(Uni)
ကျွန်တော် ပါလာသည့်စားစရာများနှင့်ပစ္စည်းများကို အခန်းအတွင်း သေချာစွာထား ပြီး မောပန်းလာသဖြင့် ကုတင်ပေါ်ပစ်လှဲချလိုက်သည်။ ကုတင်နံရံပေါ်က မျက်နှာကျက်မှာ ချိတ်ဆွဲထားသည့် တန်းဖိုးကြီးပြီးခန်းနားလွန်းသည့်မီးဆိုင်းက မီးရောင်များဖြင့် လှပလွန်း သည်။ အခုတလော ကျွန်တော်တို့ခရီးထွက်ဖြစ်ကြသည်။ ခရီးထွက်ဖြစ်တယ်ဆိုတာထက် စောယူရီကိုက သူ့ရဲ့နေရာတိုင်းမှာရှိတဲ့ hotelများကိုလိုက်ပြီး စစ်ဆေးနေသောကြောင့်ပင်။ သူက တစ်နှစ်တစ်ခါ လုပ်ငန်းအားလုံးကိုစစ်ဆေးတတ်သူဖြစ်သည်။ သူက အလုပ်နဲ့ဆိုပေမယ့် ကျွန်တော့်အတွက်တော့ မရောက်ဖူးတဲ့အပန်းဖြေနေရာများကို ရောက်နေရတော့ အရာ အားလုံးက အထူးအဆန်းနှင့်အသစ်အဆန်းလိုပင်။ အခုလည်း ငပလိက သူပိုင်သည့် ကြယ် ငါးပွင့် hotelကို ရောက်နေခြင်းပင်။ အခုရောက်သည့် hotelက ဘယ်ခုမြှောက်မှန်းမသိ။ (၅)ခုမြှောက်လား။ (၆)ခုမြှောက်လား ကျွန်တော် မသိတော့။သူ တော်တော် ချမ်းသာသည်တော့ ကျွန်တော် တဖြေးဖြေးသိလာသည်။ ပြီးတော့ ကျွန်တော် သူ့ရဲ့မရေတွက်နိုင်တဲ့ စီးပွားရေး လုပ်ငန်းတွေ။ တစ်ခါတစ်လေ ဒါတွေအားလုံး သူဘယ်လိုစီမံအုပ်ချုပ်လဲဆိုသည့် အံ့သြစိတ် နှင့်အတူ အသက်(၃၁))နှစ်အရွယ် သူ့အသက်နှင့် ဒီလောက်စွမ်းဆောင်နိုင်တာကိုလည်း ချီးကျုး မိသည်။ ကျွန်တော်သာဆိုရူးမှာပင်။ ကျွန်တော် အသက်ကိုပုံမှန်ရှူထုတ်ပြီး ကုတင်ဘေးရှိ အခန်းမှန်တံခါးမှ မြင်နေရသည့်ရေပြင်ကြီးကိုကြည့်ပြီး စိတ်ထဲလမ်းဆန်းနေသလိုပင်။ ကျွန်တော် ကုတင်ပေါ်မှထကာ အခန်းပြင်ရှိလသာဆောင်ရှိရာ လျှောက်သွားလိုက်သည်။ ညအမှောင်မို့လို့ထင် မီးရောင်များကြားမှုန်ဝါးဝါးရေပြင်ကြီးက လှိုင်းလုံးများကြောင့် လှပနေ သလို။ လှိုင်းသံနှင့်ရေစီးသံက သံဇဉ်တစ်ခုပမာ ငြိမ့်ညောင်းလွန်းလှသည်။ ကျွန်တော် လက်က နာရီကိုကြည့်တော့ ည(၇)နာရီရှိနေပြီ။ သူပြန်မလာသေးဘူး။ မနက်တည်းက ဒီကိုခရီးဆက်ပြီး ညနေလောက်ရောက်တော့ သူကမနားပဲ ချက်ချင်း သူ့ရုံးရှိရာသွားသည်။ လေတိုက်သည့် ခပ်ကြမ်းကြမ်းလေက ကျွန်တော့်မျက်နှာနှင့်ကျွန်တော့်တစ်ကိုယ်လုံးကို တစ်ချက်တစ်ချက် တုန်ရီစေသည်။ ကျွန်တော် အခန်းထဲဝင်ပြီး အနွေးထည်တစ်ထည်ယူဝတ်ရင် ပိုကောင်းသော် လည်း ညအလှ၏ရှုခင်းနှင့်လှိုင်းသံက ကျွန်တော့်ကိုဆွဲဆောင်နေသလို။ ကျွန်တော်ဝတ်ထား သည့်အပေါ်ဝတ်ခပ်ပါးပါးကိုအနည်းငယ်လုံအောင်စေ့ပြီး လက်နှစ်ဖက်ကိုပိုက်ကာ ရေပြင်ကို ငေးမောကြည့်နေမိသည်။ အေးတယ်ဆိုမှ။ ညနေက ယူရီကိုထွက်သွားတုန်းက အနွေးထည် မပါဘူးထင်။ သူချမ်းနေမည်လား။ တစ်ခါတစ်လေ သူ့ရဲ့အလုပ်ကြိုးစားမှုကို ကျွန်တော် အံ့သြမိသည်။ လူအများပြောဆိုနေကြတဲ့ စီးပွားရေးvampireဆိုတာအမှန်ဆိုပေမယ့် သူ့ စိတ်ဓါတ်က သူကြိုးစားမှုအတွက်တန်ရာကိုပြန်လိုချင်သည်။ ဒါကြောင့် လွယ်လွယ်နှင့် သူတပါးကိုအလျှော့ပေးရမှာ သူဝန်လေးတတ်သူဖြစ်သည်။ အခုလည်း ခရီးရောက်မစိုက် ချက်ချင်းအလုပ်လုပ်သည်။ ကျွန်တော်တောင် hotelအခန်းမှာ ထိုင်စောင့်ရင်းပင်ပန်းနေတာ သူကမပင်ပန်းသလို။ အခုလည်း ကျွန်တော်အနားယူချင်နေပြီ။ ဒါပေမယ့် သူ ပြန်မလာသေး တော့ အနားယူမရ။ မနေ့ညကလည်း သူ့ကြောင့ ကောင်းကောင်းအိပ်မရ။ အိပ်တော့ပျော်ပါရဲ့ အိပ်ချိန်နည်းတာလေးပင်။ သိတယ်မို့လား စောယူရီကိုက ကျွန်တော့်ကို အပျင်းပြေကစားနေ ကျလေ။ မနက်လည်း ခရီးဆက်ရမှာမို့ပစ္စည်းသိမ်းနေတာနှင့်အလုပ်ရှုပ်နေတာမို့ ကျွန်တော် မနားမရ။ သူပြန်လာရင် ပင်လယ်ဆီသွားဦးမှာလားမသိပါ။ ပြောမရဘူးလေ သူက တစ်ခါ တစ်လေစိတ်ကူးပေါက်ရင် ညအချိန်ကျွန်တော်အိပ်ပျော်နေရာမှ သူအလုပ်လုပ်ရမှာ အိပ်ချင် ပြေရေကူးရအောင်ဆိုပြီး ကျွန်တော့်ကိုညကြီးမင်းကြီး ချမ်းချမ်းစိမ့်စိမ့်နှင့်သူနှင့်အတူ ရေကူး ခိုင်းလေ့သည်။ အခုလည်း သူပြန်လာရင် ပင်ပန်းနေလို့ဆိုပြီး ရေကူးမလားမသိပါ။ ကျွန်တော် မကူးချင်တော့။
ကျွန်တော် အိပ်ချင်နေပြီလေ ။
ဒေါက်!! ဒေါက်!!။
အခန်းထဲမှ အခန်းတံခါးခေါက်သံကြောင့် ကျွန်တော်အခန်းထဲ တစ်ချက်ကြည့်လိုက် ပြီး အခန်းတံခါးရှိရာလျှောက်လာလိုက်သည်။ ဘယ်သူလဲ။ စောယူရီကိုလား။ မဟုတ်လောက် ဘူး။ သူက ဘယ်တုန်းကမှ အခန်းတံခါးခေါက်သူမဟုတ်ခဲ့။ သူ့အိမ်မှာပဲ ဖြစ်ဖြစ်။ သူ့ ရုံးမှာပဲ ဖြစ်ဖြစ်။ hotelမှာပဲဖြစ်ဖြစ် သူဝင်ချင်ရင်ဒီအတိုင်းဖွင့်ဝင်တတ်သူမျိုးပင်။ အစ သူ့ဆီရောက်စ က သူ့ရဲ့ထိုအကျင့်ကို ကျွန်တော်ကသိကအောက်ဖြစ်မိသေးသည်။, အခုတော့ သူ့ဆီရောက် တာ (၆)လလောက်ရှိလို့ထင် ထိုအကျင့်က ကျွန်တော့်အတွက်မထူးခြားတော့။ အရင်က ကျွန်တော်သန့်စင်ခန်းဝင်ချိန်တောင် သူဝင်လာခဲ့ဖူးသည်။ ဒီထက်ဆိုးဝါးတာ မရှိနိုင်တော့ဘူး မို့လား။ ဒီတော့ ဘာမှပြောမရသည့် သူ့ကိုကျွန်တော်လွှတ်ထားလိုက်သည်။ ကျွန်တော် စိတ်ထဲ အတွေးများဖြင့်စဉ်းစားမရ။ အခန်းတံခါးအပေါက်မှချောင်းကြည့်လိုက်တော့။
သူ ။
စောယူရီကို။
မြတ်စွာဘုရား!။
အံ့သြစရာကြီး။
သူက အခန်းတံခါးခေါက်တယ်ဆိုတော့။ ကျွန်တော်ရီချင်လာသလိုနှင့် နှုတ်ခမ်း တစ်ချက်တွန့်ကာပြုံးပြီး တံခါးလက်ကိုင်ဖုကိုဆွဲဖွင့်လိုက်သည်။ ပြီးတော့ တံခါးရှေ့မှာ ရပ်နေ သည့် သူ့ကို ကြည့်ပြီး။
![](https://img.wattpad.com/cover/291715500-288-k338463.jpg)
YOU ARE READING
နတ်ဆိုး
Roman d'amourအချစ်က နတ်ဆိုးတစ်ကောင်လိုပဲ အရာအားလုံးကို ပျက်ဆီးစေခဲ့တယ်။ သုတ စောယူရီကို ဝေမင်းခန့် OC Ver