ဒီနေ့ Michiedaတစ်ယောက် အလုပ်တစ်ခုပြီးလို့ Dromကို ပြန်လာအနားယူပြီး နောက်scheduleအတွက် ပြန်ထွက်ဖို့ပြင်ရသည်။
Agencyက သူတို့အဖွဲ့အတွက် ကားတစ်စီး ပေးထားတာကြောင့်.. ထိုကားမလာသေးခင် memberတွေအတွက် သောက်စရာတစ်ခုခု ယူသွားမယ် စိတ်ကူးလိုက်သည်။
member တွေက office buildingမှာ အရင်ရောက်နှင့်နေခဲ့ကြပြီး Micchiက ခုမှ လိုက်သွားရမည်ဖြစ်တာကြောင့်.. သူတို့အတွက် ကျန်းမားရေးနဲ့ညီညွတ်တဲ့ Chamomile Teaကို ဖျော်သွားဖို့ဆိုပြီး Dormထဲရှိ မီးဖိုချောင်ထဲ၌ အလုပ်ရှုပ်နေလေရဲ့။
ပြီးနောက် Chamomile ရရင် memberတွေရဲ့ ကိုယ်ပိုင်ဗူးလေးတွေထဲ သီးသန့် ခွဲထည့်ပေးဖို့ လုပ်ရသည်။ Managerရော သူ့အတွက်ပါပါတော့... ရှစ်ယောက်စာ ကွက်တိပင်။
အပူထိန်းပေးတဲ့ ရောင်စုံbottleလေးတွေထဲ ခွဲထည့်နေတုန်း အပြင်ဘက်မှ ကားတွန်းတီးသံကြားတာကြောင့် သူ့Managerလာခေါ်နေပြီဆိုတာ သိလိုက်၍ ဗူးလေးတွေကို လုံအောင် ပိတ်ပြီး.. လေးထောင့်ခြင်းလေးထဲ အစီအရီထောင်ထည့်လိုက်ကာ သေချာသယ်ပြီး Dormမှ ထွက်လာခဲ့သည်။
Buildingရှေ့ရောက်တော့ ကားပေါ်မှ ဆင်းကာ... ဗူးလေးတွေထည့်ထားတဲ့ခြင်းကိုဆွဲပြီး အထဲဝင်လာလာချင်း.. Hallထဲမှ Meguro senpaiနဲ့တွေ့သည်။
ဘောင်းဘီအိတ်ထောင်ထဲ လက်တစ်ဖက်ထည့်ကာ ဟန်ကျကျ ရပ်နေတဲ့ All Blackနဲ့ Senpaiပုံစံက အရမ်းမိုက်တယ်ဟု အဝေးကနေMichiတွေးမိလိုက်သည်။
အလုပ်ကိုယ်စီ ရှုပ်နေတာကြောင့် သူနဲ့ Meguro senpaiမတွေ့တာ တစ်လလောက်တော့ရှိပြီထင်တယ်.. ဖုန်းနံပါတ်တောင်းပြီးကတည်းက သူ့ဆီ တစ်ခါမှအဆက်အသွယ်လုပ်တာလည်း မရှိ--ရှိ
*အမ် နေပါအုံး.. ငါက ဘာလို့သူဆက်သွယ်မှာကို မျှော်လင့်သလိုအထာဖမ်းနေရတာလဲ Shunsuke အသိစိတ်ဝင်စမ်း! ဘာတွေတွေးနေတာလဲ တကယ်ပါပဲ*
ခေါင်းကိုခါယမ်းကာ သူ့ကိုယ်သူ အသံတိတ်သတိပေးလိုက်သည်။
အခု Meguro senpaiကလည်း သူဝင်လာတာကို ကြည့်နေသည်မို့.. နှုတ်ဆက်မှ သင့်တော်မည်မလား။ အတူလိုက်လာတဲ့ Managerကတော့ သူတို့နှုတ်ဆက်မယ်ဆိုတာသိလို့ Micchiကို ထားခဲ့ပြီး.. memberတွေရှိရာအထပ်သို့ သွားနှင့်လေပြီ။
![](https://img.wattpad.com/cover/292805423-288-k393129.jpg)
YOU ARE READING
Relationshit
FanfictionMeguro Ren x Michieda Shunsuke Mini Fan-fiction • Written in Burmese 🚫DO NOT ALLOW SCREENSHOTS OR REUPLOAD‼️