Canteenသို့ရောက်သောအခါအရီကထိုင်ခုံတွင်ထိုင်လျက် Waiterကောင်လေးအားလှမ်းခေါ်လိုက်ပြီးအစားအသောက်မှာလေရာ -
"အရီစားနေကျပုံစံအတိုင်းနန်းကြီးသုပ်တစ်ပွဲပေးပါနော်"
"ကောင်းပါပြီအစ်မ"
"ဒီကအစ်မကရော ဘာမှာမလဲဗျ"
(နှင်းကိုမေးခြင်းဖြစ်သည်)"အစ်မကိုလည်း နန်းကြီးသုပ်တစ်ပွဲနော်"
"ဟုတ်ကဲ့ရမယ်အစ်မ"
ဟုပြောကာ Waiterကောင်လေးမှာထွက်ခွာသွားလေသည်။အရီကတော့စိတ်ထဲတွင် "သူဘာလို့ငါနဲ့တူအောင်မှာပါလိမ့်" ဟူ၍တွေးနေမိလေသည်။အရီအလိုမကျသည်မှာအမှန်။မကြာခင် Waiterကောင်လေးမှ အရီတို့ဝိုင်းသို့နန်းကြီးသုပ်လာချပေးရာ နှင်းကရုတ်တရတ်ထ၍
ယူလိုက်ရာ-"ဒီကိုပေးနော်"
ဟုဆိုရင်းပြာပြာသလဲဟင်းရည်ခွက်ကို ဗန်းထဲမှဆွဲယူလိုက်ရာ ခြစ်ခြစ်တောက်ပူနေသည်ကိုသတိမထားမိပဲ လက်နှင့်ကိုင်မိမှပူလာ၍လွှတ်ချလိုက်လေသည်။နှင်းလွှတ်ချလိုက်သောဟင်းရည်ခွက်မှာအရီထမီပေါ်ကျကာ အရီဒေါသပုန်ထသွားတော့သည်။
"အား......"
"ပူလိုက်တာ မင်းဘယ်လိုလုပ်လိုက်တာလဲ"
"ဒီမှာအကုန်ညစ်ပတ်ကုန်ပြီမင်းကြောင့်"
(ဒေါသထွက်ကာအော်ပြောနေသောအရီ)"နှင်းမရည်ရွယ်ပါဘူးအရီရယ်"
"နှင်းတောင်းပန်တယ်နော်"
"နှင်းဘာလုပ်ပေးရမလဲဟင်"
"နှင်းကစေတနာနဲ့ချပေးလို့ပါမတော်တဆဖြစ်ကုန်တာပါအရီရယ်"
(ငိုမဲ့မဲ့မျက်နှာလေးဖြင့်)
"ရတယ် ရတယ် မင်းဘာမှလုပ်ပေးစရာမလိုဘူး"
"နောက်ကိုသာငါနဲ့လာမပတ်သတ်နဲ့"
"မင်းနဲ့ရှိနေရင်ငါကတော့အမြဲကံဆိုးနေမှာပဲ"
"အဲ့ဒီတော့ငါနဲ့ဝေးဝေးနေပေးပါ"
ဟုဒေါနှင့်မောနှင့်ပြောကာပိုက်ဆံကိုစားပွဲပေါ်တင်လျက်ခြေလှမ်းကျဲကျဲတို့ဖြင့်ထထွက်သွားလေသည်။ကျောင်းမှမိမိနေထိုင်ရာအမျိုးသမီးဆောင်သို့ရောက်သော်အခန်းနေသူငယ်ချင်းများဖြစ်သောသီသီနှင့်ရတီက ဒေါနှင့်မာန်နှင့်ပြန်လာသောအရီကိုမြင်သဖြင့် သီသီကစ၍မေးမြန်းရာ -