်ထောင်ရေးအကြောင်းပါတတ်သည်။
[နယ်မြေခေါင်ဆောင် Kim Taehyung ခေါ်Victoria Kim လက်ထပ်ပွဲ]
[Dominant alpha Kimက သာမန် Betaကိုလက်ထပ်ယူခြင်း]
[Mate(လက်တွဲဖော်)ရန်မှ ရှောင်းရှားသွားသည့် Kim]
[Victoria Kim's mateမပေါ်ခင် အစားထိုးခံရသည့်Beta]
[Victoria Kim ၏လှည့်ကွက်]
[Victoria Kim၏အသုံးချခံBeta]
[ Kim Taehyung ၏ဟန်ဆောင် လက်ထပ်ယူခြင်း]"ဘာ...ဒါကြီးကတော့တော်တော်ဆိုးဝါးလွန်းတယ် ဘာကို ဟန်ဆောင်လက်ထပ်ယူခြင်းလဲ" ဧည့်ခန်းမှာထိုင်ပြီး သတင်းစာတခုချင်းစီကိုယူဖတ်ပြီး ပြောနေသည့် ဂျီမင်။
"Hyung စားလို့ရပြီ ဖတ်နေတာ
ထားပြီး လာတော့" မီးဖိုချောင်ခန်းမှ ထယ်ယောင်းခေါ်သံ ထွက်လာသည်။
"လာပြီ" ဟွန့်အသုံးမကျတဲ့သတင်းထောက်တွေ ပေါက်တတ်ကရတွေရေး၊ မင်းတို့ရဲ့ Victoria Kimက အခုငါအတွက် ညစာပြင်ပေးနေရတာကွ၊ ဘာကို ဟန်ဆောင်လက်ထပ်ပွဲလဲထမင်းအတူစားနေရင်း ဂျီမင် သတင်းစာမှာရေးထားတဲ့ သတင်းတွေပြန်မြင်ယောင်တာကြောင့် ထယ်ယောင်းအလုပ်ရှိရာလိုက်ပြီး သူတို့အဆင်ပြေကြောင်း သတင်းထောက်တွေကိုပြချင်တယ်။ သူတို့လက်ထပ်ပြီးကတည်းက ထယ်ယောင်းနဲ့သူက အပြင်သွားသည့်နေ့ကရှားသည်။ဒါကြောင့် သတင်းထောက်တွေက သူတိုအိမ်ထောက်ရေးကို လှည့်ကွက်တခုသာမြင်ကြသည်။
"ထယ်ယောင်း"
"ဘာဖြစ်လို့လဲ အရသာမရှိလို့လား"
"မဟုတ်ဘူး ဟို...ဟိုလေ"
"အွန်း ဘာကိုပြောရခက်နေတာလဲ"
"ငါ မင်းနဲ့ နယ်မြေချုပ်စခန်းဆီလိုက်ချင်လို့"
"လိုက်ပြီး ပျင်းနေရင်းဘယ်လိုလုပ်မလဲ
နောက်ပြီးhyungအလုပ်ကရှိသေးတယ်လေ"
"ငါအလုပ်တစ်ရက်နားမှာပေါ့ နော်လို့ လိုက်ချင်တယ် မင်းအလုပ်လုပ်နေတာလည်း မနှောက်ယှက်ဘူးလေ"
ထယ်ယောင်းတစ်ချက်ပြုံးလိုက်သည်။
"Hyungသဘောတိုင်းဘဲ"
"ရေးးး မနက်ဖြန်အတူတူသွားမယ်"
"အွန်းပါ ထမင်းစားတော့ လေခံမယ်"
![](https://img.wattpad.com/cover/292943347-288-k734847.jpg)
YOU ARE READING
မိတ်ဖက်မဟုတ်သောချစ်ရသူ [VMIN]
Fanfiction"ထပ်မေးမယ် ကံကြမ္မာနဲ့ငါဆိုရင်ရော" "ကျွန်တော်က ကံကြမ္မာကပေးတဲ့အရာ ထက် ခင်ဗျားကိုပိုချစ်တယ်" __________________ •|VMIN|• Completed✓