ထယ်ယောင်းအခန်းတံခါးကိုဖွင့်ကြည့်လိုက်တော့ ဗီဒိုရှေ့မှာထိုင်ပြီး
အဝတ်အစားတွေကို အိတ်ထဲခေါက်ထည့်နေသည်။ အဖေနဲ့အမေကတောင် ငြင်းမယ်ထင်လို့သူကိုဖျောင်းဖျခိုင်းခဲ့တာ။ဟက်...အခုကသူကမငြင်းခဲ့ဘူး။ဘာကြောင့်လဲ နေ့လယ်ကသူအော်လိုက်မိလို့စိတ်ဆိုးပြီး လိုက်သွားတာလား။ပြန်တောင်းပန်လိုက်ရင် ထယ်ယောင်းမလိုက်သွားလောက်ဘူးမလား။"ယောင်းငယ်"
သူအနားမှာရှိနေတာကိုမသိဘူးထင်တယ် ခေါ်လိုက်မှ အဝတ်ထည့်ရာကနေခေါင်းမော့ကြည့်လာတယ်။
"ကိုကို....ဘာပြောမလို့လဲ"
"မသွားပါနဲ့လား"
"ဟင့်အင်း သွားမှဖြစ်မှာမို့လို့"ထယ်ယောင်းအဝတ်ထည့်ရင်ပြန်ဖြေလိုက်သည်။
"နေ့လယ်ကကိစ္စကြောင့်ဆို ငါ...ငါတောင်းပန်တယ်"
"မဟုတ်ဘူး အဲကိစ္စကြောင့် လိုက်သွားတာမဟုတ်ဘူး နောက်ပြီး ကိုကိုတောင်းပန်စရာမလိုဘူး"
"ဒါဆို ငါစကားနားထောင်ပြီးမလိုက်သွားပါနဲ့လား"
"....."
"ပြန်ဖြေလေ ထယ်ယောင်း"
"ဟိုဘက်က ကျွန်တော််ကိုလိုအပ်တယ်တဲ့ ခေါင်းဆောင်ရှိဖို့လိုအပ်တယ်တဲ့ နောက်ပြီး ဦးလေးကပြော....."
"ငါကျတော့ရော!! ငါမင်းကိုလိုအပ်တယ်လို့ပြောနေတဲ့ ငါကျတော့ရော!!"
မျက်ရည်တွေကျရင်အော်ပြောလိုက်မိသည်။
"ကိုကို မငိုပါနဲ့~~"
"မင်းက တကိုယ်ကောင်းဆန်တယ်"
"မဟုတ်ဘူး ကိုကိုနဲ့အမြဲလာတွေ့မယ်လေ"
"မင်းအခုထွက်သွားတာနဲ့ ငါကိုဘယ်တော့မှ လာမတွေ့ရဘူး မင်းနဲ့ပတ်သတ်တဲ့အရာမှန်တမျှငါဖျက်စီးပစ်မှာ ငါမှာမင်းလိုညီမျိုးဘယ်တော့မှမရှိဘူး မင်းကိုမုန်းတယ်"
"ကိုကို မမုန်းပါနဲ့"
"လွှတ်!"
"ကိုကို ......ကိုကို....... ကိုကို"
ဆွဲထားတဲ့လက်ကိုတွန်းထုတ်ပြီး အခန်းကနေထွက်လိုက်သည်။အခန်းကနေအော်ခေါ်နေတဲ့အသံကို လျစ်လျူရှူပြီး ကိုယ်အခန်းထဲဝင်သွားသည်။ထယ်ယောင်းတို့ဦးလေးနေတဲ့နေရာက ဒီကနေ 3နာရီလောက်သွားရတဲ့ seoulမြို့ပေါ်နေရာဖြစ်သည်။seoulမြို့ပေါ်ကိုဂျီမင်မရောက်ဖူးဘူး၊ အဖေနဲ့အမေအလုပ်က ဒီမှာဘဲအခြေစိုက်တာကြောင့် ဘယ်နေရာကိုမှမရောက်ဖူးပေ။ Seoulမြို့ကကျယ်ပြန့်ပြီး အသစ်အစမ်းတွေများပြားသည်။အချိန်ကြာလာလို့ သူငယ်ချင်းတွေရခဲ့ရင် ထယ်ယောင်းသူကိုမေ့သွားမှာစိုးရိမ်စိတ်ကြောင့် တစ်ညလုံးအိပ်၍မပျော်ခဲ့ပေ။ အိပ်လို့မပျော်တဲ့အဆုံး အခန်းပြင်ထွက်ပြီ ထယ်ယောင်းအခန်းဆီသွားဖို့ပြင်လိုက်သည်။
ESTÁS LEYENDO
မိတ်ဖက်မဟုတ်သောချစ်ရသူ [VMIN]
Fanfic"ထပ်မေးမယ် ကံကြမ္မာနဲ့ငါဆိုရင်ရော" "ကျွန်တော်က ကံကြမ္မာကပေးတဲ့အရာ ထက် ခင်ဗျားကိုပိုချစ်တယ်" __________________ •|VMIN|• Completed✓