Chapter 6. [ Z ]

142 6 0
                                    

- ဆိုတော့ကား... အဲ့တုန်းက ငါတို့ "ကျောက်တုံး၊စာရွက်၊ကတ်ကြေး" ကစားကြရင်း ရှုံးလို့ မင်းဖွင့်ပြောခဲ့တဲ့လူက Snow Manအဖွဲ့ဝင် Meguro Renဖြစ်နေခဲ့တာပေါ့? ဒါ ဘယ်လိုတောင် တိုက်ဆိုင်မှုကြီးလဲ?!

မနေ့ညက ဖြစ်သွားတဲ့ကိစ္စကိုပြန်ပြောပြတော့ Suzuki Jinက သူ့ရှေ့ကို Shoyu Ramen တစ်ပွဲချပေးရင်း တအံ့တဩ ပြောလာတယ်။

- အေး... ငါလည်း မယုံနိုင်ဘူး ဒါပေမဲ့ တကယ်ကြီး ဖြစ်နေတယ်

ရှေ့တွင်ရောက်လာတဲ့ ပူပူနွေးနွေး Remanပန်းကန်ကိုသာ Michieda တွေတွေလေး ကြည့်နေတယ်။

ဒီနေ့နေ့လည် Tokyo ပြန်ရတော့မှာဖြစ်တာကြောင့် မပြန်ခင်လေး မနက်ပိုင်းမှာ Suzukiရဲ့ Ramenဆိုင်ကို သတိတရ ဝင်လာခဲ့ခြင်းပင်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ဒီနေ့နေ့လည် Tokyo ပြန်ရတော့မှာဖြစ်တာကြောင့် မပြန်ခင်လေး မနက်ပိုင်းမှာ Suzukiရဲ့ Ramenဆိုင်ကို သတိတရ ဝင်လာခဲ့ခြင်းပင်။

- ရှေ့လျှောက် ငါဘယ်လို သူ့ကိုရင်ဆိုင်ရမှန်းမသိဘူးဖြစ်နေတယ်

- အမှန်အတိုင်း သေချာရှင်းပြလိုက်လေ.. အဲ့တုန်းက ကျွန်တော်တို့သူငယ်ချင်းတွေ ကစားကြရင်း ရှုံးလို့ challenge အနေနဲ့ လုပ်ခဲ့ရတာပါဆိုပြီးတော့

- ငါမရှင်းပြချင်ဘူးကွာ~ ငါ ကလေးဆန်ခဲ့တာတွေ၊မထော်မနှမ်းလုပ်ခဲ့တာတွေကို သူ့ကိုမပြောပြချင်ဘူး

- ဪ...ဟုတ်လား? Japanရဲ့ top 10 စာရင်းဝင် popular idol Michieda Shunsuke ဆီမှာ ဒီလိုမထော်မနှမ်းလုပ်ခဲ့တာမျိုး ရှိပါလားဆိုတာကို မင်းရဲ့Renလူကြီးကို ပေးမသိစေချင်ဘူးပေါ့.. Sou sou~

- what the f***! ဘာကို"ငါ့ရဲ့Renလူကြီး"လဲ? ငါ့လက်သီးစာကို လွမ်းတာလား?

- ဒါဆို Ramenပန်းကန် ပြန်သိမ်းပြီ

*ဖက်!!*

- ငါစားအုံးမှာ!

ရုတ်တရက် ပန်းကန်လုံးကို ဆွဲယူလိုက်တဲ့Suzukiလက်ကို ဖက်ကနဲ့ လှမ်းရိုက်လိုက်ပြီး.. သူ့ဘက်ကို ပြန်ဆွဲကာ နဂါးမျက်စောင်းထိုးရင်း ခေါက်ဆွဲကို အသားကုန်သွပ်နေလေရဲ့။

RelationshitWhere stories live. Discover now