အရီလည်းသူမပြောပြသည့်အကြောင်းအရာများကိုနားထောင်ရင်းသနားလာခဲ့သည်။ပြည့်စုံသောအလှတရားနောက်ကအကျည်းတန်သည့်ဖြစ်ရပ်ကိုအရီယုံတောင်မယုံချင်။ထို့နောက်အရီက -
"တီတီရယ် တီတီအားမငယ်နဲ့နော် အရီလည်းအဲ့လိုအတိတ်ဆိုးရှိခဲ့ဖူးတယ်"
"ဟင် တကယ်"
"အင်း အရီအဲ့ဒီကိစ္စကြောင့်တော်တော်လေးစိတ်ရောလူပါပင်ပန်းခဲ့ရတယ် တက္ကသိုလ်တက်တုန်းက"
"တီတီသိခွင့်ရှိမလား အရီ"
"ရပါတယ်တီတီ ဒါတွေကအရီအတွက်အတိတ်ကဖြစ်ခဲ့ပြီးသားမို့ ပြောပြလည်းရပါတယ်"
အရီသည်သူမအား နှင်းဖြူကိုသူမချစ်မိသည့်အကြောင်း၊ထိုသို့ချစ်မိရာကစ သူ့ဘ၀မှာပြဿနာပေါင်းစုံရင်ဆိုင်ခဲ့ရပြီး အခြားသူများ၏ရွံရှာသည့်အကြည့်များကိုခံခဲ့ရကြောင်းကို ပြောပြလေသည်။သူမကတစ်ဖန်ပြန်နားထောင်ရင်း အရီကိုရီဝေသောမျက်လုံးများဖြင့်ကြည့်နေရာ အရီက -
"တီတီကအခု အရီကမိန်းကလေးချင်းသဘောကျတဲ့သူလို့သိပြီး အရီကိုရွံတာမျိုးရောမဖြစ်ဖူးလား"
"မဖြစ်ပါဘူးကလေးရယ် လူတွေရဲ့ဖြစ်တည်မှုတိုင်းကသူ့တန်ဖိုးနဲ့သူပါ"
"တီတီဒါတွေအပေါ်အယူမသီးပါဘူး"
"အခုလိုနားလည်ပေးတာ ကျေးဇူးပါတီတီ"
"ရပါတယ်ကွယ် မလိုပါဘူး"
"ဒါနဲ့လေတီတီကကြည့်လေလှလေပဲ တီတီဆံပင်က Hair coatနံ့လေးတွေကိုအရီသိပ်ကြိုက်တာပဲ"
"ဟယ်တော်....ရုတ်တရတ်ကြီး ဆံပင်ကိစ္စရောက်သွားပြန်ရော"
"နောက်ပြီးလေ တီတီကသိပ်ခန့်တာပဲ တီတီမျက်လုံးလေးတွေကပန်ဒါမျက်လုံးလေးလိုပဲမည်းနက်နေပြီး လူတစ်ယောက်ကိုကြည့်လိုက်ရင်စူးစူးရဲရဲနဲ့"
"တီတီပြုံးလိုက်ရင်ယဉ်ယဉ်လေးနဲ့လှတော့ အရီဖြင့်တစ်ချက်တစ်ချက်ကြည့်ရင်းရူးသွားမလားတောင်ထင်တယ် သိပ်လှလို့"
"ပြောရင်းတောင်ချစ်လာပြီ ဟိဟိ"
(သွားဖြီးလေးနှင့်ချီးမွှမ်းခန်းဖွင့်နေသောအရီ)