***တစ်နေ့သောဆောင်းမနက်ခင်း***
ငွေရောင်ဖွေးဖွေးလုနေသည့်နှင်းမှုန်ကလေးများမြေပြင်သို့သက်ဆင်းကာ ဟေမာန်ဆောင်း၏ပုံသဏ္ဍာန်ကိုလှစ်ကာပြ၍ လောကဓာတ်တစ်ခုလုံးကိုအအေးဓာတ်တို့ဖြင့်ခြုံလွှမ်းနေသည့်အချိန်အခါ~~~~
ကျောင်းဝန်းအတွင်းပုံစံမျိုးစုံဖြင့်သွားလာလှုပ်ရှားနေကြသောကျောင်းသူကျောင်းသားတို့မှာလည်း ကျောင်း၏အလှကိုပုံဖော်ပေးသကဲ့သို့ဖြစ်နေပေပြီ။ထိုသူတို့၏ရယ်မောသံ၊ငိုကြွေးသံ၊စာအံသံများကလည်း အမိတက္ကသိုလ်အားသက်ဝင်နိုးကြားစေသည်မှာအမှန်ပင်.....။
ဒီဇင်ဘာ၏အအေးဓာတ်ကိုအံတု၍အမိတက္ကသိုလ်သို့ချီတက်နေကြသောကျောင်းသူကျောင်းသားများမှာအတွေးမျိုးစုံ၊ရည်ရွယ်ချက်မျိုးစုံဖြင့် ယန္တရားတစ်ခုကဲ့သို့လည်ပတ်နေပေသည်။
ထိုလူများအနက် ဆံပင်ရှည်ရှည် အသားညိုညို ခန္ဓာကိုယ်သေးသေး မျက်မှန်မှာပုလင်းဖင်ဟုခေါ်ရလောက်အောင်ကြီးမားသည့်ပါဝါမျက်မှန်နှင့်အေးစက်စက်အမူအရာတို့ကိုဆောင်ကာလျှောက်လှမ်းလာသောခေတ်၏သမီးပျို ရီရီခင်...။သူ၏ဘေးဘီ၌လမ်းကိုဂဂျိုးဂဂျောင်လျှောက်၍စနောက်ပျော်ပါးနေသောအမျိုးသမီးငယ်နှစ်ဦး။၎တို့ကား သီသီမေနှင့်ရတီမေညီမနှစ်ဦးတို့ပင်ဖြစ်သည်။
သူငယ်ချင်းသုံးယောက်၌ဆန့်ကျင်ဘက်အမူအရာများရှိကြသော်လည်း First yearကတည်းကတစ်ခန်းတည်းမို့သံယောဇဉ်ရှိကြသည်။လမ်းသွားနေရင်းသီသီက -
"ဟေး ဒီနေ့တို့ဘာclassမှမရှိဘူးနော် Canteenကိုအရင်သွားရအောင်"
ဟုစကားစရာရတီက -
"အင်း ကောင်းသားပဲ ခုတစ်လော classတွေဆက်နေတာနဲ့ Canteenတောင်မထိုင်ဖြစ်ဖူး အရီရောဘယ်လိုလဲ တို့တွေနဲ့လိုက်ခဲ့မလား"
"တို့မပြတ်သေးတဲ့စာလေးရေးဖို့ရှိသေးလို့ နောင်များမှလိုက်တော့မယ်ကွာ စိတ်တော့မဆိုးနဲ့"
ဟူ၍အဖြေပေးလိုက်ရာ ရတီနှင့်သီသီမှာ အရီနှင့်လမ်းခွဲပြီး Canteenဘက်သို့ထွက်သွားကြသည်။အရီမှာမြန်မာစာကျောင်းသူပီပီသူ့ကြည့်လိုက်လျှင် စာအုပ်တစ်အုပ်အုပ်ကိုဖတ်နေမြဲသာ။ဘေးဘီကိုအာရုံမထားပဲသူ့ကမ္ဘာလေးနှင့်သူပျော်မွေ့နေတတ်သောမိန်းကလေးမျိုး~~
အရီတစ်ယောက်ကျောင်းဝန်းအတွင်းစိတ်ငြိမ်မည့်နေရာကိုရှာရင်းနောက်ဆုံး Libraryသို့ရောက်သွားလေသည်။စာကြည့်တိုက်သို့ရောက်လျှင် သူမလိုအပ်သည့်စာအုပ်များကိုရှာကာ အချက်အလက်အချို့ကိုစာအုပ်တစ်အုပ်အတွင်း ဘောပင်တစ်ချောင်းနှင့်မှတ်သားနေလေသည်။ထိုအချိန်တွင်အရီနှင့်သက်တူရွယ်တူအမျိုးသမီးငယ်မှာဘေးခုံတွင်ဝင်ထိုင်လေသည်။ထို့နောက်ထိုအမျိုးသမီးငယ်က -
"ဟိတ် ဒီမှာစာအုပ်တွေစုံလား"
"တို့ဌားချင်လို့"
"အင်း စုံပါတယ် ၀တ္ထု၊ဆောင်းပါး၊ကဗျာ၊မဂ္ဂဇင်းအစုံပါပဲ"
"Youကဒီကိုတစ်ခါမှမရောက်ဖူးဘူးလား"
"အင်း"
ဟူ၍ထိုအမျိုးသမီးငယ်ကဖြေလေသည်။အမျိုးသမီးငယ်သည်စာအုပ်များကိုစာကြည့်တိုက်ဗီရိုအတွင်းမှလိုက်လံရွေးချယ်ကာ အရီနှင့်အတူဘေးခုံတွင် ငြိမ်သက်စွာစာဖတ်နေခဲ့သည်မှာ နေ့လည်ထမင်းစားချိန်ရောက်လုနီးပါးဖြစ်သွား၏။ထိုစဉ်အရီ၏ဗိုက်မှဂွီဂွမ်မြည်သံများမှာဆိုးလွန်း၍ ဗိုက်ဆာသည့်ဒဏ်ကိုမခံနိုင်တော့ပဲ စာအုပ်ကိုသိမ်းကာနေရာမှထရန်ပြင်လိုက်သည်။ထိုအခါအမျိုးသမီးငယ်က -
"ဟိတ် ပြန်တော့မလို့လား"
"တို့လည်းလိုက်မယ်လေ"
"ရတယ်မလား"
"အင်းရပါတယ် Youသဘော"
အမျိုးသမီးငယ်နှင့်အတူအရီစာကြည့်တိုက်မှထွက်လာပြီး လမ်းတွင် အမျိုးသမီးငယ်ကသူ့ကိုယ်သူမိတ်ဆက်လေသည်။"တို့နာမည်နှင်းဖြူပါ Second year Maths"
"Youနာမည်ကရော"
"ရီရီခင် Second year Myanmar"
"Youအခုဘယ်သွားမလို့လဲ"
"Canteen"
ဟူ၍စိတ်မရှည်သည့်ဟန်ဖြင့်ခပ်ပြတ်ပြတ်ဖြေလိုက်သည်။နှင်းတစ်ယောက်အထာပေါက်သွားသည့်ဟန်ဖြင့်ဆက်မမေးတော့ပဲအရီနှင့်အတူ Canteenသို့ ခပ်ရို့ရို့အမူအရာလေးနှင့်လိုက်လာခဲ့တော့သည်။
........ Episode - 2ဆက်ရန်..........
May Tharaphu ✍️✍️