အခန်း(၆) အခန္း(၆)

43 4 0
                                    


အခန်း(၆)

သူငယ်ချင်းဆိုသည်

မြို့ရိုးကို တူးသည့်နေရာသည် ကွင်းပြင်မို့ မျှော်စင်လောက် မြန်မြန်တူးမရ ထို့အပြင် နေခင်းဖက် နေပူသည့်အချိန်တွင်လည်း နားနေရသေးသည်မို့ ထင်သလောက် မတွင်ကျယ် သို့ပေမဲ့ ပုတီးစေ့များအပြင် မြေအိုး အပိုင်းအစ နှင့် အုပ်ခွက်ဘုရားတချို့ပါ တွေ့ရသည်။ အကိုဝဿန်ကတော့ ပြတိုက် အသေးလေး ဆောက်ကာ ပြသပေး မည်ဟု ပြောနေသည်။ ဘာလိုလိုနှင့် ရှိန်းတို့ ဒီရွာကို ရောက်နေသည်မှာ ၁ဝရက်နီးပါး ရှိနေလေပြီ။ အလုပ်လုပ်လိုက် အိပ်လိုက်နှင့်မို့ သိပ်မသိသာခြင်းပင်။ ရှိန်း၏ အိမ်မက်များသည်လည်း ငြိမ်နေလေသည်။ မနက်ပိုင်းဆို မြို့ရိုးနား၊ နေလည်ဆို နန်းမြင့်မျှော်စင်ကို ပြင်နေသော အကိုဝဿန်ကို ကူပေးသည်။ အလုပ်တအားများသလို ခံစားရပေမဲ့ ရှိန်းပျော်နေသည်တော့ အမှန်ပင်။ ၂ပတ်ကြာ ပြင်ဆင် အပြီးတွင်တော့ နန်းမြင့်မျှော်စင်၏ လှေကားထစ်များကို ပြင်ဆင်သည့် အဆင့်ကို ရောက်သွားသည်။ အစက မျှော်စင်၏ ကြံခိုင်ရေးကို စိတ်ပူခဲ့သော်လည်း ထင်ထားသည့်ထက်ပင် ပိုကြံခိုင်နေလေရာ အထဲပိုင်းသည် အုတ်များကို သရိုးပြန်ကိုင်ပေးရုံမျှဖြင့် အဆင်ပြေ သွားတော့သည်။

-------------------------------------------------------------------------------------------

ညနေတစောင်း ပြန်အလာတွင် ပန်းချီတယောက် သူတို့ဖော်ထားသော မြေစာပုံပေါ် ငုတ်တုတ်ကလေး ထိုင်နေသည်ကို တွေ့ရသည်မို့ ထူးဆန်းသွားသည်။ အခုရက်ပိုင်း အကိုဝဿန်သည်လည်း အလုပ်ထဲ စိတ်မပါသလို ဖြစ်နေသည်။ ရှိန်းလည်း ပန်းချီ အနားရောက်အောင် သွားလိုက်သည်။ ပန်းချီ က တိမ်တောက်နေသော လှပသည့် ကောင်းကင်ကြီးကို စိုက်ကြည့်ပြီး

"ရှိန်း လူတယောက်ကို ချစ်ဖူးလားဟင်---။"

"ဟင့်အင်---။"

တကယ်လည်း ရှိန်း လူတစ်ယောက်ကို နှစ်နှစ်ကာကာ မချစ်ဖူးတာမို့ ခေါင်းခါပြ လိုက်သည်။ အိမ်မက်ထဲက မြို့အရှင်ကတော့ ချွင်းချက်ပေါ့။

"ရှိန်းလည်း အကိုဝဿန်နဲ့ ငါနဲ့ အခြေနေကို အနည်းကျဉ်းတော့ သိမှာပါ----။"

My Devoted OneWhere stories live. Discover now