- ဒုတ် ဒုတ်....ဒုတ် ဒုတ်....ဒုတ် ဒုတ်....ဒုတ် ဒုတ်....
*ဘယ်ကအသံလည်းမသိဘူး အရမ်းကျယ်တာပဲ..*
နားနဲ့နီးနီးကပ်ကပ်ကို ကြားနေရသည်မို့.. Micchi မျက်ခွံလေးတွေ လှုပ်လာပြီး ဖွင့်ကြည့်ဖို့ကြိုးစားလိုက်တယ်။
အနီးကပ်မြင်လိုက်သည်ကား လူတစ်ယောက်ရဲ့ကြီးမားတဲ့ရင်ဘတ်ကျယ်ကြီးထဲ မျက်နှာအပ်ထားလျက်။ ပြီးတော့ ထိုလူက သူ့ကိုရင်ခွင်ထဲ ထည့်ကာ သိုင်းဖက်ထားသည့်အနေအထား။
ချက်ချင်းအပေါ်ကို မော့ကြည့်မိတော့ နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ Meguro senpaiကို တွေ့သည်။ ဒါဆို သူ့ကိုနှိုးလာစေတဲ့ ခုနက အသံတွေက senpaiရဲ့ပုံမှန်ခုန်နေတဲ့ ရင်ဘတ်ထဲရှိ နှလုံးသားဆီကဆိုတာ သိလိုက်သည်။
ဒါပေမဲ့ တစ်ခါမှ မတွေးကြည့်ဖူးတဲ့ Senpaiရဲ့စည်းချက်ညီညီ နှလုံးခုန်သံကို ကြားမိတော့လည်း.. ဘာလို့လည်းမသိ စိတ်ထဲ နှစ်ခြိုက်သဘောကျမိသည်ကား အမှန်။
သေသပ်လှတဲ့ မျက်နှာအစိတ်အပိုင်းတစ်ခုချင်းကို တစိမ့်စိမ့်ကြည့်နေတုန်း စုချွန်သယောင် Senpaiနှုတ်ခမ်းထိပ်မှ သူ့လက်ချက်ကြောင့် အက်ကွဲရာကို တွေ့တော့.. မနေ့ညက အဖြစ်အပျက်တွေ မျက်လုံးထဲမြင်ယောင်လာပြီးနောက် မျက်နှာမှာ ပူထူသွား၍ ခေါင်းကို ချက်ချင်း ပြန်ငုံ့လိုက်တော့သည်။
*ရင်တွေခုန်လွန်းလို့ ဒုက္ခပါပဲ*
မနေ့ညက သူနဲ့senpai နှစ်နှစ်ကာကာ နမ်းနေခဲ့ကြတယ်ဆိုတာကို ခုချိန်ထိမယုံနိုင်သေး။ တစ်ညတည်းနဲ့ အဲ့ဒီလောက်တောင် ဖြစ်ပျက်သွားခဲ့တာလား ပြီးတော့ senpaiအပေါ် သူရဲ့စိတ်ခံစားချက်တွေက... ....။
ထိုစဉ် မျက်နှာချင်းဆိုင် တည့်တည့်ရှိ ထိုလူရဲ့ရင်ဘတ်က ကုတ်ရာအစင်းတချို့ကို တွေ့လိုက်ရတော့... သူ့လက်ချောင်းလေးတွေဖြင့် အသာတို့ထိမိသည်။ ဒါ သူ့ကြောင့် ဖြစ်ရတာမလား။ တွေးတာမမှားရင်... Senpaiနောက်ကျောမှာလည်း ဒီ့ထက် ပိုများကောင်း များလိမ့်မည်။
သူ့ခန္ဓာကိုယ်ကို ပြန်ကြည့်မိတော့.. ရင်ဘတ်နဲ့ဗိုက်သားပေါ်တွင် hickey ဗလပွနဲ့၊ nippleတွေဆို စုပ်ကိုက်ခံထားရတာကြောင့် ကိုက်ရာအကွင်းလိုက်ကြီး ထင်းကျန်ခဲ့ပြီး နီရဲတွတ်လို့။

YOU ARE READING
Relationshit
FanfictionMeguro Ren x Michieda Shunsuke Mini Fan-fiction • Written in Burmese 🚫DO NOT ALLOW SCREENSHOTS OR REUPLOAD‼️