Part 8

591 58 0
                                    

ကန်တင်းဘက်ကိုရောက်တော့ လူတွေအပြည့်ဘဲ ဂျီမင်ကျောင်းကကန်တင်းထက် ပိုကြီးပြီး နေရာတိုင်းကလူအပြည့်၊တန်းစီနေတဲ့လူတွေကလည်းအများကြီး သူတို့ထိုင်စရာနေရာရှိပါ့မလားလို့ရှာကြည့်‌တော့ စားပွဲခုံတိုင်းကလူအပြည့်။ ထယ်ယောင်းဘက်ကိုလှမ်းကြည့်လိုက်တော့ ပုံမှန်အတိုင်းဘဲ
နေရာမရမှာစိုးရိမ်တဲ့ပုံမပေါ်။

"ငါနဲ့ အစ်ကိုနဲ့ နေရာသွားဦးထားလိုက်မယ် နင်တို့သုံးယောက်က ငါတို့အတွက် တခါထဲယူလာခဲ့ပေး"ထယ်ယောင်း သူငယ်ချင်းကောင်မလေးကပြောလိုက်သည်။
"‌အေး Hyungကိုသေချာခေါ်သွား"
"ငါကလေးမှမဟုတ်တာ" ထယ်ယောင်းကိုပြန်ပြောလိုက်သည်။

"လာအစ်ကို သူတို့စားစရာယူလာပေးလိမ့်မယ် ထိုင်ခုံနေရာစီသွားရအောင်"
"အွန်း.."

"ဒီမှာနေရာရပြီ အစ်ကိုလာလာ သူများဦးသွားမယ်"
အချိန်ခဏလေးနဲ့ နေရာရှာနိုင်တဲ့ ကောင်မလေးကိုစိတ်ထဲကချီးကျူးမိသည်။ဂျီမင် စားပွဲခုံရဲ့ ဘေးအစွန်းမှာထိုင်လိုက်သည်။သူမကတော့ ဂျီမင်အရှေ့မှာထိုင်သည်။ ထယ်ယောင်းတို့ရောက်လာတော့ ဂျီမင်စားဖို့ သူရှေ့မှာပန်းကန်ချပေးလိုက်သည်။
"စားလို့ရပါပြီဗျာ"
"အွန်း"
ထမင်းပန်းကန်လုံးအဖုံးကိုဖွင့်ကြည့်လိုက်တော့ မြေပဲနဲ့ရောထားတဲ့ထမင်း။ထယ်ယောင်းလည်းမြင်ရော

"Hyung ကျွန်တော်အပြင်ကထမင်းဖြူသွားဝယ်ပေးရမလား"
"ရတယ် ကိစ္စမရှိဘူး ဖယ်စားလို့ရတယ်"
"ဘာဖြစ်လို့လဲ" ထယ်ယောင်းသူငယ်ချင်းကမေးလိုက်သည်။
"Hyungကမြေပဲနဲ့မတည့်ဘူးလေ အဲကြောင့်"
"အော် ဒါဆိုထမင်းချက်အန်တီဆီမှာ ထမင်းဖြူရလားလို့မေးကြည့်ရင်ရော"
"ရမယ်မထင်ဘူး"
"ကိစ္စမရှိဘူး ထမင်းစားရအောင် မြေပဲကိုဖယ်စားလို့ရတယ်"
"ဒါဆိုကျွန်တော်ကိုပေး ကျွန်တော်ဖယ်ပေးမယ်" ပြောလို့လည်းအပြီး သူ့ထမင်းပန်းကန်ကိုယူပြီး မြေပဲတစ်လုံးချင်းစီဖယ်ပေးနေသည်။
"Hyung ဒေါ်လေးထည့်ပေးတဲ့ဖရုံသီးစွပ်ပြုတ် ထည့်သောက်နှင့်"
"အွန်း" ထယ်ယောင်းကိုအရင်ထည့်ပေးပြီး ကျန်တဲ့လူသုံးယောက်ကိုပါထည့်ပေးပြီးမှ သူအတွက်ထည့်လိုက်သည်။လူငါးယောက်အတွက်ထည့်လို့လည်းအပြီး စွပ်ပြုတ်ခွက်ထဲ‌တွင်အရည်တစ်စက်မှမကျန်တော့ချေ။

မိတ်ဖက်မဟုတ်သောချစ်ရသူ [VMIN]Onde histórias criam vida. Descubra agora