Episode - 5(Unicode)

2.9K 217 1
                                    

    စီးကျနေသောမျက်ရည်များကိုသုတ်ကာအခန်းတွင်းသို့၀င်ခဲ့သည်။ထို့နောက်ပြတင်းပေါက်မှနေ၍ကောင်းကင်ကိုမျှော်ကြည့်မိသည်။အရောင်စုံလင်းလက်ကာ မျက်တောင်ခတ်ပြတတ်သောကြယ်ကလေးတို့မရှိတော့ပြီ။ကောင်းကင်ပြင်ကြီးခမျာလည်းနီညိုရောင်သန်းနေပြီး လေကလည်းခပ်ပြင်းပြင်းတိုက်နေသည်။

     ဒါဟာမိမိချစ်ရသောနှင်း၏ မိမိအပေါ်ထားသောခံစားချက်တို့နှင့်များ ထပ်တူကျနေရော့လား။မသိတော့ပြီ ဘာဆိုဘာမှမသိတော့ပြီ။နှင်းအပေါ်ချစ်မိသည်ကိုပဲသိသည်။မကြာမီပင်မိုးစက်ပေါက်များက အရီပါးပြင်ပေါ်သို့လွင့်စင်လာတော့သည်။အရီတံခါးကိုပိတ်ကာစာကြည့်စားပွဲ၌ထိုင်ရင်းကြေကွဲစွာပြုံးနေမိသည်။

"နှင်းရယ် တို့မင်းကိုချစ်နေခဲ့တာကိုအသိအမှတ်မပြုလည်းနေပါ "

"တို့ကိုမင်းမပစ်ပယ်ပါနဲ့ မင်းကြည့်တဲ့အကြည့်စိမ်းစိမ်းကြီးတွေကိုတို့သိပ်ကြောက်လို့ပါ"

ဟူ‌‌၍စိတ်တွင်း၌ရေရွတ်မိသည်။ပါးပြင်ပေါ်မှမျက်ရည်များသည်ဆည်တာတမံကျိုးပေါက်သကဲ့သို့ထိန်းမရအောင်စီးကျလာပြီး အရီတစ်ယောက်မိုးသံများကြားတွင်တစ်ယောက်တည်းကြိတ်ငိုနေရသည်။အားပေးနှစ်သိမ့်မည့်သူမရှိ။ကူကယ်ရာမဲ့နေလေပြီ။

    အရီတို့ squadလေးသည်ပြိုကွဲမှန်းမသိပြိုကွဲလာကာ ဤကဲ့သို့ပြိုကွဲရခြင်းသည် မည်သူတစ်ဦးတစ်ယောက်၏အပြစ်ရယ်လို့ခေါင်းစဉ်မတပ်သာ။ကံဇာတ်ဆရာအလိုကျဟုပင်ဖြည့်တွေးကြရပေမည်။ဒီလိုနှင့်ဆယ်ရက်ခန့်အကြာတွင် အဆောင်တစ်ခုလုံးခရီးထွက်ရန်ပြင်ဆင်နေကြကြောင်း အဆောင်သူတို့၏တီးတိုးပြောသံများမှတစ်ဆင့်အရီကြားခဲ့ရသည်။သူငယ်ချင်းများကမိမိကိုပစ်ပယ်ထားသောကြောင့်မိမိလိုက်လိုစိတ်မရှိပေ။

