အပိုင်း(၁၄)

439 35 2
                                    


(Uni)

"လက်လေးတွေက နုဖက်နေတာပဲနော်။ အရင်က တစ်ခါမှ အခုလို လုပ်အားပေး မလုပ်ဖူးဘူးလား။"

ယူရီကို၏လက်ကိုဆေးထည့်ရင်း ပြောလာသည့် ဂေဟာက သူနာပြုမလေး ရဲ့စကားကို သူက ဘာမှ ပြန်မပြော ပြုံးကာ ကျွန်တော့် ကို ကြည့်လာသည်။ ကျွန်တော် မျက်ခုံးနှစ်ဖက်ကိုရှုံ့ကာ စိတ်ထဲ ရှုပ်ထွေးနေသည့်ခံစားမှုကို ပေါ့ပါးသွားစေရန် သက်ပြင်းတစ်ချက်ချလိုက်မိသည်။ သူနာပြုဆရာမလေးစိုးအိကတော့ သူ့လက်က ဒဏ်ရာကို သေချာဆေးကြောကာ ဆေးထည့်ပေးနေသည်။

"လက်က သိပ်တော့ မဖြစ်ပါဘူးနော်..မစိုးအိ"

ကျွန်တော် ဆေးခန်းထဲရှိ လူနာကုတင်ပေါ်တွင် ထိုင်နေကာ အရှေ့က သူနာပြုဆရာမလေးစိုးအိဆေးထည့်ပေးနေသည်ကို ငြိမ်ခံနေသည့် သူ့ကို တစ်ချက် ကြည့်ကာ။ စိုးအိကို မေးလိုက်သည်။ သူမက သူ့လက်ကို ဆေးထည့်ပြီး ပတ်တီးစီးလျှက်။

"အင်း။ သိပ်တော့ ကြီးကြီးမားမားမထိခိုက်ပါဘူး။ ဒါပေမယ့် ဒီရက်ပိုင်းတော့ လက်ကို အားပြုတဲ့ အလုပ်တွေ ရှောင်ပေါ့။"

ကျွန်တော် သူနာပြု ဆရာမလေးရဲ့စကားအဆုံး သူ့ကိုကြည့်ကာ ကြားတယ် နော်ဆိုသည့် အဓိပ္ပါယ်ပါသော မျက်ဝန်းဖြင့် မေးငေါ့ကြည့်လိုက်သည်။ သူကတော့ ကျွန်တော့် စကားကို ဘာမှမဖြစ်သလို ပြုံးရီနေသည်။ သူနာပြုက သူ့လက်ကို ပတ်တီး စည်းပေးပြီး ဆေးပစ္စည်းများကို သိမ်းရန် အနောက်သို့ ဝင်သွားလိုက်သည်။ ကျွန်တော် သူ့မျက်နာကို စိတ်ပျက်သလို တစ်ချက်ကြည့်ကာ ကျွန်တော် ဆေးခန်းမှ ထွက်လာခဲ့ တော့ သူလည်း ကုတင်ပေါ်ထကာ ကုတင်ခြေရင်းမှ သူ့ရဲ့အပေါ်ဝတ်ခပ်ပါးပါးကို ဆွဲယူကာ ကျွန်တော့်နောက်မှ လိုက်လာသည်။ ကျွန်တော်တို့ဂေဟာရဲ့ ဆေးပေးခန်း က ဂေဟာခြံဝန်းရဲ့အတွင်းဘက်ကျကျတွင် တည်ဆောက်ထားသောကြောင့် ဆေးပေး ခန်းမှ ဂေဟာအဆောင်များရှိရာကို ပြန်လာလျှင် အနည်းဆုံးမိနစ်(၂၀)လောက်တော့ လမ်းလျှောက်ရသည်။ ဂေဟာက ဒီမြို့အစွန်ဘက် အနည်းငယ်မြင့်သောတောင်ပေါ် တွင် ကြီးမားစွာတည်ရှိနေပြီး။ အခုလို ညနေစောင်းအချိန် ဆေးခန်းမှ ပြန်လာပြီဆိုရင် တောက်အောက်ဘက်က ပင်လယ်ပြင်ရဲ့နေဝင်ဆည်းဆာအချိန်ကို လှပစွာခံစားရစေ သည်။ ပုံမှန်ဆို ကျွန်တော် အချိန်အားရင်ဖြစ်ဖြစ် ကလေးငယ်များနှင့် ဂေဟာ၏ အစွန်ဘက်ကျကျ တောင်ထိပ်တွင် နေဝင်သွားသည့် နေမင်းရဲ့ အလှကို ထိုင်ကြည့်ကာ အပန်းဖြေတတ်သည်လေ။ ဘယ်ချိန်ပဲကြည့်ကြည့် နေမင်းရဲ့ အရောင်ဖျော့ချိန်က လှပမြဲပင်လေ။ ကျွန်တော်တို့ လူသားတွေလည်း နေမင်းကဲ့သို့ ထွန်းတောက်နေ ချိန်မှာလဲ လှပစွာ အလင်းဖျာထွက်စေပေမယ့် အလင်းဖျော့ချိန်မှာလည်း ကဗျာဆန်စွာ လင်းလတ်စေရင် ဘယ်လောက်ကောင်းမလဲနော်။

နတ်ဆိုးWhere stories live. Discover now