အခန်း(၇) အခန္း(၇)

52 5 1
                                    


အခန်း(၇)

ကောင်းကင်ယံမှ ငွေကြယ်များ

နှင်းဆွဲပေးသော ထိုလူ၏ ပုံတူသည် အရောင်ဘာညာ မထည့်ရသေးသောခဲပန်းချီ သာသာလေးသာ ဖြစ်သော်လည်း ထိုလူနှင့် တထေရာထဲ ကျလုနီးပါးပင်။ မျက်နှာ နှင့် ပခုံးထိသာ ဆွဲထားသော မြို့အရှင်သည်ကား ခဲပုံတူသည်ပင် ခန့်ညားလွန်းလှသည်။ ရှိန်း တယောက် မိုးဦးနှင်းကိုလည်း ချီးကျူးမိသလို ထိုလူ့ပုံလေးကိုလည်း မြတ်နိုးမိသည်။

ပုံတူလေး တစ်ပုံကိုပင် မြတ်မြတ်နိုးနိုးကြည့်နေသော ရှိန်းကြောင့် မိုးဦးနှင်း အံသြမိသွားသည်။ ရှိန်း ပုံစံက နူးနူးညံ့ညံ့လေးဆိုသော်ငြား၊ ကနွဲ့ကလျ ပုံစံလည်း မဟုတ်။ ယောက်ျားပီပီသသ နှင့်နူးနူးညံ့ညံ့ ပုံစံမျိုးဖြစ်သည်။ တနည်းပြောရလျှင် ရှိန်း ၏ယခု ပုံစံကို မမြင်ရခင်အထိ မိုးဦးနှင်းတစ်ယောက် ရှိန်းကို Straight တစ်ယောက် ဟုသာ တွေးထားခဲ့သည်။ အိမ်မက်ကိစ္စ နားထောင်ပြီးသည်အထိလည်း မတွေးမိသေး။ ယခုမူ သူရှေ့ရှိ ရှိန်း သည် ပုံတူလေးတစ်ခုကိုပင် ရွှန်းလဲ့နေသော မျက်လုံးဝိုင်းကြီးများ ဖြင်ြ့ကည့်နေသည်။ မြတ်နိုးလို့ပင်မဝ ဟူသည့် အကြည့်မျိုးပင်။ တကယ့်လူသာဆိုလျှင်။

"ရှိန်း----စိတ်တော့မရှိနဲ့နော်---တကယ်လို့လေ----အာ့ပုံတူထဲကလူကို ရှာတွေ့ခဲ့ရင်လေ----ရှိန်း ဘယ်လိုလုပ်မလဲဟင်----။"

ရှိန်း လည်း မိုးဦးနှင်း စကားကြောင့် တွေဝေသွားသည်။ 'တွေ့ဖူးချင်သည်' ဟု တွေးမိသော်လည်း 'တကယ်တမ်း တွေ့ကြရင်' ဆိုသည့် အတွေးမျိုးတော့ မတွေးဖူး။

"အမှန်တိုင်းပြောရရင် နှင်းပြောသလို မတွေးမိဖူးဘူး---ကျနော် အတွက်တော့ သူက အိမ်မက်ထဲကလူပဲ---အာ့ထက်တော့ မပိုဘူးထင်တာပဲ---။"

မိုးဦးနှင်း တစ်ယောက် ဆက်မမေးတော့သော်လည်း စိတ်ထဲတွင်တော့ မတင်မကျ ဖြစ်နေသည်။ ရှိန်း အိမ်မက်ထဲကလူ၏ မျက်နှာမျိုးကို သူမြင်ဖူးနေခဲ့သည်။ ဘယ်သူဟု အတိအကျတော့ ပြောမရ။ ဘယ်လိုပဲဖြစ်ဖြစ် ရှိန်းတယောက် ကွေးစပြုလာသည် ကိုတော့ မိုးဦးနှင်း ကျေနပ်မိသည်။ နူးနူးညံ့ညံ့နှင့် တစိမ့်စိမ့်ကြည့်လေ၊ ချောလေ ဖြစ်သော ရှိန်းကို ဘယ်ကောင်မလေး လက်ကိုမှ မိုးဦးနှင်း အပါမခံနိုင်။ ရုပ်ရည် ခပ်ဖြောင့်ဖြောင့်၊ ဘော်ဒီ ခပ်မိုက်မိုက် အကိုကြီး တစ်ယောက်လက်ထဲသာ ရှိန်းကို ထည့်ပေးနိုင်မည်။ အနည်းဆုံးတော့ လွမ်း မကျန်ခဲ့ဘူးပေါ့။ တွေးရင်း တွေးရင်း မိုးဦးနှင်းတယောက် ပြုံးဖြီးဖြီးကြီး ဖြစ်လာလေသည်။

My Devoted OneWhere stories live. Discover now