အပိုင်း(၃)

576 57 6
                                    

(Uni)

ကျွန်တော် ရင်းနှီးနေသည့်အိပ်ခန်းလေးကိုလှည့်ပတ်ကြည့်ရင်း အလိုလို ရင်ထဲက ဝမ်းနည်းလာမိသည်၊၊ ဒီအခန်းလေးက ကျွန်တော်နှစ်ပေါင်းများစွာ ရင်းနှီးကျွမ်းဝင်လာသည့် နေရာလေးမဟုတ်လား၊၊ အခန်းအတွင်း ကုတင်တစ်ခုနှင့် နံရံကပ်ဘီရိုတစ်ခုသာရှိပြီး အိမ်၏ မြေအောက်ထပ်တွင် ဖွဲ့စည်းထားသည်ဆိုပေမယ့် ကျွန်တော့်အတွက်တော့ အေးချမ်းသည့် နားခိုရာနေရာလေးပင်၊၊ ကျွန်တော့်မိဘများဆုံးစဉ်တည်းက မင်းခန့်မိဘများက သူတို့ဆီတွင် ခေါ်ထားပြီး အိမ်၏မြေအောက်ခန်းတွင် ကျွန်တော့်အတွက်အခန်းတစ်ခန်း လုပ်ပေးထားသည်၊၊ ကျဉ်းမြောင်းတယ်ဆိုပေမယ့် အန်တီနု၏အိမ်ထောင်ထိန်းသိမ်းမူကြောင့် အခန်းက အိမ်၏ မြေအောက်ထပ်ဆိုပေမယ့် နေချင်စဖွယ်ပင်။ တစ်ခါတစ်လေ အပြင်မှပင်ပန်းလို့ အခန်းထဲ ပြန်ရောက်ရင် ခံစားရသည့်နွေးထွေးလုံခြုံမူက ကျွန်တော့်ဘဝရဲ့တန်ဖိုးမဖြတ်နိုင်တဲ့ အရာ တစ်ခုပင်၊၊ မင်းခန့်ရဲ့မိသားစုက ကျွန်တော့်ရဲ့မိသားစုပင်ဖြစ်ခဲ့သည်၊၊ မိသားစုဆိုတာ တစ်ဦးကို တစ်ဦးကာကွယ်ပေးရမည်မဟုတ်လား၊၊

အခန်းတံခါးဝတွင် လာရောက်ရပ်ကြည့်နေသည့် အငယ်နှစ်ကောင်ကို ကျွန်တော် နွမ်းလျစွာပြုံးပြလိုက်သည်၊၊ သူတို့လည်း ကျွန်တော့် အခု စောယူရီကိုအိမ်သွားနေမည်ကို သိသော်လည်း အသေးစိတ်တော့မသိချေ၊၊ ဒီနေ့ မင်းခန့် ပြန်လာမည်ကို သိသော်လည်း မင်းခန့် အလာကို ကျွန်တော် မစောင့်တော့ပါ၊၊ အခုချိန်မှာ ကျွန်တော်အတွေ့ချင်ဆုံးက မင်းခန့်ဆိုပေ မယ့် ကျွန်တော်မတွေ့ချင်ဆုံးကလည်း မင်းခန့်ပင်ဖြစ်သည်၊၊ ကျွန်တော့်ဆုံးဖြတ်ချက်အတွက် မင်းခန့်စိတ်ဆိုးနေလိမ့်မည်ကိုသိသည်။ ဒါပေမယ့် ကျွန်တော်ဆုံးဖြတ်ချက်ကိုပြင်ဖို့စိတ်မကူး ပါ၊၊ ဒါကမင်းခန့်အတွက် ကျွန်တော့်ရဲ့ပထမဆုံးပေးဆပ်မူပင်ဖြစ်သည်၊၊ ပေးဆပ်မူက ကြီးမား လှသည်ဆိုပေမယ့် ကျွန်တော်ချစ်သည့် မင်းခန့်အတွက်မဟုတ်လား။ ကျွန်တော့်ကိုချစ်သည့် မင်းခန့်အတွက်ပင်မဟုတ်လား၊၊

ထိုက်တန်ပါတယ် မင်းခန့်ရေ၊၊

ကျွန်တော် အခန်းအတွင်းပစ္စည်းများကို သေချာသိမ်းဆည်းပြီး အိမ်ပေါ်ထပ်သို့ တက်လာသည်၊၊ မနေ့က သူက ကျွန်တော့်ကို ဘာမှယူမလာခဲ့နဲ့လို့ ပြောထားသည်၊၊ အခု ကျွန်တော့်ဆီမှာ အဝတ်အစားတစ်ခုဝတ်ပြီးထွက်လာခဲ့သည်လေ၊၊ ဧည့်ခန်းထဲရောက်တော့ အန်တီနုရှိသည့်အခန်းဘက်သို့ တစ်ချက်ကြည့်ကာ။

နတ်ဆိုးWhere stories live. Discover now