(Uni)
"ဆင်း"
ကားတံခါးကိုဖွင့်ပြီးပြောလိုက်သည့် သူ့စကားကြောင့် ကျွန်တော်စိတ်မပါစွာ ကား ပေါ်မှဆင်းလိုက်သည်။ ကားပေါ်ကဆင်းပြီး ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်ရုံဖြင့် သူ ဘယ်နေရာကိုခေါ်လာသည်လဲ။, ဘာလုပ်ဖို့လဲဆိုတာမပြောပဲ စိတ်ထဲက အလိုလိုသိလိုက် သည်။ သူ ကျွန်တော့်ကို ကုန်တိုက်ကိုခေါ်လာတာပဲ။ ဒီည ဧည့်ခံပွဲတစ်ခုရှိသည်လို့တော့ ဟိုနေ့ညက သူဖုန်းပြောရင်း ကျွန်တော်ကြားလိုက်ရသည်။ သေချာပြီ သူကျွန်တော့်ကို ဧည့်ခံပွဲ ခေါ်သွားတော့မည်။ ဒီကုန်တိုက်မှာ ကျွန်တော့်ကို သူ့စိတ်ကြိုက်ပြင်ဆင်ပြီးပေါ့။ ကျွန်တော် သူ့ဆီရောက်တာ (၁)လပင်ပြည့်တော့မည်။ ထိုအချိန်အတွင်း သူ့သူငယ်ချင်းများနှင့်သူ့ ဝန်ထမ်း များနှင့်သူ့ပတ်ဝန်းကျင်က ဘာပွဲလုပ်လုပ်ခေါ်သွားသည်။ မိတ်ဆက်ပေးသည်။ ကျွန်တော့်ကို သူ့ရဲ့လူပါဆိုပြီးမိတ်ဆက်ပေးသည်။ အံ့သြစရာကောင်းသည်က သူ့လူဆိုသည့် သူ၏စကား အဓိပ္ပါယ်ကို ကျွန်တော်လည်းနားမလည်သလို၊ သူ့ပတ်ဝန်းကျင်ကလည်း နားမလည်။ ဒါပေ မယ့် ဘယ်သူမှလည်း သူ့ကိုမမေးကြ။ သူက သူ့အပေါင်းအသင်း။ သူ့ပတ်ဝန်းကျင်တွင် သြဇာသက်ရောက်လွန်းသည်။ သူကဒါဆိုရင် မည်သူမှ ဘာမှကောင်းသည်ဆိုးသည် ပြန်မပြော ပေ။
ကျွန်တော် သူနောက်ကလိုက်လာတော့ ကုန်တိုက်ထဲရှိဝန်ထမ်းများက အားလုံး ခေါင်းငုံ့အရိုအသေပေးကြသည်။ အားလုံးရဲ့အကြည့်ကတော့ ကျွန်တော်ဆီ စုပုံကျရောက်နေ မည်ဆိုတာ ကျွန်တော်ဧကန်ပြောရဲသည်။ ဒီကုန်တိုက်ကို စောယူရီကိုဆိုသည့်သူ ပိုင်သည် ဟုတော့သိထားသည်။ ဒီကုန်တိုက်အပြင် အခြားလုပ်ငန်းအများအပြားလည်း သူလုပ်ကိုင် သည်လို့လည်းကြားနေရသည်။ သူက အပြင်လောကတွင်သာမက စီးပွားရေးနယ်ပယ်တွင် လည်း vampireလို့နာမည်ကြီးသူပင်ဖြစ်သည်။ သူ့အကျိုးအတွက်ဆို မည်သူ့မျက်နှာကိုမှ မထောက်ထားတတ်သူပင်။ မည်သူ့ကိုမှ ခေါင်းငုံ့နေသည့်သူမျိုးမဟုတ်ပါ။, လောကမှ ငွေက ဒုတိယဘုရားသခင်ဆိုရင် စောယူရီကိုဆိုသူက ထိုဒုတိယဘုရားသခင်ကို ပိုင်ဆိုင်သည့် လူမျိုး ပင်ဖြစ်လိမ့်မည်။

YOU ARE READING
နတ်ဆိုး
Romanceအချစ်က နတ်ဆိုးတစ်ကောင်လိုပဲ အရာအားလုံးကို ပျက်ဆီးစေခဲ့တယ်။ သုတ စောယူရီကို ဝေမင်းခန့် OC Ver