Chapter 1. [ Z ]

159 4 0
                                    

- Hahaha မင်းရှုံးပြီ Michieda

- ငါတို့ Michieda-kun အတွက် ပြစ်ဒဏ်ကို ဘာပေးရင်ကောင်းမလဲ

- ငါသိပြီ Fukumoto-san... သူ့ကိုဒီလို ¥*^£+*@&$@@#%

- ဟာ... Suzuki-kun!! မင်းကွာ ဒါကြီးတော့ ငါ-ငါမလုပ်နိုင်ဘူးနော် မလုပ်ဘူးပဲ.. တခြားဟာ ခိုင်း!

ကြားလိုက်ရတဲ့ပြစ်ဒဏ်အမျိုးအစားကြောင့် Micchiအသေအလဲ ငြင်းမိသည်။

ဟုတ်ပါတယ်။ ညနေပိုင်း ကျောင်းဆင်းချိန်မို့ သူရယ် Suzukiရယ် Fukumotoရယ် အတူတူခြေလျင်လျှောက်ရင်း အိမ်ပြန်ကြရာလမ်းတွင် စုံစွမ်စိ(ကျောက်တုံး၊စာရွက်၊ကပ်ကြေး)ကစားကြရာမှ ... Michiedaရှုံး၍ Suzukiပြောလာတဲ့ ပြစ်ဒဏ်က "မသိတဲ့ သူစိမ်းတစ်ယောက်ကို သဘောကျကြောင်းဖွင့်ပြောရမည်"ဆိုတဲ့ challenge မျိုး ဖြစ်နေသည်။

- ဘာဖြစ်လို့တုန်း

- ဟ.. မင်းမေကြီးတော် ငါမသိတဲ့လူတစ်ယောက်ကို ဖွင့်ပြောခိုင်းတာကြီးကျ မလွန်လွန်းဘူးလား! ပြီးတော့ ဖွင့်ပြောတယ်ဆိုတာ ကလေးကစားစရာမဟုတ်ဘူး အခန့်မသင့်ရင် တစ်ဖက်လူက နားလည်မှုလွဲသွားနိုင်တယ်

ဒီကောင် ပေါက်ကရတွေ လုပ်ခိုင်းဖို့ဆို ဦးနှောက်က သိပ်ပြေးတာ

- Suzukiရဲ့ challengeကို Fukumoto-sanလည်း သဘောမတူဘူးဟုတ်?

Micchiသည် ထိုchallengeကို လုံးဝမလုပ်ချင်၍ မိန်းကလေးသူငယ်ချင်းဖြစ်သူ Fukumotoကို စစ်ကူခေါ်လိုက်သော်လည်း...

- Gomen Michieda-kun.. ငါလည်း နင်ဖွင့်ပြောမယ့်ပုံစံကို မြင်ချင်တာကြာပြီ

*သေပါလေရော* ဒင်းတို့နှစ်ယောက်ပေါင်းပြီး ငါ့ကို ရက်စက်နေကြတာ ဘယ်လိုတွေတောင်။

Michiedaတစ်ယောက် မိုးပြိုတော့မည့်မျက်နှာဖြင့် အကြပ်ရိုက်နေစဉ်...

- ကဲပါ... အချိန်မရှိဘူး ဟော..ဟိုးရှေ့မှာတွေ့လား? Drinks Vending-Machineနားမှာ ရပ်နေတဲ့ တစ်ယောက်ကို

အနီးနားတစ်ဝိုက်က ကြုံရာကျပန်းလူတစ်ယောက်ကို Suzukiညွှန်ပြနေ၍ Micchiလှမ်းကြည့်မိလိုက်တယ်

- တွေ့တယ်လေ... ဘာဖြစ်လဲ?

- အေး မင်းဖွင့်ပြောရမှာ သူ့ကို

RelationshitWhere stories live. Discover now