     အဆောင်ပိုင်ရှင်အန်တီကြီးမှအတင်းလိုက်ရန်ခေါ်နေသဖြင့်ပုဂံညောင်ဦးဘုရားခရီးစဉ်ကို အရီလိုက်ဖြစ်ခဲ့သည်။သီသီနှင့်ရတီကအခင်အမင်သိပ်မပျက်သော်လည်း နှင်းကမူမိမိအား ရွံစရာသတ္တဝါတစ်ကောင်ကိုကြည့်သည့်နှယ် စက်ဆုပ်သောအကြည့်တို့ဖြင့်ကြည့်တတ်လေသည်။ဘုရားဖူးကြရင်း ဘူးဘုရားကိုဖူးရန်အလှည့်ကျလာသည်။ဘုရားရောက်၍ ဓာတ်ပုံရိုက်သူကရိုက် Facebook liveလွှင့်သူကလွှင့်နှင့်အားလုံးသူ့အလုပ်နှင့်သူရှုပ်နေချိန်တွင် အရီသည်မိမိခံစားချက်များကိုနှင်းနားလည်အောင်ရှင်းပြမည်ဟုဆုံးဖြတ်ပြီး နှင်းရှိရာသို့ဖြေးဖြေးချင်းသွားကာ နှင်းအနားကပ်ရန်ကြိုးပမ်းလိုက်စဉ်တွင် နှင်းထံမှမမျှော်လင့်သောတုံ့ပြန်မှုကိုရခဲ့တော့သည်။

"သွား နင်ငါ့ဆီမလာနဲ့ ငါ့ရဲ့ခင်မင်မှုကိုတလွဲအသုံးချတဲ့မိန်းမ"

"နင်ထွက်သွားငါ့ရှေ့က"

ဟုအော်ဟစ်နှင်ထုတ်လိုက်ရာ အရီမှာမျှော်လင့်မထားသောတုံ့ပြန်မှုကြောင့် ဒေါသထောင်းကနဲထွက်ကာ -

"နင်ငါ့ကိုရွံနေတာမလား မိန်းမချင်းမို့လို့မလား"

"မိန်းမချင်းချစ်လို့အပယ်ခံရတာကိုငါနားလည်တယ်"

"နင်ကဒီလို Relationshipကိုမသတီဘူး ok"

"နင်ငါ့ကိုမပတ်သတ်ချင်တော့ဘူးမလား ရတယ်"

"ငါထွက်သွားပေးမယ်နင့်ရှေ့ကနေ ဒါပေမယ့်ငါနင့်ကိုတစ်ခုပဲပြောခဲ့ချင်တယ်"

"လောကမှာချစ်ခြင်းမေတ္တာဆိုတာအတူတူပါပဲ"

"မေတ္တာထားရင်မေတ္တာပြန်ပေးကောင်းပါတယ်မနှင်းဖြူ"

"ငါကနင့်မေတ္တာနဲ့မထိုက်တန်ရင်တောင် သူငယ်ချင်းသံယောဇဉ်ကိုထောက်ပြီး နင်ငါ့ကိုဒီလိုမောင်းမထုတ်သင့်ဘူး"

"တစ်ခုပါပဲ နင်ဒီလိုမောင်းထုတ်လိုက်တော့ ငါ့စိတ်ပြတ်သားသွားဝာာပေါ့ ကျေးဇူးပဲ"

    အရီမျက်ရည်စတို့ကိုသုတ်လျက်ထိုနေရာမှထွက်သွားလေသည်။နှင်းသည်လည်းအရီနောက်ကျောကိုကြည့်ရင်း မျက်ရည်လည်နေသည်။ထို့နောက်အသံအက်ကွဲကွဲဖြင့် -

"ငါနင့်ကိုသူငယ်ချင်းလိုချစ်ပါတယ် ဒါပေမယ့် ဒီဆက်ဆံရေးကြီးကိုငါလက်မခံနိုင်ဘူး"

"မိန်းမချင်းကြိုက်နေကြတာလို့ပတ်၀န်းကျင်ကမေးငေါ့မှာကိုလည်း ငါမခံနိုင်ဘူး"

"ငါ့ဂုဏ်သိက္ခာအတွက်ငါနင့်ကိုတွန်းထုတ်လိုက်ရတာတော့စိတ်မကောင်းပါဘူးဟယ်"

ဟုသာရေရွတ်မိတော့သည်။

........ Episode - 6ဆက်ရန်......
May Tharaphu ✍️✍️

အကြည်ဓာတ်လေးမပျောက်စေချင်(Completed)Donde viven las historias. Descúbrelo ahora