ရန်ကုန်မြို့၏ရှုပ်ယှက်ခတ်နေသောကားလမ်းများ၊စည်ကားလွန်းလှသည့် shopping centerကြီးများ၊တိုးတက်ပြောင်းလဲနေသောလူမှုဘ၀များ၊နေ့စဉ်နှင့်အမျှလှုပ်ရှားသွားလာရင်း ဆူညံပွက်လောရိုက်နေသည့်လူသံသူသံများ၊ကားဟွန်းသံများနှင့်အတူ ရန်ကုန်မြို့ကြီးသည်မြန်မာနိုင်ငံ၏ကုန်သွယ်ရေးမြို့တော်ကြီးအဖြစ်ထင်ရှားသည်။
လူသူထူထပ်ပေါများလှပြီးလုပ်ငန်းရှင်များကလည်းသူ့ထက်ငါအပြိုင်အဆိုင် စီးပွားရေးလုပ်ငန်းများကိုချဲ့ထွင်နေကြရာ ထိုကဲ့သို့အပြိုင်အဆိုင်များကြားကကြေကွဲဖွယ်ဇာတ်လမ်းတစ်ချို့တည်ရှိလာခဲ့သည်။ဘယ်သူမသိ ရင်မှာသိ.....ဘယ်သူရက်စက် သူရက်စက်.....မာယာများလှသောလောကကြီးမှာအရာအားလုံးသည်မာယာတွေချည်းသာ ~~~~~~
"ကိုမောင်ကြီး ကျွန်မမနေ့ကခိုင်းထားတဲ့ ရုပ်ရှင်တစ်ကားလုံးအတွက် average ကုန်ကျစရိတ်တွက်ပြီးပြီလား"
"ဟုတ်ကဲ့ပြီးပါပြီ Boss အပိုအလိုမရှိကွက်တိပါပဲဗျာ"
"ဟုတ်လို့လား ကျွန်မစစ်ကြည့်လို့အမှားတွေ့ရင်ရှင့်လစာထဲကဖြတ်မှာနော်"
"ဟာ မလုပ်လိုက်ပါနဲ့ Bossရယ် အိမ်ကမိန်းမကိုလာစာအပြည့်အပ်ရတာ"
"လျော့လို့ကတော့ဘယ်မိန်းမကိုပေးတာလဲဆိုပြီးဘီလူးဆိုင်းတီးရင်းလူပါအတီးခံရမှာဗျ"
"လူကိုသတ်ချင်သတ်လိုက်ပါ လစာကိုတော့ချမ်းသာပေးပါ Bossရယ်"
ဟုအရွှန်းဖောက်လိုက်လေသည်။ဦးမောင်ကြီးမှာ Company၏ဘဏ္ဍာရေးပိုင်းဆိုင်ရာတာ၀န်ယူရသူဖြစ်ပြီး ဒေါ်စန္ဒာကြည်၏လူယုံသဘောမျိုးပင်။ဦးမောင်ကြီးမှာရိုးသားပြီးပျော်ပျော်နေတတ်သည်။ငွေရေးကြေးရေးကိစ္စနှင့်ပတ်သတ်၍ အရှုပ်အရှင်းမရှိ။ထို့ကြောင့်ဒေါ်စန္ဒာကြည်၏အားအကိုးရဆုံးလူယုံဖြစ်လေသည်။
"ကျွန်မကစကားအဖြစ်ပြောတာပါကိုမောင်ကြီးရယ် တကယ်မနုတ်ပါဘူး"
"သိသားပဲ ကျွန်တော်လည်း Bossသနားမလားလို့ ပြောကြည့်တာ"
"ဒါနဲ့ထွက်သွားတဲ့အတွင်းရေးမှုးနေရာမှာခန့်ဖို့ Interview ခေါ်ထားတာ ဖြေမယ့်လူတွေရောက်ပြီလား"