ခဏအကြာ -
"တီတီရေ အရီ Readyဖြစ်ပြီသွားမယ်လေ"
(အခန်းတံခါးအပြင်မှအရီအသံ)"တီတီလာပြီ ကားထဲအရင်သွားနှင့်"
(မျက်ရည်များကိုကပြာကယာသုတ်ရင်း)ထို့ကြောင့်အရီလည်းကားနောက်ခန်းတွင်အသင့်နေရာယူထားသည်။အရီနောက်မှမကြာခင်သူမရောက်လာပြီးအရီဘေးတွင်ဝင်ထိုင်လိုက်ကာ Driverအား ပြောလိုက်စဉ် -
"မမကြီးကို မဟာဝိဇယကိုပဲမောင်းပေး"
"ဟုတ်ကဲ့မမကြီး"
ဟု Driverကပြန်ပြောကာ အရီတို့ခြံထဲမှကားလေးသည်မဟာဝိဇယဆီသို့ဦးတည်မောင်းသွားတော့သည်။ကားပေါ်၌အရီကသူမကိုကြည့်၍ -"တီတီငိုထားတာလား မျက်လုံးတွေဖောင်းအစ်လို့"
"မဟုတ်ပါဘူး အိပ်တာများသွားလို့ပါ"
"ဟုတ်လို့လား"
"ဟုတ်ပါတယ်"
"လိမ်စရာလားမွေးနေ့ကြီးကို"
"အင်းပါမဟုတ်ဖူးဆိုလည်းပြီးရော"
ဟုဆိုကာအရီစိတ်ချလက်ချရှိသွားပုံရသည်။သူမပုခုံးလေးထက်၌သူ့ခေါင်းလေးကိုမှီရင်းမျက်လုံးအစုံကိုမှိတ်ထားလိုက်သည်။သူမမှာ ပုခုံးထက်ကအရီကိုကြည့်ရင်း -
"အရီလေးအတွက်မုသာဝါဒသုံးမိပြီကွယ် တီတီကိုခွင့်လွှတ်ပါ"
ဟုသာစိတ်တွင်းမှရေရွတ်နေသည်။ထိုစဉ်အရီက Driverအားတစ်စုံတစ်ရာကိုလှမ်းပြောလိုက်သည်။
"ဦးလေး သီချင်းလေးဘာလေးဖွင့်ပါဦး အရီပျင်းလို့"
"ဟုတ်ပါပြီဗျာ ဟုတ်ပါပြီဗျာ ရရပါစေ့မယ်"
ဟုဆိုကာ FMဖွင့်လိုက်လေသည်။လာနေသောသီချင်းကလည်း သူမအဖြစ်ကိုတိတ်တဆိတ်လှစ်ဟပြနေသလိုပင်။
"အသည်းနင့်အောင်ချစ်လည်း ဖွင့်မပြောရဲဘူး ခက်တယ် သိမ်းဆည်းရာစကားတွေရင်ထဲအပြည့်ပါပဲကွယ် ပြောဖို့သတ္တိလည်း အင်မတန်နည်းခဲ့ရလို့လည်း ဒီသီချင်းနဲ့တို့ကျေနပ်လိုက်တယ်"
နာကျင်ကြေကွဲနေသောခံစားချက်တို့နှင့်နှလုံးသားကိုဆူးနှင့်ထပ်ထိုးလိုက်သကဲ့သို့ဖြစ်နေသည့်သီချင်း။ဘာဆိုဘာမှမသိသေးသောအရီကသူမပုခုံးပေါ်ကမထသေး။ဘုရားရောက်၍ သူမကနှိုးမှ -