အပိုင်း(၁၂)

450 37 5
                                    

(Uni)

"မင်း ခဏတော့ နားပါဦး"

ကျွန်တော့်အရှေ့ပိတ်ရပ်ကာ ပြောလိုက်သည့် ဟိန်းဇေစကားကြောင့် ကျွန်တော့်ခြေလှမ်းတွေ ရပ်တန့်သွားသည်။ ကျွန်တော်ဘာမှမပြောပဲ အရှေ့တွင် ရပ်နေသည့် ဟိန်းဇေကိုရှောင်ကာ လက်ထဲမှကိုင်ထားသည့်ကြီးမားသည့် ပုံးကိုမကာ သွားလိုက်သည်။

"သုတ"

စိတ်မရှည်သည့် ဟိန်းဇေရဲ့စကားသံအဆုံး ကျွန်တော့်လက်ထဲမှ ကြီးမား သည့်ပုံးကိုဆွဲယူကာ ခပ်လှမ်းလှမ်းက ဆိုင်ဝန်ထမ်းကိုလှမ်းကြည့်ပြီး။

"ဒီပုံးကို စတိုခန်းထဲ ပို့လိုက်"

ဟိန်းဇေလက်ထဲကပုံးကို ဝန်ထမ်းကောင်လေးကယူလိုက်သည်နှင့် တပြိုင် နက် ဟိန်းဇေက ကျွန်တော့်လက်ကိုဆွဲကာ ဆိုင်အတွင်းခန်းမှခေါ်လာပြီး စားပွဲဝိုင်း တစ်ခုတွင် ဝင်ထိုင်ခိုင်းလိုက်သည်။ ပြီးတော့ ကျွန်တော်နှင့်မျက်နာချင်းဆိုင်တွင်ထိုင် ကာ ကျွန်တော့်ကိုစိုက်ကြည့်နေသည့် ဟိန်းဇေအကြည့်ကြောင့် ကျွန်တော် မျက်နာလွဲ ကာ မှန်မှတဆင့်မြင်ရသည့် ကားလမ်းမကို အဓိပ္ပါယ်မဲ့ငေးကြည့်နေမိသည်။

"မင်းတို့နှစ်ယောက်ကြောင့် ငါတော့ စိတ်ညစ်ပါတယ်"

ဟိန်းဇေဆီက ငြီးတွားသံလိုလို ငြီးငြူသံလိုလို ဒါပေမယ့် ဟိန်းဇေစကားသံ က စိတ်ပျက်မူတွေပါဝင်နေသည်။ ကျွန်တော်ပင့်သက်တစ်ချက်ချလိုက်ပြီး စားပွဲပေါ် လက်ထောက်ကာ အနည်းငယ်ရှည်လျားနေသည့် ကျွန်တော့်ရဲ့အရှေ့ ဆံပင် များကို အနောက်သို့သိမ်းယူလိုက်သည်။ အခုထိတော့ ကျွန်တော့်ဆီမှာ ဟိန်းဇေကို ပြောပြ စရာစကားလုံးတွေမရှိသေး။ ထို့အတူ မင်းခန့်ကိုရှင်းပြစရာခံစားမှုတွေကလည်း ပျောက်ဆုံးနေဆဲ။ အခုချိန်ထိ ကျွန်တော် ဦးတည်ချက်ကလမ်းပျောက်နေသလိုပင်။ မင်းခန့်အိမ်ကထွက်သွားသည့်ညကစပြီး ကျွန်တော် အလုပ်တွေသာမနားမနေဖိလုပ် နေမိသည်။ ဟိန်းဇေဆိုင်တွင်လည်း အသေးအမွားအလုပ်များကအစ ကျွန်တော် မနားမနေလုပ်နေမိသည်။ ကျွန်တော့်ရဲ့ဖြစ်ပျက်နေသည့်ပုံစံကို ဟိန်းဇေမြင်တွေ့နေရတာ အဆင်မပြေဘူးထင်။ ဟုတ်မှာပါ ကျွန်တော်က အရူးတစ်ယောက်လိုဖြစ်နေတာ ကို။ ကျွန်တော် ရူးခဲ့တာကိုး။ မိုက်မဲခဲ့တာကိုး။

နတ်ဆိုးWhere stories live. Discover now