အခန်း(၄) အခန္း(၄)

35 3 0
                                    


အခန်း(၄)

ဒေါက်တာ ချမ်းမင်း

နောက်တနေ့ ရှိန်း ရုံးခန်း အရောက်၊ အကိုဝဿန်သည် ရှိန်း ကို ဆေးရုံသို့ တန်းခေါ် သွားကာ တကိုယ်လုံး ဆေးစစ်တော့သည်။ ရှိန်း တစ်ယောက် ထွက်ပြေး မတတ် ငြင်းသော်လည်း အတင်းခေါ်သွားစစ်လေသည်။ နောက်ဆုံး ထိုနေ့ တနေ့လုံး ဆေးရုံထဲမှာပင် အချိန် ကုန်သွားလေတော့သည်။ ညနေအရောက် ဆေးစစ်ချက် ထွက်လာလေသည်။ ရှိန်း စိတ်ထင် ဆေးစစ်ချက်သည် ထင်တာထက် မြန်နေသလိုပင်။'လူနာမှာ ဘာရောဂါမှ မရှိပါ။' ဟူသည့် အဖြေသာ ထွက်လာ လေသည်။ အကို ဝဿန် က အရင် တနေ့က ရှိန်း ဖြစ်ပုံကို ပြောပြလိုက်ရာ ဆေးစစ်ပေးသော ဆရာဝန်သည် အနည်းငယ် စဉ်းစားသွားသည်။

"ကိုဝဿန် ပြောသလို ဆိုရင်တော့---ကျနော်တို့ ဒေါက်တာ ချမ်းမင်း ကို စောင့်ဖို့ပဲ ရှိတယ်ဗျ---ဆေးစစ်ချက်တော့ ထွက်လာပေမဲ့ အနုစိတ် ကုထုံးကျ ဒေါက်တာက ပိုအဆင်ပြေလိမ့်မယ်---။"

အကို ဝဿန် သည် ကျေနပ်ပုံ မပေါ်သော်လည်း ၊ ခဏ ဖုန်းထွက်ပြော အပြီးမှာတော့ လက်ခံလိုက်သည်။ ဆေးစစ်ခ ဘာညာမေးတော့။ ရှိန်း တို့ Project ကို ထောက်ပံ့ပေးသူ ကပင် အကုန်ကျခံသွားကြောင်း ပြောသည်။ ရှိန်း တယောက် ဝမ်းလည်းသာသလို၊ တဖက်ကလည်း တအား အားနာသွားသည်။ ဒီနှစ်ပိုင်းထဲ ရှိန်း ကံဆိုးနေသည်လား၊ ကံကောင်းနေသည်လား မပြောတတ်တော့။

-------------------------------------------------------------------------------------------

ဒေါက်တာ ချမ်းမင်း ဟူသော နာမည်သည် အတော်လေး ရင်းနှီးနေသလို ခံစားရသည်။ ထို့ကြောင့် ရှိန်း ထမင်းစားရင်းမှ ရှိန်းအမေကို မေးကြည့်လိုက်ရာ

"သြော်---သားပြောတာ ခင်ခင်ရဲ့သားကို ပြောတာလား---သားငယ်ငယ်က အမေတို့ သူတို့ အိမ်ဘေးမှာ ခဏ နေဖူးသေးတယ်လေ--နောက်တော့မှ သား အဖေ အလုပ်နဲ့နီးတဲ့ ဒီခြံကို ပြောင်းလာခဲ့တာ---။"

ရှိန်း မှတ်ဉာဏ်ထဲတွင် ဖော်မရသည်မို့ ရှိန်း မျက်မှောင်ကုပ်ရင်း စဉ်းစားမိသည်။

"ဟိုတလောက ခင်ခင် ဖုန်းဆက်တုန်းကတော့ သူ့သားက အထူးကုဆရာဝန်ကြီး ဖြစ်နေပြီ ဆိုလားပဲ---။"

My Devoted OneWhere stories live. Discover now