အခန်း(၅)
အသစ် အသစ်သော
နန်းမြင့်မျှော်စင်ရှိရာ ရွာလေးသို့ ရှိန်း တို့ Team နောက်တခါ ထပ်သွား ဖြစ်လေသည်။ ဒီတခေါက်တော့ ရွက်ဖျင်တဲဘာညာ အစုံအလင်ဖြင့် သွားခြင်း ဖြစ်သည်။ နန်းမြင့်မျှော်စင် ရှိရာနေရာနှင့် ဘုန်းကြီးကျောင်းသည် အနည်းငယ်တော့ လှမ်းသည်မို့ မနက်ပိုင်း အချိန် များတွင် နန်းမြင့်မျှော်စင်နား တွင် ယာယီစခန်းချနေရန် ပြင်ဆင်ထားခြင်းပင်။ ရောက်ရောက်ခြင်း ဘုန်းကြီးကျောင်းထဲဝင်ကာ ကျောင်းတိုင်ဆရာတော်ကို ဦးချကြသည်။ ပြီးမှ ဆရာတော် နေခွင့်ပေးသည့် ဇရပ်ငယ်လေးဆီ သွား၍ ပစ္စည်း ဘာညာ နေရာချကြသည်။ ပေ၂ဝ ပတ်လည် သစ်သားဆောင်လေးဖြစ်ပြီး ပန်းချီ အရင်ကတည်းက နေနေသော အဆောင်မို့ ထွေထူးရှင်းရန်မလိုလေရာ ပစ္စည်းများ တန်းထားပြီး ပြီးသွားလေတော့သည်။ ထိုစဉ် အကိုဝဿန် ဖုန်းမြည်လာလေရာ အပြင်ထွက်ပြီးဖုန်းပြောနေလေသည်။
"ရှိန်းတို့ ရောက်နေပြီလား----။"
ပန်းချီ တစ်ယောက် ကင်မရာတစ်လုံးကို လက်တွင် ကိုင်ကာ ဝင်လာရင်း ရှိန်းကို လှမ်းမေးသည်။
"ဟုတ်တယ် ကျနော်တို့ထွက်လာတာ နည်းနည်းစောလို့----။"
"အကို ဝဿန်နဲ့ နှင်းရော----။"
"နှင်းကတော့ ကျောင်းထဲ ပတ်ကြည့်နေတယ်ထင်တယ် အကိုဝဿန်ကတော့ ခုနပဲ ဖုန်းပြောဖို့ ထွက်သွားတယ်---။"
"သြော်----ဒါနဲ့ ရှိန်းရော နေကောင်းသွားပြီလား----။"
"ကျနော် နေကောင်းသွားပါပြီ----။"
ပန်းချီက မေးလာသည်မို့ ပြန်ဖြေလိုက်သည်။
"ယဉ်ယဉ်ကျေးကျေးမပြောလည်း ရပါတယ်---ရွယ်တူတွေပဲဟာ---။"
ပန်းချီက ခေါင်းလေးကုတ်ရင်း ပြန်ဖြေသည်။
"ကျနော်က အဲ----ပန်းချီကို ငယ်မယ်ထင်တာ----။"
လူကောင်ခပ်သေးသေးနှင့် ပန်းချီကို ရှိလှ၂ဝဟုသာ ရှိန်း ထင်မိခဲ့သည်။
"နောက်ပြီး စိတ်တော့မရှိနဲ့နော်--ပန်းချီနာမည် ကြားကြားချင်း မိန်းကလေး ထင်ခဲ့တာ--။"
YOU ARE READING
My Devoted One
Ficțiune istorică"စိန်ပန်းနီနီတွေကို တွေ့ရင်---လူတွေက နွေရာသီကိုသတိရတယ်တဲ့ ဒါပေမဲ့ ကိုယ်တော်ကတော့ စိန်ပန်းနီနီကို တွေ့တိုင်း မင်းကိုပဲ သတိရတယ် သူရကျော်စွာ---။" သူရကျော်စွာ(ရှိန်း) တကယ်ဆို ချစ်ရသူကို တစ်ဦးတည်း ပိုင်ဆိုင်ချင်ရုံလေးပါပဲ။ ထိုအရာက ခက်ခဲနေလွန်းသည်လား။ န...