အခန်း(၃) အခန္း(၃)

46 3 0
                                    


အခန်း(၃)

နန်းမြင့်မျှော်စင်

ရှိန်းရှေ့သို့ ကားတစီး ထိုးရပ်လာသည်။ ကားမှန်ကို ချလိုက်တော့မှ မနေ့က အင်တာဗျူးသည့် အကို ဖြစ်နေသည်မို့ရှိန်းကားပေါ် တက်လိုက်သည်။

"မင်္ဂလာပါ အကို----။"

ရှိန်းနှုတ်ဆက်လိုက်ရာ ထိုအကို ကလည်း 'မင်္ဂလာပါ' ဟု ပြန်နှုတ်ဆက်သည်။

"သြော်---အကို မနေ့က လောလော လောလောနဲ့ မိတ်ဆက်ဖို့ မေ့သွားတယ်---အကို့နာမည်က ဝဿန်-- ရှိန်းထက်တော့ ၅နှစ်လောက်ကြီးမယ် ထင်တယ်---အနောက်ဖက် ကတော့ မိုးဦးနှင်းတဲ့ ရှိန်းနဲ့ ရွယ်တူလောက်ပဲ နောက် တယောက်ကတော့အရင်သွားနှင့်တယ် ပန်းချီတဲ့---ဟိုကျမှ မိတ်ဆက်ပေးမယ်---အကိုတို့ Team ကတော့ ဒီလောက်ပဲ---။"

အကိုဝဿန်တယောက် ကားမောင်းရင်း တဖက်မှလည်း မိတ်ဆက်ပေးနေသည်မို့ ရှိန်း သေချာ နားထောင်ကာ ခေါင်းညိမ့်ပြလိုက်သည်။

"နှင်း လို့ပဲ ခေါ်ပေါ့-----ဒါနဲ့ ရှိန်း မှာ ရည်စားရှိလားဟင်---။"

အနောက်ဖက်ထိုင်ခုံမှ ခေါင်းပြူကြည့်ရင်း မေးလာသော နှင်းကြောင့် ရှိန်း ကြောင်သွားရ သည်။

"နှင်း---စပ်စုလိုက်တာကွာ---။"

အကို ဝဿန်က လှမ်းဆူလိုက်ရာ နှင်းတယောက် ခေါင်းလေး ပုသွားသည်။

"Sorry ရှိန်း---ကိုယ့်ညီမလေးလို အလိုလိုက်ထားတော့--- နှင်းက ရဲတင်းနေတယ် နည်းနည်းတော့ သည်းခံပေး---။"

မိုးဦးနှင်း တယောက်ကတော့ မျက်နှာလေးပြုံးဖြီးဖြီးနှင့်ရှိန်းကို Lolly Pop တစ်ခု ကမ်းပေး လာသည်။ ရှိန်းလည်း ပြန်ပြုံးပြရင်း လှမ်းယူလိုက်သည်။

"ဒါနဲ့ အကို ဝဿန်---အခု Project ကြောင်း အကျဉ်းပဲ ဖြစ်ဖြစ် ပြောပြပေးလို့ ရမလား ကျနော်လည်း မနေ့က အချက်အလတ်တွေ တောင်းဖို့ မေ့သွားလို့---။"

"သြော်--- နှင်း ဆီမှာ အသေးစိတ် အချက်အလတ်တွေ ရှိတယ်---ရှိန်း ယူကြည့် ကြည့်လိုက်----။"

မိုးဦးနှင်း သည် Tablet တစ်လုံးကို ရှိန်ဆီ ထိုးပေးလာသည်။ရှိန်းလည်း စာကြည့် မျက်မှန် ထုတ်တပ်ကာ Tablet ထဲမှ အချက် အလတ်များကို သေချာ ကြည့်ရင်း ငြိမ်သက်စွာ လိုက်လာသည်။ မိုးဦးနှင်း တယောက် ကတော့ နားကြပ်တပ်ရင်း ဘေးနား မြင်ကွင်းများကို ကြည့်နေသည်။ တခါတရံ သီချင်း စာသား တချို့ကို ခပ်တိုးတိုးပင် လိုက်ညည်း နေသေး သည်။အကို ဝဿန်၏ ကားမောင်း ညင်သာမှုကြောင့် ကားသည် ညိမ့်ညိမ့်ညောင်းညောင်း ပင်သွားနေသည်။ ၂နာရီ လောက် အာရုံစိုက်ကြည့် အပြီးတွင်တော့ရှိန်းအနည်းငယ် မူးဝေလာမို့ မျက်လုံး ၂လုံးကြား နှာတံကို အနည်းငယ် ဖိနှိ်ပ်လိုက်သည်။

My Devoted OneWhere stories live. Discover now