Chapter 4. [ U ]

314 38 39
                                    

မျက်ခွံများလှုပ်၍ ဖြည်းညင်းစွာပွင့်လိုက်သော်လည်း စူးကနဲ ဝင်လာတဲ့ပြင်ပ အလင်းရောင်ကြောင့် ကျိန်းစပ်သွားသော သူ၏မျက်လုံးများ။ အရင်ဆုံးခံစားလိုက်ရသည်ကား တစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုမျိုး ထုံကျင်ကိုက်ခဲနေမှု။

*အာ... 8ပေအမြင့်ကနေ ပြုတ်ကျထားတာပဲ နည်းနည်းလေးလှုပ်တာနဲ့ နာနေတာ မထူးဆန်းတော့*

ဒါနဲ့ပဲ မျက်လုံးများ အလင်းရောင်နဲ့ကျင့်သားရပြီဆိုတော့မှ မဝံ့မရဲဖွင့်ကြည့်လိုက်တော့... ဘေးတွင် ပစ္စည်းတွေ နေရာချထားရေးလုပ်နေတဲ့ သူ့Managerတစ်ယောက်သာ တွေ့သည်။

Managerကို မခေါ်သေးဘဲ .. ကိုယ့်ခန္ဓာကိုယ်တစ်ခုလုံးကို အရင်checkလုပ်လိုက်တော့... ညာဘက်လက်ကို လည်ပင်းသိုင်းလျက် ကျောက်ပတ်တီးစည်းထားပြီး ညာဘက်ခြေထောက်မှာလည်း ပတ်တီးအဖွေးသားနဲ့။ ပြီးတော့ နေရာတချို့မှာ ပွန်းရာ၊ပဲ့ရာတွေကြောင့် ဆေးထည့်ထားတာကို တွေ့လိုက်ရသည်။

မှန်ပြတင်းပေါက်အပြင်ဘက်ကို မျက်နှာမူလိုက်တော့ ဒီနှစ်ရဲ့ပထမဆုံးနှင်းကျခြင်းက သူ့မြင်ကွင်းထဲ လှလှပပ။

နောက်ဆုံးတစ်ခု သတိထားမိသည်ကား အကောင်းအတိုင်းဖြစ်နေဆဲ သူ၏ဘယ်ဘက်လက်ဖဝါး၌ ထူးထူးဆန်းဆန်း ပူနွေးနေတဲ့ခံစားမှု။

ဆောင်းရာသီရောက်ပြီဆို သူ့လက်တွေဟာ အမြဲအေးစက်နေတတ်တဲ့အကျင့်ရှိတာ။ တော်ရုံ အအေးဓာတ်ရတယ်ခံစားရတာနဲ့သူ့လက်ထိပ်လေးတွေဟာ ရေခဲတုံးအလား။ ဘယ်လောက်ပူနွေးအောင်လုပ်လုပ် တစ်ခဏတာပဲ ခံသည်။

အခုက အချိန်တစ်ခုထိကြာအောင် ပူနွေးနေဆဲ အနေအထားကြောင့် သူသတိထားမိလိုက်ခြင်း။ ထို့ကြောင့် ဘယ်ဘက်လက်ကို သူ့ရှေ့တည့်တည့် ထောင်လိုက်ကာ ထူးဆန်းစွာ ကြည့်နေခိုက်...

- Micchiiiiii!!!!!

တံခါးဆွဲဖွင့်သံအတူ အော်ငိုရင်း ရောက်ချလာသူကား သူ၏နှစ်ယောက်မရှိတဲ့ Koji nii-chan
အသံဘယ်လောက်အောင်သလဲဆို.. သူ့အော်သံကြောင့် လက်ကိုကြည့်နေတဲ့ Micchi ဆက်ကနဲတုန်တက်သွားရသည်အထိ။

- ကျွန်တော်မသေသေးပါဘူး Koji nii-chanရာ...

လန့်သွား၍ ရင်ဘတ်လေး ဖိကာပြောလာတဲ့ သူ့စကားကြောင့် Kojiရော Managerပါ.. ကပျာကယာ အနားရောက်လာကြတယ်

RelationshitWhere stories live. Discover now