(Uni)
"မမ ဒါ ဘာလုပ်နေတာလဲ!..."
ကျယ်လောင်လှသည့်သူ၏အသံနှင့်အတူ အခန်းထဲဝင်လာသည့် သူ့ပုံစံက ကြောက် စရာကောင်းလွန်းလှသည်။ ပြီးတော့ ကျွန်တော့်အရှေ့က သူမ။ သူခေါ်တဲ့ မမဆိုသူကို ကြည့်နေ သည့်သူ့အကြည့်က မီးတောက်တစ်ခုလိုပင်။ ကျွန်တော် ကြမ်းပြင်ပေါ် ပုံကျလျှက်ထိုင်နေရာမှ သူ့ကိုမြင်တော့ လက်ဖြင့်ကြမ်းကိုထောက်ကာ အားယူပြီးထမည်အပြု။
'' အား!!!''
လက်ဖဝါးတစ်ခုလုံး သေမတတ်နာကျင်မူကြောင့် ကျွန်တော်အော်လိုက်မိသည်။ ကျွန်တော့်အော်သံကြောင့် သူက သူမကိုစူးရဲစွာကြည့်နေရာမှ ကျွန်တော့်ဆီသို့ပြေးလာကာ ကျွန်တော်ထိုင်နေသည့်အရှေ့ဒူးထောက်ထိုင်ချလိုက်သည်။ အို။ သူ့မျက်ဝန်းတွေက စိုးရိမ်မှု တွေ။ ထိတ်လန့်မှုတွေ။ ကျွန်တော် သူ့မျက်ဝန်းကိုကြည့်ပြီး ရင်ထဲနွေးထွေးသွားသလိုပင်။
"သွေးတွေ..."
သူ့ဆီက ခပ်တိုးတိုးအာမေဋိတ်စကားသံကြောင့် ကျွန်တော် ကျွန်တော့်ရဲ့ နာကျင်နေ သည့်လက်ကိုကြည့်လိုက်တော့။ ဘုရား။ သွေးတွေပါလား။ ကြမ်းပြင်ပေါ်တွင်လည်း သွေးများ ကပေစွန်းနေသည်။ ကျွန်တော်လက်ကို ဖြန့်လိုက်တော့။ စောစောက သူမဒေါသကြောင့် ပေါက်ခွဲလိုက်သည့်ပန်းအိုးအကွဲက ကျွန်တော့်လက်ဖမိုးကို ထိုးဖေါက်ဝင်ရောက်လို့။ ဖြူဝင်း နေသည့် ကျွန်တော့်လက်ပေါ်မှာ နီရဲနေသည့် သွေးများက အကျည်းတန်စွာ။
"ယူရီ"
အနောက်မှ သူမရဲ့ခပ်တိုးတိုးစကားသံကို သူကဂရုမစိုက်စွာပင်။ ပုံလျှက်ထိုင်နေ သည့် ကျွန်တော့်ကိုယ်ကို ပွေ့ချီကာ အခန်းထဲရှိ ဆိုဖါထိုင်ခုံပေါ်တွင် ထိုင်စေသည်။ သူမက သူ့အပြုအမူကို ကြောင်ကြည့်နေဆဲ။
"ယူရီ"
"ဆေးသတ္တာယူခဲ့။ ရေသန်ရေခဲလည်းယူခဲ။ ရေဇလုံလည်း ယူခဲ့။ မြန်မြန်ယူခဲ့။"
သူမစကားကိုမကြားသလို သူကအခန်းအပြင်က အတွင်းရေးမှူးမလေးကို လှမ်းကာ အော်လိုက်သည်။ ပြီးတော့ ကျွန်တော့်ရဲ့ နာကျင်နေသည့်လက်တစ်ဖက်ကို ကြင်နာစွာခပ်ဖွဖွ ဆုပ်ကိုင်ထားသည်။ ကျွန်တော့်လက်ကတစ်စစ်စစ်နဲ့နာကျင်နေပေမယ့် ဘာရယ်မသိ ထိုနာကျင်မှုက သူ့ရဲ့ စိုးရိမ်နေသည့်မျက်ဝန်းအကြည့်အောက်မှာ ငြိမ်သက်နေသလိုပင်။
YOU ARE READING
နတ်ဆိုး
Romanceအချစ်က နတ်ဆိုးတစ်ကောင်လိုပဲ အရာအားလုံးကို ပျက်ဆီးစေခဲ့တယ်။ သုတ စောယူရီကို ဝေမင်းခန့် OC Ver