အခန်း(၂)
Mint(ရှိန်း)
"မင်း အလုပ်မလုပ်လဲ---အမေတို့ စားလောက်ပါတယ်---။"
ရှိန်းအမေက ထမင်းပွဲပြင်ပေးနေရင်း ခပ်ညည်းညည်း ပြောသည်။
"အမေရယ်---သားက အတွေ့အကြုံ လိုချင်လို့ပါ-----။"
ရှိန်းအမေက သက်ပြင်းချရင်း ချက်လက်စ ဟင်းအိုးဖက် ပြန်လှည့်သွားသည်။ ရှိန်းအမေ သည် အသက် ၂၅ကျော်ပြီ ဖြစ်သော ရှိန်းကို ကလေးပေါက်စလေးလို စိတ်မချ ဖြစ် နေတုန်းပင်။ ရှိန်းယူထားသော မေဂျာသည်လည်း ရှေးဟောင်းသုတေသန မို့ နယ်ဖက် ခရီးထွက် ရသည်မှာ အထူးဆန်းမဟုတ်သော်လည်း ရှိန်းအမေကတော့ သူ့သားသူ စိတ်မချနိုင်။ အလုပ်လျှောက်ဖို့ကိုပင် ရှိန်းတစ်ယောက် မနည်း နားချယူရသည်။ ခန့်ပြန်တော့လည်း မလွှတ်ချင်သည့်ပုံပင်။ရှိန်းအလွန် စိတ်အားထက်သန်နေ၍သာ ခွင့်ပြုပေးခြင်းပင်။
"သမီး မိန်းကလေး ဖြစ်လိုက်ပြီးရော--အိမ်ထဲမှာပဲ လှတပတလေး ထား ရတယ်---။"
ရှိန်းအမေ စကားကြောင့် ရှိန်း ပြုံးလိုက်မိသည်။ ရှိန်းအမေသည် သမီးမိန်းကလေး အရမ်း လိုချင်ခဲ့သည်။ ကိုယ်ဝန် ရှိစမှစ အင်္ဂလိပ် ဝတ္တု အဖတ်များသော ရှိန်းအမေသည် MinDe(မင်ဒီ) ဆိုသော နာမည်လှလှလေးကို ပေးထားခဲ့သည်။ အမေပြန်ပြောပြသည့် ပုံအရ ကိုယ်ဝန် လက္ခဏာများအတိုင်း ရှိန်းကို မမွေးခင်အထိ မိန်းကလေးဟုသာ ထင်ခဲ့သည်။ မွေးသည့်အခါတွင်တော့ ယောကျာ်းလေးတယောက် ဖြစ်နေခဲ့ရာ MinDe(မင်ဒီ) မှ Mint သို့ပြောင်းသွားပြီး မြန်မာလို ရှိန်း ဟု ပြောင်းမှည့် ပေးခဲ့သည်။ရှိန်းအသက် ၅နှစ်ထိ ရှိန်းအမေသည် ရှိန်း ကို မိန်းကလေးလို ပြင်ဆင်ပေး နေတုန်းပင်။ ထို့ကြောင့် ရှိန်း၏ ငယ်ဘဝ ဓာတ်ပုံများတွင် မိန်းကလေးဆန်ဆန် ဝတ်ထားသည့် ပုံများသည်။ ဖြူဖြူဖွေးဖွေး နှင့် မိန်းကလေးဆန်သော မျက်နှာပေါက် ကြောင့် ရှိန်း ငယ်စဉ်အခါက မိန်းကလေးနှင့်မခြား လှပလေသည်။ အသက်ကြီးမှ ရှိန်းအဖေ ကန့်ကွက်သောကြောင့် ရှိန်း မိန်းကလေးလို မဝတ်ရတော့ချေ။ လှပသော မျက်နှာပေါက်သည်လည်း ကြီးလာသည်နှင့် ယောကျ်ားဆန်ဆန် ချောမောသည့်ဖက် ရောက်သွားလေသည်။ရှိန်းကို မွေးပြီးနောက် ကလေးထပ်ယူ မရတော့သော ရှိန်းအမေကတော့ သမီး မိန်းကလေးကို တမ်းတနေတုန်းပင်။
YOU ARE READING
My Devoted One
Ficção Histórica"စိန်ပန်းနီနီတွေကို တွေ့ရင်---လူတွေက နွေရာသီကိုသတိရတယ်တဲ့ ဒါပေမဲ့ ကိုယ်တော်ကတော့ စိန်ပန်းနီနီကို တွေ့တိုင်း မင်းကိုပဲ သတိရတယ် သူရကျော်စွာ---။" သူရကျော်စွာ(ရှိန်း) တကယ်ဆို ချစ်ရသူကို တစ်ဦးတည်း ပိုင်ဆိုင်ချင်ရုံလေးပါပဲ။ ထိုအရာက ခက်ခဲနေလွန်းသည်လား။ န...