ဟုတ်ကဲ့ ကျမ သစ်ခတ်ပါ။ 'သူရိယောဝ' ကိုတောင် ပြီးအောင်မရေးနိုင်သေးဘဲ ယားပြီး နောက်ထပ် အသစ်တစ်ပုဒ်ရေးမိရာက စပါတယ်။။ တကယ်တော့ ပုံနှိပ်တိုက် တစ်ခုကလုပ်တဲ့ ပြိုင်ပွဲကို ပို့ကြည့်ဖို့ ရေးထားတဲ့ တစ်ပုဒ်ပါ။ သို့ပေမဲ့ အိမ်က ကိစ္စလေးတွေ ကြားဝင်သွားတဲ့အတွက် အချိန်မမှီလိုက်တော့လို့ wattpad မှာပဲ ပြန်တင်တာဖို့ ဆုံးဖြတ်လိုက်မိတယ်။ သူရိယောဝ ကိုဖတ်ချင်ရင်တော့၊ wall ထဲဝင်ကြည့်ပေးပါ။ ကျမ အတွေးအနေနဲ့တော့ ရေးမိသမျှ ဝတ္တုတွေကို ကိုယ်စားပြုတဲ့ပန်း၊ တနည်းအားဖြင့် အာ့ပန်းကို တွေ့တိုင်း ကျမရဲ့ ဇာတ်ဆောင်တွေကို သတိရစေချင်တယ်ရယ်။ အာ့ကြောင့်လဲ 'သူရိယောဝ' မှာဆိုရင် ပျဉ်းမပန်းကို ရွေးခဲ့တာပါ။ အခု My Devoted One(ကျနော်ချစ်သော) မှာတော့ စိန်ပန်းနီကို ရွေးလိုက်ပါတယ်။ 'နွေကို ကိုယ်စားပြုတဲ့ပန်း' လဲဖြစ်၊ နောက်ပြီး စိန်ပန်းနီနီရဲရဲကို လှတယ်လို့လဲ ထင်မိလို့ပါ။ စာဖတ်တဲ့ လူတွေလည်း ကျမ ဖန်တီးထားတဲ့ ကမ္ဘာငယ်လေးရယ်၊ ဇာတ်ဆောင်တွေရယ်ကို ချစ်ပေးကြမယ်လို့ မျှော်လင့်မိပါတယ်။ နောက်တစ်ခု ကတော့ ကျမ ထည့်ပေးတဲ့ ပုံတွေအားလုံးဟာ Pinterest ကနေ ရှာထားပါ။ ဝါသနာအရ စာရေးတဲ့သူမို့လို့ Art work ပိုင်း သေချာမစီစဉ်ထားပါဘူး။ အာ့အတွက်တော့ ဖြည့်တွေးပေးကြဖို့ တောင်းဆိုချင်ပါတယ်။
YOU ARE READING
My Devoted One
Historical Fiction"စိန်ပန်းနီနီတွေကို တွေ့ရင်---လူတွေက နွေရာသီကိုသတိရတယ်တဲ့ ဒါပေမဲ့ ကိုယ်တော်ကတော့ စိန်ပန်းနီနီကို တွေ့တိုင်း မင်းကိုပဲ သတိရတယ် သူရကျော်စွာ---။" သူရကျော်စွာ(ရှိန်း) တကယ်ဆို ချစ်ရသူကို တစ်ဦးတည်း ပိုင်ဆိုင်ချင်ရုံလေးပါပဲ။ ထိုအရာက ခက်ခဲနေလွန်းသည်လား။ န...