အပိုင်း(၅)

525 45 0
                                    

(Uni)
မျက်နှာပေါ်ကျရောက်လာသည့် နွေးထွေးသည့်ခံစားမှုကြောင့် ကျွန်တော်မှိတ်ထား သည့် မျက်လုံးကိုဖြေးညင်းစွာဖွင့်လိုက်သည်။ မျက်လုံးဖွင့်လိုက်သည်နှင့်အတူ အခန်းနံရံမှန်မှ တစ်ဆင့်မြင်လိုက်ရသည့် နံနက်ခင်းနေရောင်ရဲ့လင်းလတ်လှပမှုက မပြောင်းလဲစွာ မြင်ကွင်း ထဲဝင်လာနေကြပင်။ ပြီးတော့ ထိုလှပမှုကပင် ကျွန်တော့်မနက်ခင်းတွေရဲ့အထီးကျန်မှုကို ဖြေဖျောက်ပေးသလိုပင်။ ထိုစဉ် ကျွန်တော့်နောက်မှ ကျွန်တော့်ကိုယ်ကိုထွေးပွေ့ထားသည့် သူ့ဆီကလှုပ်ရှားမှုကြောင့် ကျွန်တော်ဘေးတိုက်လှဲအိပ်နေရာမှ အနောက်ကိုခေါင်းအနည်း ငယ်စောင်းလိုက်သည်။ သူ့ဆီကအသက်ရှုသံက ပုံမှန်ဖြစ်နေသည့်အတွက် သူ မနိုးသေးဘူးဆို တာ ကျွန်တော်သိလိုက်သည်။ ညက ကျွန်တော်အိပ်ပျော်သည်ထိ သူမအိပ်သေးပါ။ တစ်ခါ တစ်လေ သူ့ရဲ့အထိအတွေ့နှင့်အပြုအမူများကြောင့် ကျွန်တော်ကပင်ပန်းစွာ အိပ်ပျော်သွား ပေမယ့် သူကတော့ ဘာမှမဖြစ်သလို ကုမ္ပဏီအလုပ်တွေ ထလုပ်နိုင်သည်မျိုးပင်။

ကျွန်တော် ဘာမှမပြောပဲ ကျွန်တော်တို့ နှစ်ယောက် ခြုံထားသည့် ခပ်ပါးပါးစောင်ကို ကျွန်တော့်ကိုယ်ပေါ်မှဖြေးညင်းစွာဖယ်ပြီး ကျွန်တော့်လည်ပင်းအောက်မှခုထားသည့် သူ၏ လက်ထဲမှ ကျွန်တော့်လက်တစ်ဖက်ကို ခပ်ဖွဖွဆွဲယူလိုက်သည်။

"အင်း!, အင်"

သူ့ဆီကငြီးတွားသံနှင့်အတူ ဆွဲယူနေသည့် ကျွန်တော့်လက်ကိုပိုပြီးတင်းကြပ်စွာ ဆုပ်ကိုင်ပြီး ကျန်သည့်လက်တစ်ဖက်က ကျွန်တော့်ခါးကိုခပ်တင်းတင်းဆွဲဖတ်လိုက်တော့ ကျွန်တော် အသက်မရှုရဲ။ ငြိမ်သက်နေမိသည်။ သူ့အသက်ရှုသည့်ဝင်လေထွက်လေက ကျွန်တော်၏ဂုတ်သားကို လာရောက်ထိခတ်နေသည်။ ကျွန်တော့်လက်ကို ဆုပ်ကိုင်ထားသည့် သူ့လက်ကို ကျွန်တော်အဓိပ္ပါယ်မရှိကြည့်နေမိသည်။ ရှည်လျားပြီးဖြူဖွေးသည့် သူ၏လက် ချောင်းက ကျွန်တော့်လက်ချောင်းကြားမှာ လှုပ်လီလှုပ်လက်နှင့်။ သူ့ လက်ချောင်းလေးတွေက လှပသည်ကိုတော့ ကျွန်တော်ဝန်ခံရမည်။ သူ့လက်ချောင်းလေးတွေကိုကြည့်မိချိန် ဘာရယ် တော့မသိ ဒီလက်ချောင်းလေးလို သူ့စိတ်ထားလှပရင် ဘယ်လောက်ကောင်းမလဲဆိုသည့် အတွေးက ခပ်ဆန်းဆန်းဝင်ရောက်လာသည်။ ကျွန်တော်ငြိမ်သက်သည်ထိ သူ့ဆီက ဘာသံမှ တော့ထွက်မလာပါ။ ကျွန်တော် သူ့ကိုမနိုးစေချင်ပါ။ သူကအိပ်ရေးမဝရင် စိတ်မကြည် တတ်သူပင်ဖြစ်သည်။ သူ့ကို ကြင်နာသည်မဟုတ်ပေမယ့် သူစိတ်မကြည်ရင် ကျွန်တော်ပင် ပင်ပန်းရသည်။ ကျွန်တော် မိနှစ်အနည်းငယ်လောက် ငြိမ်သက်နေမိသည်။ ခဏအကြာတော့ သူ့ဆီက နှစ်နှစ်ခြိုက်ခြိုက်အသက်ရှုသံကိုပြန်ကြားရတော့ ကျွန်တော် နောက်တစ်ကြိမ်ထပ်ပြီး သူ့ရင်ခွင်ထဲမှ ရုန်းထွက်ရန်ကြိုးစားရပြန်သည်။ သည်တစ်ကြိမ်တော့ အဆင်ပြေသွားသည်။ ကျွန်တော် သူ့ရင်ခွင်ထဲမှထကာ ကုတင်ခြေရင်းတွင်ပုံကျနေသည့် ကျွန်တော့်ရဲ့ ညဝတ်အင်္ကျီ ကိုဝတ်ပြီး ခါးတွင်ကြိုးကိုစည်းလိုက်သည်။ ပြီးတော့ အနည်းငယ်လွတ်နေသည့် သူ့ကိုယ် ပေါ်ရှိစောင်ကို သေချာစွာဖြန့်ခြုံပေးပြီး အခန်းထဲရှိလေအေးပေးစက်ကို အပူချိန်အနည်းငယ် လျော့လိုက်သည်။

နတ်ဆိုးWhere stories live. Discover now