ထိုကဲ့သို့နှင်းနှင့်ခင်မင်မိသည့်အကြောင်းကိုအဆောင်ပြန်ရောက်သောအခါသီသီနှင့်ရတီအားပြောပြလေသည်။ထိုအခါသီသီနှင့်ရတီကဆရာကြီးဂိုက်ပေးနှင့်ထင်မြင်ချက်များစတင်ပေးလေတော့သည်။ထိုကဲ့သို့ဆွေးနွေးခန်းကြီးစတင်ကြရာ -"သူငယ်ချင်းတစ်ယောက်တိုးတာပေါ့အရီ ကောင်းတယ် နင်လည်းတဖြည်းဖြည်း socialကျလာပြီပဲ"
(သီသီ)"သူလား socialကျတာအမြဲတမ်းအေးတိအေးစက်နဲ့ တွေ့သမျှလူဘုဂလန့်ပြောနေတာငါတို့နဲ့မို့တည့်နေတာ ဟား ဟား"
(ရတီ)"အမယ်သူများကိုချိုးချိုးဖဲ့ဖဲ့ပြောရရင် ညည်းထိပ်ဆုံးကရတီ ပိုက်ဆံအသုံးလိုမှသူငယ်ချင်းရေဆိုရင်တော့လား နင်သေပြီရတီမ"
(အရီ)ဟုအရီက စနောက်ရင်းဆိုလိုက်ရာ သုံးယောက်လုံးဝါးကနဲရယ်ချလိုက်သဖြင့် အခန်းတစ်ခုလုံးရယ်မောသံများဖြင့်ပြည့်နှက်သွားသည်။ထိုနေ့နောက်ပိုင်းမှစ၍ ရတီ၊သီသီ၊အရီ၊နှင်းဖြူတို့လေးယောက်မှာ တွဲသွားတွဲလာများလာလေသည်။ရုပ်ရှင်ကြည့်ကြလည်းအတူတူ၊ထမင်းစားလည်းအတူတူ၊စာကျက်လည်းအတူတူ နောက်ဆုံးနှင်းဖြူမှာအရီတို့အဆောင်ကိုပါပြောင်းလာပြီး ယောက်သားအတူတူအိပ်ဖြစ်ကြသည်အထိခင်မင်မှုသံယောဇဉ်ကအမြစ်တွယ်လာရလေသည်။
သံယောဇဉ်တွယ်သည်ဟုဆိုရာ၌ သံယောဇဉ်အတွယ်မိဆုံးလူမှာအရီတစ်ယောက်ထိပ်ဆုံးကပါနေလေတော့သည်။အရီသည်နှင်းအပေါ်တွင်အသေးစိတ်ကအစဂရုစိုက်လာသည်။ဥပမာဆိုရလျှင်ဖြင့် -
"နှင်းအစပ်တွေစားရင် ဗိုက်အောင့်မယ်"
"ရေအကြာကြီးမချိုးနဲ့လေ ဖျားရင်ဘယ်လိုလုပ်မလဲ"
"စာမေးပွဲဖြေကာနီးပြီ စောစောအိပ်နော် ညနက်တဲ့ထိစာမလုပ်နဲ့ကြားလား"
"တို့စကားကိုနားမထောင်ရင်ဒီမှာတွေ့လား ကော်ပေတံနဲ့တီးပစ်လိုက်မယ်"
စသည်ဖြင့်ကရုဏာစေတနာများဖုံးလွှမ်းနေသောအရီ၏စိတ်အစဉ်သည်တစ်စတစ်စအရောင်ပြောင်းလာခဲ့သည်ကိုနှင်းမသိခဲ့ရိုးအမရောင်ပြောင်းလာခဲ့သည်ကိုနှင်းမသိခဲ့ရိုးအမှန်။အရီကိုယ်တိုင်လည်းသူငယ်ချင်းဟူသောခေါင်းစဉ်အောက်၌ပင်ရှိနေသည်ဟုထင်တုန်းပင်ဖြစ်သည်။