တစ်နေ့သောနေ့လည်ခင်း၌အရီ၏လက်ဦးဆရာဟုခေါ်ဆိုနိုင်သော ဒါရိုက်တာဦးမောင်မြင့်မှာရုတ်တရတ်ရောက်ချလာသည်။အရီလည်းကားသံကြား၍ အောက်ထပ်ကိုဆင်းကြည့်ရာမိမိဆရာကိုမြင်လျှင် ခရီးဦးကြိုပြုရင်း -
"ဟယ် ဆရာ ဘယ်လိုရောက်ချလာတာလဲအရီကိုဖုန်းမဆက်ဘာမဆက်နဲ့"
"အင်း.....အရီရဲ့ Producerကြီးခြေဆစ်လွဲသွားကတည်းကကားရိုက်နားထားတော့အားနာနာနဲ့လာသာလာခဲ့ရဝာာ လူမှတွေ့ပါ့မလားလို့"
"အရီအိမ်မှာရှိပါတယ်ဆရာရဲ့ အိမ်ထဲ၀င်ပါဦးတံခါးပေါက်ကြီးမှာမတ်တပ်ရပ်စကားပြောနေရတာအားနာစရာ လာ ဆရာ"
အရီသည်သူမဆရာကိုဧည့်ခန်းကဆိုဖာတွင်ထိုင်ရင်းဧည့်ခံနေသည်။ထိုစဉ်သူမကလည်းမိဖြူကိုတွဲစေကာအောက်ထပ်သို့ဆင်းလာသည့်အချိန်အချိန်နှင့်ကြုံ၍ ဆင်းလာသောသူမကိုအရီကမြင်သွားကာ -
"ဟာကွာ.....တီတီကလည်းပြောလို့ကိုမရဘူး အောက်ကိုမဆင်းပါနဲ့ဆိုတာကို အရီစကားဆိုနားကိုမထောင်ဘူး"
(ကရုဏာဒေါသလေးဖြင့်ပြောနေသောအရီ)"အိုကွယ်....အရီအစိုးရိမ်လွန်နေတာပါတီတီသက်သာနေပါပြီနည်းနည်းပဲနာတော့တာပါ"
ဟုဆိုရင်းမိဖြူကိုတွဲကာအရီဘေးကဆိုဖာတွင်ဖြည်းဖြည်းချင်းထိုင်လိုက်သည်။ထို့နောက်ဒါရိုက်တာဦးမောင်မြင့်အားလာရင်းကိစ္စကိုမေးမြန်းရာ -
"ကိုမောင်မြင့် ဆို ဘာအကြောင်းထူးရှိပြန်လို့လဲ"
"ရှိတယ် Producerကြီးရေမင်းသမီးအတွက်အကယ်ဒမီမှန်းလို့ရလောက်တဲ့ဇာတ်ကလေးတစ်ခုတွေ့ထားတယ်"
"ဇာတ်ကောင်ကလည်းမင်းသမီးနဲ့ကွက်တိ၀င်နေတော့ သရုပ်ဆောင်စေချင်တယ်ဗျာ"
(ဦးမောင်မြင့်ကမူ ယုံကြည်မှုအပြည့်နှင့်ပြောနေလေသည်)ထိုအခါအရီကသူမအားမျက်နှာရိပ်မျက်နှာကဲပြကာ သူရိုက်ရင်ကောင်းမလား မကောင်းဘူးလားကိုခွင့်တောင်းနေလေသည်။သူမကဖြည်းဖြည်းချင်းခေါင်းငြိမ့်ပြမှ အရီက -
"ကောင်းပါပြီဆရာ အရီဒီဇာတ်ကိုရိုက်ပါမယ် ဒါနဲ့ အရီ characterကဘာလဲ ကြိုလေ့လာထားချင်လို့ပါ Detailsဖြစ်အောင်"