အခန်း(၈) 🚨
နန်းမြင့်မျှော်စင်ပေါ်ဝယ်
ရဲရဲနီအောင်ပွင့်နေသော စိန်ပန်းပင်ကြီးကို မျက်နှာမူရပ်နေသော မြို့အရှင်၏ နောက်ကျောကိုကြည့်ရင်း စစ်သူကြီး သူရကျော်စွာတယောက် စိတ်ဆိုးနေသလို၊ တဖက်ကလည်း ဝမ်းနည်းနေလေသည်။
"အာ့တော့ အရှင်က အာ့ဒီ့မိန်းမကို လက်ထက်မယ်ပေါ့----။"
"ငါကိုယ်တော်မှာ----တခြားရွေးစရာများရှိသေးလို့လား---။"
ချစ်ရသူသည် မိသားတစုနှင့် ဖြစ်သွားသည်ကို အပြင်လူ တစ်ယောက်လို ထိုင်ကြည့်နေရမည်လား။ ဝမ်းနည်းမှုကြောင့် စစ်ကြီးသူရကျော်စွာ တစ်ယောက် မျက်ရည်များဝဲလာမိသည်။ အရှင်ပေးထားသည့်ကတိကို နောက်ဆုံးတော့ မတည်နိုင်တော့ဘူးဘဲ။ 'မင်း ငါနဲ့လိုက်ခဲ့ရင် သူများပစ္စည်း လုဖို့မလိုတော့ဘူး' တဲ့လား။ စဉ်းစားကြည့်ရင်လည်း အစကတည်းက အရှင့်က ကျနော်မျိုးအပိုင်မှ မဟုတ်ခဲ့ဘဲ။ ကျနော်မျိုးကသာ အရှင့်ရဲ့မူပိုင် ဖြစ်နေခဲ့တာပဲ။ ကျခါနီးမျက်ရည်တွေကို မျက်တောင် မြန်မြန်ခတ်ပြီး သိမ်းပစ်လိုက်သည်။ ထို့နောက် စိန်ပန်း အကြွေများနှင့်ပြည့်နေသော မြေပြင်ပေါ်သို့ ဒူးထောက်ထိုင်ချလိုက်သည်။
"ကျနော်မျိုးကို ထွက်သွားခွင့်ပြုပါ----။"
သူဆီကြည့်လာသော အရှင့် မျက်လုံးတို့တွင် အံသြခြင်း အနည်းငယ်ပါလာသည်။ သူထွက်သွားလိမ့်မယ်လို့ အရှင် မတွေးမိဘူး ထင်ပါရဲ့။ ထို့နောက် အရှင်ပြုံးနေသည်။ ပြုံးနေသည့် အရှင့် မျက်လုံးတွေက မလှပဘဲ၊ တိုက်ပွဲတုန်းကလို ရဲရင့် ရက်စက်သည့် မျက်လုံးတွေနှင့်။
"လာကြစမ်း----။"
ရဲမက် ၁ဝယောက်လောက်သည် မြို့အရှင် အနားသို့ ချက်ချင်းရောက်လာသည်။
"စစ်သူကြီး သူရကျော်စွာကို နန်းမြင့်မျှော်စင်ပေါ်မှာ ချုပ်ထားလိုက်---ကိုယ်တော့် အမိန့်မပါဘဲ---ဘယ်သူမှ လွှတ်မပေးရဘူး---။"
ရဲမတ်များ၏ဆွဲခေါ်ရာနောက်သို့ စစ်သူကြီး ကျော်စွာတစ်ယောက် ပါသွား တော့သည်။ ရှိန်း တစ်ယောက် ကတော့ အိမ်မက်မှနိုးထဖို့သာ တွေးနေမိသည်။ ဒီခံစားချက်ကြီးက ရင်ထဲနင့်နေအောင်ခံစားနေရသည် မဟုတ်လား။ ရုတ်တရက် မှောင်မဲသွားသည်။
YOU ARE READING
My Devoted One
Historical Fiction"စိန်ပန်းနီနီတွေကို တွေ့ရင်---လူတွေက နွေရာသီကိုသတိရတယ်တဲ့ ဒါပေမဲ့ ကိုယ်တော်ကတော့ စိန်ပန်းနီနီကို တွေ့တိုင်း မင်းကိုပဲ သတိရတယ် သူရကျော်စွာ---။" သူရကျော်စွာ(ရှိန်း) တကယ်ဆို ချစ်ရသူကို တစ်ဦးတည်း ပိုင်ဆိုင်ချင်ရုံလေးပါပဲ။ ထိုအရာက ခက်ခဲနေလွန်းသည်လား။ န...