ကျောင်းပြီးတာသိပ်မကြာသေးတဲ့ဂျီမင်အတွက် အလုပ်ရှာရတာ လွယ်မကူချေ။ အမြဲတမ်းအချိန်ပိုင်းအလုပ်နဲ့ဘဝကြီးကိုဖြတ်သန်းမသွားနိုင်ဘူး။
Alarmသံမြည်လာတာကြောင့် မနက်6နာရီထိုးပြီးဆိုတာသိလိုက်ရသည်။alarmပိတ်ပြီး အိပ်ရာဘေးကိုကြည့်လိုက်တော့ ထယ်ယောင်းအိပ်ရာနေရာက နေရာမပျက်သေး။ညကအိမ်ပြန်မအိပ်ဖြစ်ဖူးထင်တယ်။အမေနဲ့သူ ဒီအိမ်ကိုမလာခင်က ထယ်ယောင်းအခန်းက အိပ်ရာတခုဘဲရှိတာ။နောက်တော့တစ်ယောက်အိပ် အိပ်ရာနှစ်ခုပြောင်းလိုက်ရတယ်။ မကြာခင် နယ်မြေခေါင်းဆောင်ရွေးချယ်ပွဲ စတော့မှာမို့ ထယ်ယောင်းတစ်ပတ်မှာတစ်ရက်ဘဲအိမ်ပြန်လာနိုင်သည်။
လေ့ကျင့်ရေးစခန်းမှာနေရခြင်းကြောင့် ထယ်ယောင်းအသားက ခက်ညိုညိုဖြစ်နေသည်။ ကျောပြင်ကလည်းသူ့ထက်ပိုကျယ်ပြီး muscleတွေလည်းသူနေရာနဲ့သူရှိတယ်။ရုပ်တည်နေတဲ့အခါတောင် နှစ်ခါပြန်ကြည့်ရလောက်သည့်အထိချောမောတဲ့လူဖြစ်တယ်။သူအပေါ်အစ်ကိုရင်းတစ်ယောက်လိုခင်တွယ်တဲ့လူအပေါ် သူကမဟုတ်တဲ့စိတ်မျိုးထားမိလေသည်။အဲစိတ်ကသူကိုသူ
မွန်းကျပ်စေတယ်။"အ့..shit.." ထယ်ယောင်းအကြောင်းတွေးမိရုံဘဲရှိသေးတယ် အောက်ကဆန္ဒပြလာသည်။
"ဟူးးးပတ်ဂျီမင် ပတ်ဂျီမင် ကိုယ်ကိုယ်တောင်စိတ်ပျက်လာပြီ" ရေချိုးခန်းထဲ သန့်ရှင်းရေးလုပ်ဖို့ အမြန်သွားလိုက်သည်။
___________မီးဖိုချောင်းထဲဝင်တော့ အမေက ဟင်းချက်ဖို့ပြင်နေသည်။
"သား အစောကြီးနိုးပါလား အတော်ဘဲ မဟုတ်ရင်အမေလာနိုးတော့မလို့"
"ဘာတွေချက်နေတာလဲ မွှေးနေတာဘဲ"
"အော် ထယ်ယောင်းကြိုက်တဲ့ ဖရုံသီးစွပ်ပြုတ်ချက်နေတာ ကျက်ရင်သွားပို့ပေးအုန်း"
"အာ..အခုလား"
"ဘာဖြစ်လို့လဲ သားမအားလို့လား"
"မဟုတ်။သားအလုပ်ဖောင်လျှောက်ဖို့ ဒီနေ့သွားရမှာမို့ သွားရင်ထယ်ယောင်းဆီဝင်ပေးလိုက်မယ်လေ"
"အေး ကောင်းတာပေါ့ ထယ်ယောင်းကဟိုမှာသေချာစားရဲ့လားမသိဘူးလေ"
"ဟုတ်တယ် သားသွားပို့ပေးလိုက်မယ်"နေ့လယ်ထမင်းမစားခင်အမှီပို့မှာ ထယ်ယောင်း ဖရုံသီးစွပ်ပြုတ်စားလို့ရမှာ
ထိုကြောင့် သွားမည့်အချိန်ထက်စော ထွက်ဖို့ပြင်လိုက်သည်။
"အမေ သားသွားတော့မယ် အိမ်မှာတစ်ယောက်ထဲ ဂရုစိုက်နေနှင့်နော်် တခုခုဆိုလည်းဖုန်းဆက်အုန်း"
"ဟုတ်ပါပြီ ဂရုစိုက်သွား ထယ်ယောင်းကိုရောဖုန်းဆက်ပြီးပြီလား"
"နောက်မှဖုန်းဆက်လိုက်မယ် သွားတော့မယ်"
"အေးဖြည်းဖြည်းသွား မှောက်ကုန်မယ်"
"ဟုတ်ဟုတ်"
BINABASA MO ANG
မိတ်ဖက်မဟုတ်သောချစ်ရသူ [VMIN]
Fanfiction"ထပ်မေးမယ် ကံကြမ္မာနဲ့ငါဆိုရင်ရော" "ကျွန်တော်က ကံကြမ္မာကပေးတဲ့အရာ ထက် ခင်ဗျားကိုပိုချစ်တယ်" __________________ •|VMIN|• Completed✓