Part 6

576 55 0
                                    

ဒီအပိုင်းကနေစပြီး "ကိုကို" နေရာ "Hyung"လို့ အစားထိုးခေါ်မယ်နော်

"ရုတ်တရက်ဆိုတော့ နှလုံးကမခံနိုင်တာကြောင့်ပါ လူနာကလည်းအသက်အရွယ်ရနေပြီလေ လူနာကိုပိုပြီးဂရုစိုက်ပေး အပင်ပန်းမခံခိုင်းနဲ့"
"ဟုတ်ကဲ့ပါ ဆရာ"
"အော် နောက်ပြီး လူနာကိုစိတ်ပျော်အောင်ထား နှလုံးသမားဆိုတော့ အဓိကကစိတ်ဘဲ"
"ဟုတ်ကဲ့ ဟုတ်ကဲ့"

အဖေ့ရုပ်အလောင်းတောင် ဆေးရုံရဲ့အအေးခန်းထဲမှာဘဲရှိသေးတယ် အခုအမေကပါလှဲပြန်တော့ သူပါပစ်လှဲချင်စိတ်ပေါက်လာသည်။

"သား" ထယ်ယောင်းဦးလေးဖြစ်သူကခေါ်လိုက်သည်။
"အာ...ဦးလေးတို့ကို ဒုက္ခပေးမိပြန်ပြီ"
"ဒီလူနဲ့ဒီလူပြောစရာမလိုတာ သားအကူအညီလိုရင် ဦးလေးဆီကိုအချိန်မရွေးပြော မဟုတ်လည်း ထယ်ယောင်းကိုပြော"
"ဟုတ်ကဲ့ ဦးလေး"
"ဒါဆို ဦးလေးပြန်လိုက်အုန်းမယ် သားလည်းနားနားနေနေ နေနှင့်"
___________________________

အဖေအသုဘလည်းပြီးတော့ အမေနဲ့အတူ အိမ်ကိုပြန်လာခဲ့တယ်။
"အမေ အခန်းထဲနားနှင့် စားဖို့တခုခုလုပ်ပေးမယ်"
"အေးအေး ခက်ခက်ခဲခဲမလုပ်နဲ့"
"ဟုတ်ကဲ့ပါ အမေသွား‌နားတော့ တစ်နေ့ကုန်ပင်ပန်းနေတာ"

မီးဖိုချောင်ထဲမှာ အမေစားဖို့ပြင်နေတုန်း အိမ်ရှေ့ကဘဲလ်တီးနေတာကြောင့် ထွက်ကြည့်လိုက်သည်။
"ဟင်...ထယ်ယောင်း ဘာလိုလို့ရောက်လာတာလဲ အိမ်ပြန်သွားတယ်ထင်တာ"
"အိမ်ထဲအရင်ပေးဝင်ပါအုန်း"
" ‌ဝင်ဝင်"

"Hyung ဘာလုပ်နေတာလဲ"
"အမေစားဖို့ပြင်ပေးနေတာ"
"ဒေါ်လေးအတွက် ကြက်သားဆန်ပြုတ်ပါတယ် အဲဒါကျွေးလိုက်လေ hyungလည်းပင်ပန်းနေတာကို နားနေလေ"

ပါလာတဲ့အထုပ်ကိုယူပြီး ထယ်ယောင်းမီးဖိုချောင်ထဲဝင်ပြီး သယ်လာသည်။
"ဒါHyungစားဖို့ စွပ်ပြုတ်ပါပါတယ်"
"‌အွန်း"
"ဒေါ်လေးဆီသွားပို့လိုက်အုန်းမယ် စားနှင့်"

ခဏကြာတော့ ဗန်းနှင့်အတူပြန်လာတဲ့ ထယ်ယောင်းကိုမြင်တာမို့မေးလိုက်သည်။
"အမေမစားဖူးလား"
"ဒေါ်လေးအိပ်နေတယ် နိုးလာမှ နွေးကျွေးလိုက်မယ် သွားထားလိုက်အုန်းမယ်"
"အော် အေးအေး"

မိတ်ဖက်မဟုတ်သောချစ်ရသူ [VMIN]Where stories live. Discover now