(Uni)ကောင်းကင်မှာ တရိပ်ရိပ်တက်လာသည့် မိုးသားတိမ်တိုက်များက ပတ်ဝန်း ကျင်တစ်ခုလုံးကို တစ်ဖြေးဖြေး အရိပ်ကျမှောင်မိုက်လာသည်။ ညနေ(၅)နာရီသာ ရှိသေးသည်ဆိုပေမယ့် အခုလို ကျွန်တော်နေထိုင်ရာ မြိတ်မြို့လေးကတော့ ပုံမှန်မဟုတ်တတ်သည့်ရာသီဥတုများကြား အနေအထားတွေက အမြဲ ပြောင်းလဲတတ် သည်။ မြို့ထဲ တစ်လမ်းဝင်တစ်လမ်းထွက် သွားနေရသည်မှာ နေ့လယ် (၁)နာရီတည်း ကဆိုတော့ လူလည်း ခြေတိုနေပြီ။ တစ်လမှာ (၂)ရက် အခုလို မြို့ထဲ တစ်အိမ်ဝင် တစ်အိမ်ထွက်။ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် လစဉ်ငွေတိုးကို လိုက်ကောက်နေကြဆို ပေမယ့် ကျွန်တော့်အတွက်တော့ ထိုအလုပ်မှာ အခုထိ ကျင့်သားမရသေးချေ။ အမြဲ ထိုနှစ်ရက်ပြီးရင် နောက်တစ်နေ့ အိပ်ယာမှမထနိုင်သည်အထိ ညောင်းညာကိုက်ခဲ တတ်မြဲဖြစ်သည်။ ဒါပေမယ့် ထိုလစဉ် အလုပ်ကို မလုပ်၍လည်း မရ။ ထိုလစဉ်ရသည့် အတိုးနှင့်ပင် ဂေဟာရဲ့ကုန်ကျစာရိတ်တွေကို လစဉ်ဖြေရှင်းနေရသည်။ ဂေဟာတွင် ထည့်ဝင်ထားသည့်ရံပုံငွေရဲ့သုံးပုံတစ်ပုံကိုတော့ အခြားမြို့ပေါ်ရှိ စီးပွားရေးလုပ်ငန်း များတွင် ရှယ်ယာထည့်ဝင်ထားပြီး ထိုမှရရှိသည့်အမြတ်ကိုတော့ ဂေဟာအတွက် လိုအပ်သည့်ဆေးဝါး၊ ကလေးများ၏ကျောင်းစာရိတ်များတွင် အသုံးပြုပြီး။ နောက် တစ်ပုံကိုတော့ ဘဏ်ထဲထည့်ကာ တစ်ခုခုအခက်ခဲကြုံချိန် သုံးရန်ထားသည်။ ကျန်နေ သေးသည့်တစ်ပုံကိုတော့ အခုလို ကျွန်တော်တို့နေထိုင်ရာမြို့တွင်ပင် ငွေးတိုးလှည့်ပေး ထားပြီး ဂေဟာ၏လစဉ်ပုံမှန်အသုံးစာရိတ်ကို ထိုရရှိသည့် အတိုးဖြစ် ဖြေရှင်းကြ သည်။ လဆန်းပိုင်းမှ အခုလိုပင်ပင်ပန်းပန်း အတိုးလိုက်မသိမ်းရင်လည်း အတိုးရဖို့ ခက်ခဲသွားတတ်သည်။ မြို့ပေါ်လို လူလိမ်လူညာ မပေါ်များပေမယ့်။ ဒီဒေသခံတွေက လက်ထဲတွင် ငွေကိုခပ်ကြာကြာမထားတတ်သည့်စရိုတ်များရှိသူပင်။ ငွေရှိရင် လိုချင် တာဝယ်မည်။ ငွေရှိရင် စားချင်တာစားမည်။ လက်ထဲ ငွေပျက်သည်ကို သိပ်ပြီး ကြောက်လန့်နေကြသူများမဟုတ်။ စားစရာမရှိရင် အဆုံးမရှိသည့် ဒီပင်လယ်ထဲ ဆင်းကာ ရှာစားမည်။ နေစရာ မရှိရင် ကမ်းစပ်မှာ တဲထိုးနေကြမည်။ ဒါက ဒီဒေသက ဒေသခံတွေရဲ့ရိုးသားမှုလား။ ရူးမိုက်မှုလား။ ကျွန်တော်မသိတော့ပါဘူး။ တစ်ခါ တစ်လေတော့ ထိုကဲ့သို့အမှီအခိုကင်းမဲ့လွန်းသည်ကို သဘောကျမိပေမယ့်။ တစ်ခါ တစ်ရံတော့လည်း ထိုကဲ့သို့ လူမျိုးမဟုတ်တာကို သဘောကျမိပြန်သည်။ လူဆိုတာက အနည်းဆုံး မျှော်လင့်ချက်ရှိသင့်သည်။ ကြီးမားခန်းနားလွန်းသည်မဆိုလိုပေမယ့် သေးသိမ်သည့်မျှော်လင့်ချက်လေးကပင် လူတစ်ယောက်ရဲ့အသက်ရှင်စိတ်ကို ဖန်တီး စေသည် မဟုတ်လား။
YOU ARE READING
နတ်ဆိုး
Roman d'amourအချစ်က နတ်ဆိုးတစ်ကောင်လိုပဲ အရာအားလုံးကို ပျက်ဆီးစေခဲ့တယ်။ သုတ စောယူရီကို ဝေမင်းခန့် OC Ver