Part 5

589 62 2
                                    

Unicode

ရက်ကိုလစား၊လကိုနှစ်စားနဲ့ ဂျီမင် 22နှစ်ကိုရောက်လာခဲ့သည်။
ဆေးစစ်ချက်က အသက်17နှစ်မှသိရခဲ့တယ်။သူကBeta ထယ်ယောင်းက dominant alpha... သူကတော့သာမန်တက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသားပေါ့ ထယ်ယောင်းကတော့ လေ့ကျင့်ရေးစခန်းမှာဘဲ အနေများပြီး မတွေ့ဖြစ်တာအတော်ကြာခဲ့ပြီ။ရုတ်တရက် သူ့ဘဝက တစ်ချိုးကွေ့ပြောင်းလဲခဲ့ရတယ်။

"ဘာ!!! အခုလာခဲ့ပါမယ် ဟုတ်ကဲ့ဟုတ်ကဲ့"
"အမေ ဘာဖြစ်လို့လဲ"
အမေရဲ့ဖုန်းစကားပြောသံကြားရတာကြောင့် အခန်းထဲကနေထွက်လာပြီးမေးလိုက်သည်။
"နင့်အဖေ ဆောက်လုပ်ရေးလုပ်တဲ့နေရာမှာ ပြုတ်ကျလို့တဲ့ ဆေးရုံးသွားရမယ်"
"အဖေ အဖေက သားလည်းလိုက်မယ်"
"နေခဲ့ အိမ်မှာစောင့်နေ"
"ဒါပေမဲ့......"ဆေးရုံနာမည်တောင်မမေးလိုက်ရခင်မှာ အမေကအိတ်ဆွဲပြီး ထွက်သွားတာကြောင့် အိမ်မှာဘဲစောင့်နေလိုက်ရသည်။

🎶🎶📱📱🎶🎶
"ဟယ်လို"
"ကိုကို ဘာလုပ်နေလဲ အသံကအားမရှိသလိုဘဲ အခုမှအားလို့ဖုန်းဆက်လိုက်တာ"
"အဖေ ဆေးရုံတင်ထားရတယ်တဲ့"
"ဘယ်လိုကြောင့်"
"မသိဘူး အမေပြောတော့ ပြုတ်ကျလို့တဲ့"
"ဦးလေးကကြံခိုင်ပါတယ်"
"ငါ...ငါကြောက်တယ်"
"ကျွန်တော် အခုလာခဲ့ရမလား"
"...."
"ဟမ်"
"လာခဲ့ရမလား"
"အွန်း"
"ကောင်းပြီ ဖုန်းနားမှာဘဲအဲဆိုစောင့်နေ အခု ကားမောင်းပြီးလာခဲ့မယ်"
"ဖြေးဖြေးလာခဲ့"

_____________________

"ကိုကို"
"အဆင်ပြေရဲ့လား ဒေါ်လေးဖုန်းဆက်သေးလား"
"မဆက်သေးဘူး ငါလိုက်သွားချင်ပေမဲ့ ဆေးရုံမသိတော့"
"ဖုန်းဆက်လာမှာကိုစောင့်ကြတာပေါ့
လာ အပေါ်မှာထိုင်လေ ကြမ်းပြင်ကအေးကအေးနဲ့"

🎶🎶📱🎶🎶
"အမေ အခြေအနေဘယ်လိုလဲ"
"အေး စိုးရိမ်ရတဲ့အခြေအနေမဟုတ်တော့ပေမဲ့ ICUအခန်းထဲမှာတစ်ရက်နှစ်ရက်လောက်ထားမယ်ပြောတယ် သတိပြန်မလည်လာသေးဘူး"
"သားအခုလာခဲ့မယ် ထယ်ယောင်းလည်းပါမှာ"
"အေးအေး"

ဆေးရုံးကိုရောက်တော့ ဆေးပိုက်တွေနဲ့ချိတ်ထားတဲ့ အဖေကို အခန်းပြင်ကနေလှမ်းမြင်လိုက်ရတယ်။

"အဟမ်း...ဒီက ပတ်လူကြီးမင်းရဲ့သားထင်တယ်"
"ဦးလေးကအဖေအသိလား"
"ဆိုပါတော့....မင်းအမေကမထွက်လာသေးတာကြောင့်စောင့်နေတာ မင်းလာတာနဲ့အတော်ဘဲ"
"ဘာကိစ္စရှိလို့လဲ"
"ပတ်လူကြီးမင်းက ဆောက်လုပ်ရေးကိုလာကြည့်ရင် အုတ်တွေကမခိုင်တာနဲ့ပြုတ်ချကုန်တာ အုတ်တွေမခိုင်တာကလည်း အသုံးပြုတဲ့ပစ္စည်းတွေ အညံ့စားပစ္စည်းတွေလေ"
"ဦးလေးဆိုလိုချင်တာက အဖေက..."
"ဟုတ်တယ် မင်းအဖေက အစိုးရကိုတင်ပြတော့ နိုင်ငံခြားကပစ္စည်းတွေနဲ့လုပ်တာဆိုပြီး အခုက နိုင်ငံခြားတော့နိုင်ငံခြားဘဲ ဒါပေမဲ့နိုင်ငံခြားကအ‌ရည်သွေးမမှီတဲ့ ပစ္စည်းတွေ သုံးတာ"
"မဖြစ်နိုင်တာ"
"အခုတော့အစိုးရဘက်က လူတွေသိကုန်လို့ ပွလောရိုက်နေကြပြီ"
"အခုဦးလေးလာတာကလည်း အစိုးရဘက် ဆောက်လုပ်ခွင့်ပိတ်လိုက်ပြီဆိုတာရယ် ဦးလေးအနေနဲ့ sharingလုပ်ထားတဲ့ပိုက်ဆံကိုပြန်ထုတ်ချင်တယ်"
"ဗျာ....အခုအဖေကအရေးပေါ်အခန်းထဲရောက်နေတာတောင် ဦးလေးက ငွေရေးကြေးရေးပြောဖို့ လာတာလား"
"ဦးလေးတို့လို့ ရင်းနှီးမြုံနှံ့ရေးသမားအနေနဲ့ အမြတ်ရရင်လုပ်မယ် မရတော့ရင် လက်တွဲပြုတ်ရုံဘဲရှ်ိတယ် ဒါစည်းမျဉ်းစည်းကမ်းတခုဘဲ မင်းနားလည်မယ်လို့ထင်တယ်"
"ကောင်းပြီ ငွေamountကိုပြောပါ"
"ဒေါ်လာ ၈၉သန်း"
"အမေကိုပြောပြီး ဘဏ်ကနေလွဲပေးလိုက်ပါမယ် အခုခွင့်ပြုပါအုန်း"
ထိုလူကိုကျောခိုင်းပြီး အမေရှိရာသို့ ထွက်သွားလိုက်သည်။
"ကိုကို အဆင်ပြေရဲ့လား"
"အွန်း ပြေတယ်"
အမေကသူတို့ကိုမြင်သွားသည့်ထင်တယ် အခန်းထဲကနေထွက်လာပြီ သူတို့အနားရှိရောက်လာသည်။
"သား ညကျရင် အခန်းကိုရွေ့ရမယ်တဲ့ အခန်းသွားယူထားနှင့်"
"ကျွန်တော်သွားလိုက်ပါမယ်"
"ကျေးဇူးဘဲ ထယ်ယောင်း‌"

မိတ်ဖက်မဟုတ်သောချစ်ရသူ [VMIN]Tahanan ng mga kuwento. Tumuklas ngayon