- ကျွန်တော်တို့အချင်းချင်း တွေ့ဖို့ကို တားမြစ်တယ်တဲ့လား? Senpai/Kōhai အနေနဲ့ စကားစမြည်ပြောဖို့ကိုတောင် မရတော့ဘူးပေါ့? ....... အဲ့ဒါ မဟုတ်ဘူးမလား? haha... Senpai မနောက်နဲ့နော်.. မနောက်ပါနဲ့ ကျွန်တော့်ကို!
ခပ်ဟဟပျက်ရယ်ပြုရင်း အခုထက်ထိ မယုံနိုင်သေးတဲ့သနားစရာကောင်လေးဟာ မျက်ရည်တွေဝဲနေလေရဲ့။
Senior-Junior Relationshipအနေနဲ့တောင် ခင်မင်ခွင့် မရတော့တာလား? ရေရေရာရာ ဘာမဟုတ်တဲ့ Dating Newsဆိုတဲ့ခေါင်းစဉ်အောက်.. ဒီလောက်ထိ ဖြစ်ပျက်သွားခဲ့လိမ့်မယ်လို့ ထင်မထားခဲ့တာအမှန်။
- ကျွန်တော် လက်မခံနိုင်ဘူး
ခပ်ပြတ်ပြတ်ပြောကာ ထိုင်ရာမှ ထရပ်လိုက်သည့် Micchi ကြောင့်.. Meguroပါ အလန့်တကြား ထရပ်လိုက်ကာ ကောင်လေးရဲ့လက်သီးဆုပ်လေးတွေကို ဆွဲယူလိုက်တော့ အေးစက်ပြီး တုန်ယင်နေတာကို ခံစားလိုက်ရသည်။
- ဘာလို့လဲ? ဘာလို့ ကျွန်တော်တို့မှလဲ?!!
- Micchiရယ်....
ဂရုဏာသက်စွာ ခေါ်လိုက်ရင်း ကောင်လေးကို သူ့ရဲ့ခပ်နွေးနွေးရင်ခွင်ကျယ်ထဲ ဆွဲသွင်းစေလိုက်တော့.. ဖျော့တော့စွာ အလိုက်အသင့်လေး ပါလာသည်။
*ဒီကလေးက ခုမှတက်သစ်စ newbie.. ပိုပြီးအောင်မြင်ရအုံးမယ်.. အမြင့်ကို ပိုပြီးပျံသန်းရအုံးမယ်.. ကိုယ့်ထက်တောင် ပိုပြီးတောက်ပရအုံးမယ်လေ..*
ဒီကောင်လေးက ခုမှ debutပြီးလို့ တစ်နှစ်တောင်မပြည့်သေးဘူး။ Idolဖြစ်လာဖို့ ဘယ်လောက်တောင် နှစ်တွေအကြာကြီးပေးဆပ်ပြီး ပင်ပင်ပန်းပန်းကြိုးစားထားရလဲ.. သူ ကောင်းကောင်းကြီးနားလည်တယ်။
ဆယ်ကျော်သက်အရွယ်မို့ တစ်ခုခုဆို စိတ်မြန်ကိုယ်မြန် ထိခိုက်လွယ်တဲ့ Micchiရဲ့စိတ်ကို ဖြေလျှော့ပေးဖို့ကိုပဲ Meguro ကြိုးစားမိတော့တယ်။
- ကိုယ် ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ပုဒ် ပြောပြမယ်.. 1996ခုနှစ်လောက်တုန်းက Johnny's မှာရှိခဲ့တဲ့ boy idolနှစ်ယောက်လည်း Dating Newsထွက်ခဲ့ဖူးတယ်လို့ ကြားဖူးတယ်.. တကယ်လည်း သူတို့နှစ်ယောက်က လျို့ဝှက်တွဲနေကြတာ.. အဲ့အချိန်တုန်းကလည်း အထက်လူကြီးတွေက Agency နာမည်ပျက်မှာစိုးလို့ သူတို့ကို အဆက်အသွယ်ဖြတ်ခိုင်းပြီး ဝေးကွာစေခဲ့တယ်... ကိုယ်တို့လိုပေါ့။ အဲ့အချိန်တုန်းက ဒီလမ်းစဉ်က အလုပ်ဖြစ်တော့ အခု ကိုယ်တို့အလှည့်မှာ ထပ်အသုံးချလိုက်တာလို့ ထင်တယ်
YOU ARE READING
Relationshit
FanficMeguro Ren x Michieda Shunsuke Mini Fan-fiction • Written in Burmese 🚫DO NOT ALLOW SCREENSHOTS OR REUPLOAD‼️