Part 2

728 76 0
                                    

"ကိုကို စိတ်လှုပ်မရှားနဲ့ ကိုကိုဘာဘဲဖြစ်ဖြစ် သားသဘောကျတယ်"
"ဟားဟားဟား ဟုတ်ပြီ ဒါဆို အဆောင်ရှေ့အထိလိုက်မပို့တော့ဘူးနော်"
"ရပါတယ်ဗျာ တာ့တာ"

ကျောင်းတူပေမဲ့ တတ်တဲ့အဆောင်မတူတာကြောင့် ထယ်ယောင်းနဲ့လမ်းခွဲကာ သူအဆောင်သူသွားလိုက်သည်။ပုံမှန်ဆို အဆောင်ရှေ့အထိလိုက်ပို့ပေးပေမဲ့ ဒီနေ့ ဆေးစစ်ရမှာကြောင့် ဖြစ်သည်။
ရင်တုန်တုန်နဲ့အခန်းထဲဝင်လိုက်တော့ သူလိုအတူစိတ်လှုပ်ရှားနေကြတဲ့သူတွေကြီးဘဲ။ထိုင်ခုံနေရာမှာထိုင်ပြီး ဆေးလာစစ်မဲ့အချိန်ကိုစောင့်နေလိုက်သည်။
"ဟဲ့ ငါomegaဖြစ်မလားBetaဖြစ်မလားမသိဘူး omegaမဖြစ်ချင်ဘူးဟာ"
"ငါလည်းကြောက်တယ်"
"ငါရောဘဲ Betaဖြစ်ရင်ဖြစ်လိုက် omegaတော့အဖြစ်မခံနိုင်ဘူး"
"ငါကြားဖူးတာကတော့ အဖေအမေက Omega Beta ကိုကလေးတွေက Omegaဖြစ်ဖို့များတယ်တဲ့"
" တကယ်လား ငါအမေနဲ့အဖေက omega Beta"
"Beta Betaဆိုရင်ရော"
"Betaဘဲ‌ေပါ့ဟာ"
"ဒါပေမဲ့စာမှာဖတ်ဖူးတာက အဘိုးအဘွားကomegaတစ်ယောက်ယောက်ပါရင် မြေးမျိုးဆက်မှာလည်း omegaဖြစ်နိုင်တယ်တဲ့"
"နင်ဘယ်လိုလို့သိ"
"အရင်တစ်ပတ်ကလိုင်းပေါ်မှာရှာဖတ်ကြည့်တာပေါ့ဟ"
"ဆေးစစ်ရမှာတောင်ထွက်ပြေးချင်လာပြီ"

အခန်းထဲကမိန်းကလေးတစုပြောနေတာကိုနားထောင်ကြည့်တော့ သူအမေ‌နဲ့အဖေက Betaတွေဘဲဆိုတော့ ငယ်ငယ်ကBetaဘဲဖြစ်မှာလို့တွေးမိထားတာ။ခုနကကောင်မလေးပြောတာအဘိုးအဘွားက omegaပါရင်ဆိုတော့ အဘွားကomegaလို့အမေပြောဖူးတယ်။ယောင်္ကျားလေး omegaမဖြစ်ချင်ဘူး။

သူတို့ရဲ့လူအဖွဲ့အစည်းကOmegaဆိုတာ Alphaတွေရဲ့သားကောင် အသုံးချခံတခုဘဲ။သာမန်အရပ်သားထဲကomegaဆိုတာအနိမ့်ခံ၊လိင်ကျွန်အဖြစ်ခံရသလိုဘဲ။

"ကဲကလေး‌တို့ရေ ဒီနေ့ဆေးစစ်ရမယ်ဆိုတာသိပြီးပြီထင်တယ် roll noနဲ့အစဉ်လိုက်သွားကြမယ် ကျောင်းဆေးခန်းမှာ စစ်ဆေးဖို့ဆရာဝန်တွေလည်းရောက်နေတယ် သေချာ‌စစ်ခဲ့ဟုတ်ပြီးလား"
"ဟုတ်ကဲ့ပါ"×10
"အတန်းခေါင်းဆောင်ကနေ ငါးယောက်တအုပ်စုခေါ်သွား"

သူအလှည့်ရောက်ဖို့ လေးယောက်အလို
ခြေဖျားလက်ဖျားတွေအေးလာတယ်။
ဘေးနားကသူငယ်ချင်းစကားပြောသံတွေကြားတစ်ချက်မကြားချက်။
"ဟေ့ကောင် ဂျီမင်"
"ဘာ... ဘာလဲ"
"မင်းအလှည့်ရောက်ပြီ
ဟိုမှာခေါ်နေတယ်"
"အေးအေး ငါသွားပြီ"
________________________

မိတ်ဖက်မဟုတ်သောချစ်ရသူ [VMIN]حيث تعيش القصص. اكتشف الآن