အခန်း(၁ဝ)
အတိတ်ဆီသို့
ရှိန်း ကားနောက်ခန်းတံခါးကို ဆွဲဖွင့်လိုက်တော့ အိတ်ထုတ်များကြားတွင် ကပ်ကပ်သပ်သပ်ထိုင်နေသော မိုးဦးနှင်းကို တွေ့လိုက်ရသည်။
"Morning ရှိန်း----။"
အိတ်ထုတ်များကြားမှ အပြုံးလေးနှင့် နှုတ်ဆက်နေသော မိုးဦးနှင်း။
"Sorry ရှိန်းရေ----အကို ဆရာတော်ဘုရားအတွက် လှူဖွယ်ပစ္စည်းတွေဝယ်တာ များသွားလို့----။"
ရှေ့ခန်းမှ အကို ဝဿန်က အားနာသံဖြင့်လှမ်းပြောသည်။ မိုးဦးနှင်း တစ်ယောက်တောင် မနည်းကြီး ထိုင်နေသည်မို့ ထိုကားပေါ် ရှိန်း တက်လိုက်ဖို့ရာ ဘယ်နည်းနှင့်မှ မဖြစ်နိုင်ပါလေ။
"ဒီလိုလုပ်လေ----ရှိန်းအတွက် အကို ဒါရိုက်ဘာ တစ်ယောက်ရှာပေးမယ်---။"
အကိုဝဿန်က ပြောရင်း ရှိန်း အနောက်ဖက်သို့ ကြည့်လိုက်သည်မို့ ရှိန်းလှည့်ကြည့်လိုက်တော့ ရှိန်းရှိရာသို့ လျှောက်လာသော အကို ချမ်းမင်းကို တွေ့လိုက်ရသည်။ ထို့နောက် ရှိန်းလည်း အကိုချမ်းမင်း ကားနှင့်သာလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။
ရှိန်း တစ်ယောက် ချမ်းမင်းကားပေါ်ရောက်သွားမှ မိုးဦးနှင်းတစ်ယောက် ဘေးရှိအထုတ်များကို နောက်ခန်းသို့ ပို့နေသည်။ ရှိန်း တစ်ယောက် ချမ်းမင်း ကားပေါ်ပါသွားရရေးအတွက် မိုးဦးနှင်းနှင့် ဝဿန်တို့တိုင်ပင်ကာ ကားနောက်ဖုံးထဲမှ အထုတ်များကို နေရာရွေ့ချထားခြင်းပင်။
"အပိုတွေလုပ်နေတယ်-----။"
ပန်းချီကမဲ့ရွဲ့ရင်းပြောသည်။ နောက်ခန်းမှ မိုးဦးနှင်းကတော့ ပင်ပန်းသွားဟန် နဖူးရှိချွေးများကိုသုတ်ရင်း
"နောက်ထပ် သင်္ဘောတစ်စင်းရဖို့ ဒီလောက်တော့ လောင်စာထည့်ရမှာပေါ့----။"
ကားရှေ့ခန်းတွင် ထိုင်နေသော ဝဿန်နှင့် ပန်းချီ ၂ယောက်ကတော့ မိုးဦးနှင်း ဘာကိုဆိုလိုချင်မှန်း နားမလည်နိုင်ပါလေ။ ရှိန်း တစ်ယောက် ချမ်းမင်းကားပေါ် စီးလိုက်သွားသည့်ကိစ္စနှင့် သင်္ဘာသည် မည်သို့သက်ဆိုင်မှန်း နားမလည်ပါလေ။
YOU ARE READING
My Devoted One
Historical Fiction"စိန်ပန်းနီနီတွေကို တွေ့ရင်---လူတွေက နွေရာသီကိုသတိရတယ်တဲ့ ဒါပေမဲ့ ကိုယ်တော်ကတော့ စိန်ပန်းနီနီကို တွေ့တိုင်း မင်းကိုပဲ သတိရတယ် သူရကျော်စွာ---။" သူရကျော်စွာ(ရှိန်း) တကယ်ဆို ချစ်ရသူကို တစ်ဦးတည်း ပိုင်ဆိုင်ချင်ရုံလေးပါပဲ။ ထိုအရာက ခက်ခဲနေလွန်းသည်လား။ န...