Chapter 7.🔞 [ Z ]

171 5 6
                                    

•• ⚠️ ဒီ Chapter တစ်ဝက်လောက်မှာ Adult scene 18+ ပါတာမို့လို့ မနှစ်မြို့၊မသတီတဲ့ MemeMicchi readersများအတွက် ကြိုပြီး WARNING ပေးပါတယ်။ MemeMicchiတို့ကို အဲ့လိုsceneနဲ့ တွဲမြင်မဖတ်ချင်ဘူးဆို ကျော်သွားဖို့ အကြံပေးပါရစေ။ စိတ်ထဲဘယ်လိုမှမနေဘူး အဆင်ပြေတယ်ဆိုရင်တော့ ဖတ်ဖို့Welcomeပါ။ စာဖတ်သူတို့ စိတ်ကြိုက်ရွေးချယ်လို့ရပါတယ်။ အကယ်၍ ဖတ်မယ်လို့ ဆုံးဖြတ်ထားတဲ့သူတွေအတွက် PLEASE READ WITH YOUR OWN RISK ⚠️ ••

Relationshit Chapter 7

- မင်း ဒီကို ဘာလာလုပ်တာလဲ Rio

Michiedaရှေ့မှာမို့ ဒေါသထွက်ချင်တာကို မြိုသိပ်ထားရင်း မေးလာပုံကြောင့် Rio ကျေနပ်စွာ လက်ခုပ်ထ,တီးတယ်။

- Subarashii-ne~~ Nii-chanရဲ့သတင်းတွေကို သေချာအောင် လာကြည့်တာပါ... အစက ကျွန်တော့်နားဖြင့်ကြားတုန်းကတော့ မယုံနိုင်သေးဘူး အခု မျက်မြင်တွေ့မှပဲ Wow!! ကျွန်တော့်လိုပါပဲလားဆိုပြီး အံ့ဩမိသွားရုံလေး... အဟက်... ... တကယ်ပဲလား

ခနဲ့တည့်တည့်ပြောနေရင်း တန်းလန်း.. နောက်ဆက်တွဲ "တကယ်ပဲလား"ဆိုတဲ့မေးခွန်းကိုကျ... သူ့နောက်မှာ ရပ်နေတဲ့Michiedaဆီ စိုက်ကြည့်ရင်း တည်ငြိမ်စွာ မေးလိုက်တဲ့Rio

ချက်ချင်း မကောင်းတဲ့အငွေ့အသက်တွေ ရလိုက်တာကြောင့် ဒေါသတွေထောင်းကနဲ ထွက်လာကာ... *သူ့ကို ထိဖို့တော့လုံးဝမစဉ်းစားနဲ့* ဆိုတဲ့အကြည့်တွေ စူးရဲစွာ Meguro ပို့မိတော့ .. *ဒါတော့ မပြောနိုင်ဘူးလေ အဟက်*ဆိုတဲ့ Rioရဲ့တန်ပြန်အကြည့်တွေကို ရလိုက်တယ်။

မိန်းကလေးဝတ်စုံ ဂါဝန်အပြာလေးနဲ့ Michiedaကတော့.. ထိုနှစ်ယောက်သား အသံတိတ်တိုက်ပွဲ မျက်လုံးချင်းစကားပြောနေကြတာကို နားမလည်စွာ... ဟိုဖက်ဒီဖက် လိုက်ကြည့်ရင်း ကြောင်အမ်းအမ်း ဖြစ်နေရှာသည်။

Meguro လက်ထဲက သူ့လက်ကောက်ဝတ်သေးသေးလေးကိုလည်း ငုံ့ကြည့်လိုက်ကာ ထွက်သွားလို့လည်းမရတာကြောင့်.. အခုပုံစံက ဘာလုပ်လို့ လုပ်ရမှန်းမသိ။

- ညသန်းခေါင်လည်း ကျော်နေပြီဆိုတော့.. ဒီလောက်နဲ့ပဲ အတည်ပြုပြီး ပြန်လိုက်တော့မယ်.. Michieda-kun နောက်မှ တွေ့ကြမယ်နော်

RelationshitWhere stories live. Discover now