•• Before you read this chapter, I recommended for you guys start to listen Snow Man - 360m ••「 Relationshit ⧫ Chapter 5 」
⌁ Meguro's Point of View ⌁————4 Years Ago————
- Moshi Moshi Iwamoto-san
- Moshi Moshi Meme.. Tokyo ကို ဘယ်နေ့ပြန်လာမှာလဲ?
- ကျွန်တော် မနက်ဖြန် မနက်ရထားနဲ့ ပြန်လာမယ်ဗျ
- Sou ka.. မြန်မြန်ပြန်လာဖို့ကို လောခိုင်းရလို့ အားနာတယ်ကွာ ဒီအပတ်ထဲ အဖွဲ့Dedut တော့မှာဆိုတော့ scheduleတွေလည်း ထွက်လာပြီ
Snow Manဆိုတဲ့အဖွဲ့နာမည်နဲ့ Debutဖို့အတွက် သူတို့9ယောက် မအားလပ်ရအောင် ကြိုးစားလေ့ကျင့် ပြင်ဆင်နေချိန်မှာပဲ Otou-san(အဖေ)ရဲ့အလုပ်က ရုတ်တရက်Osakaကိုပြောင်းဖို့ ဖြစ်လာခဲ့တော့.. အိမ်ပြောင်းတာတွေ ကိစ္စအဝဝ Meguro ဝိုင်းကူပေးရသည်။
Debutတော့မယ်လို့ Agencyက အတည်ပြုစာချုပ်ချုပ်ပြီးကတည်းက 9ယောက်လုံးကို Dormတစ်ခုထဲနေဖို့ စီစဉ်ပေးတာကြောင့် Meguro အတွက်က စိတ်ပူစရာမရှိ။
ဒါနဲ့ပဲ Osakaကို ရောက်နေတာနှစ်ရက်ပင်ရှိပြီ။ အရွှေ့အပြောင်းကိစ္စတွေ လက်စသတ်ပြီး.. နက်ဖြန်တော့ Tokyoကို အမြန်ပြန်မှဖြစ်မည်။ သူ့ကြောင့် အဖွဲ့ဝင်တွေ staffတွေအကုန်လုံး အလုပ်ကိစ္စနှောင့်နှေးကြန့်ကြာသွားမှာကို Meguro မလိုချင်ပါ။
ညနေရောက်တော့ အိမ်အသစ်မှာလိုအပ်တဲ့ စားစရာတွေ၊အသီးတွေ ထွက်ဝယ်ပြီးပြန်အလာ.. Drinks Vending-Machineတစ်ခုမှာ သူသောက်နေကျ Yogurtစက္ကူအအေးဗူးကို တွေ့၍ ဝယ်မလို့ပြင်နေချိန် အဖွဲ့ရဲ့Leaderဖြစ်သူ Iwamotoဆီကနေ ဖုန်းဝင်လာ၍ ပြောနေခြင်းဖြစ်သည်။
- Hai.. မနက်ဖြန် မနက်အစောဆုံးရထားနဲ့ ကျွန်တော်ပြန်လာခဲ့ပါမယ်
ထို့နောက် ဖုန်းပြောခြင်းပြီးဆုံးသွားကာ... သောက်မယ့်အအေးဗူးကိုနှိပ်လိုက်တော့ အောက်ကအကန့်ထဲသို့ ချက်ချင်းကျလာသည်။
ထွက်လာတဲ့ပိုက်ဆံအအမ်းကို ယူပြီး အအေးဗူးယူနေစဉ်.. အနောက်နားက ခေါ်သံတစ်ခုကြောင့် လှည့်အကြည့်... မထင်မှတ်စွာ တစ်သက်မှာတစ်ခါမှမလုပ်ခံရဖူးတဲ့ kabedonလုပ်ခြင်းကို ရုတ်တရက် ခံလိုက်ရ၍ Meguro လန့်သွားရသည်။
YOU ARE READING
Relationshit
FanfictionMeguro Ren x Michieda Shunsuke Mini Fan-fiction • Written in Burmese 🚫DO NOT ALLOW SCREENSHOTS OR REUPLOAD‼️