Chapter 2. [ U ]

371 47 11
                                    

- မင်းက ယောက်ျားလေးတွေကို စိတ်ဝင်စားတာလား

သူမေးလိုက်တဲ့မေးခွန်းက ကျွန်တော့်အပေါ်  ခံစားချက်နှစ်မျိုး သက်ရောက်စေသည်။

ဒါ သူ ကျွန်တော့်ကို ပထမဆုံးပြောလာတဲ့စကားလည်းဖြစ်သလို... ကျွန်တော့်ကို အထင်သေးသလို မျက်လုံးတွေနဲ့ ခနဲ့သလိုပြောလာတဲ့စကားမျိုးလည်း ဖြစ်သည်။

- ဘာဖြစ်လို့ ဒီလိုမေးခွန်းမျိုး မေးရတာလဲ senpai?

ကျွန်တော် ဘာreactionမှမပြဘဲ သူ့မျက်လုံးတွေကို တည့်တည့်ကြည့်ကာ ပြန်မေးလိုက်တော့... သူ ချက်ချင်းပြန်မဖြေ။ ကျွန်တော့်လည်ပင်းပေါ်က တစ်နေရာကိုပဲ မမှိတ်မသုံ စိုက်ကြည့်နေတာမို့ ... ကြာတော့ ကိုယ့်ကိုကိုယ်တောင် မလုံမလဲဖြစ်လာရသည်။

- ဘာမှမဟုတ်တော့ဘူး

တစ်ခုခုကို နားလည်သွားသလိုမျိုးဖြင့် တစ်ခွန်းတည်းပြန်ပြောပြီး ထွက်သွားတဲ့သူကြောင့်.. ကျန်ရစ်ခဲ့တဲ့ Michiedaမှာ ခုမှအသက်ရှူချောင်သွားရတယ်။

*အရမ်း... အန္တရာယ်များလိုက်တာ*

ပြီးတော့ ခုနက kabedon (သူ့ကိုသွားမရအောင် ပိတ်တားလိုက်တာမျိုး)လုပ်ခံလိုက်ရတဲ့အချိန်တုန်းကဆို နှလုံးရောဂါရတော့မလို။ ရိုးရိုးတန်းတန်း စကားနဲ့ပြောလည်းရရဲ့သားနဲ့လေ။

မိတ်ဆက်တဲ့အချိန်တုန်းကလည်း သူတစ်ယောက်တည်း အရယ်အပြုံးမရှိ တည်တည်တံ့တံ့နဲ့ အုပ်စုထဲ၌ ကွဲထွက်နေတာကို Micchiသတိထားမိသည်။

နောက်ပြီး သူ့ကို "ယောက်ျားလေးတွေ စိတ်ဝင်စားတာလား"ဆိုပြီး ဘာလို့လာမေးရတာလဲ?
သူ့ပုံစံက Gayပုံပေါက်နေလို့လား?
တွေ့တွေ့ချင်း အဲ့လိုမေးတာမျိုးက ရိုင်းရာကျတယ်ဆိုတာ သူမသိ​ဘူးလား?
လူမှုရေးနားမလည်တတ်တဲ့ Senpai ဆိုပြီး တစ်ယောက်တည်း ပွတ်တွတ်ပွတ်တွက်ပြောရင်း Micchiတစ်ယောက် သူ့အဖွဲ့ရှိရာဆီ ထွက်လာခဲ့တော့သည်။

~~~~~~~~~~~~~

ဒီနေ့မှာ Groupလိုက် igမှာ Liveလွှင့်ပြီး သူတို့ Debut songကို Promotion ဆင်းဖို့ရှိတာကြောင့် buildingထဲ ရောက်နေကြသည်။

RelationshitWhere stories live. Discover now